ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳး ေရးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္း ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ျပည္နယ္/ခ႐ိုင္/ၿမိဳ႕နယ္ ပါတီေကာ္မတီဝင္မ်ားႏွင့္ ေတြ႕ဆုံ

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳး ေရးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္း ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ျပည္နယ္/ခ႐ိုင္/ၿမိဳ႕နယ္ ပါတီေကာ္မတီဝင္မ်ားႏွင့္ ေတြ႕ဆုံ
==========================
က်ိဳင္းတုံ ဇြန္ ၃၀

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဒုတိယဥကၠ႒ ဦးလွထြန္းသည္ (၃၀-၆-၂၀၂၅) ရက္ေန႔က က်ိဳင္းတုံၿမိဳ႕ရွိ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ျပည္နယ္ ပါတီ႐ုံးခန္းမ၌ ျပည္နယ္ /ခ႐ိုင္/ၿမိဳ႕နယ္ပါတီ ေကာ္မတီဝင္မ်ားႏွင့္ သြားေရာက္ ေတြ႕ဆုံခဲ့ပါသည္။

ပါတီဒုတိယဥကၠ႒ ဦးလွထြန္း မွ အဖြင့္အမွာစကားေျပာၾကားရာတြင္ ပါတီ၏ စည္း႐ုံးေရးဆိုင္ရာ ကိစၥရပ္မ်ား၊ေဒသဖြံ႕ၿဖိဳးတိုးတက္ ေရးဆိုင္ရာ ကူညီေဆာင္႐ြက္ေပးႏိုင္ေရး ကိစၥရပ္မ်ားႏွင့္ ပါတီ၏ စည္းကမ္းပိုင္းဆိုင္ရာ ကိစၥရပ္မ်ားကို ေဆြးေႏြးမွာၾကားပါသည္။

ဆက္လက္၍ ခ႐ိုင္/ၿမိဳ႕နယ္ ဥကၠ႒မ်ားမွ မိမိတို႔ေဒသ၏ ပါတီပိုင္းဆိုင္ရာ ေဆာင္႐ြက္ေနမႈ အေျခအေနမ်ားကို လည္းေကာင္း၊ျပည္နယ္ေကာ္မတီဝင္မ်ားမွ မိမိတို႔ က႑အလိုက္ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ေနမႈအေျခအေနမ်ားကို လည္းေကာင္း အသီးသီး ရွင္းလင္းတင္ျပၾကပါသည္။

တင္ျပမႈမ်ားအေပၚ ျပည္နယ္ ပါတီ ဥကၠ႒ ေဒါက္တာလင္းေဇာ္ထြန္း ထပ္မံျဖည့္စြက္၍ ရွင္းလင္းတင္ျပၿပီး ဒုတိယဥကၠ႒ ဦးလွထြန္းမွ ေပါင္းစပ္ညႇိႏႈိင္း ေဆာင္႐ြက္ ေပးခဲ့ပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်/ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ
==========================
ကျိုင်းတုံ ဇွန် ၃၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် (၃၀-၆-၂၀၂၅) ရက်နေ့က ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ် ပါတီရုံးခန်းမ၌ ပြည်နယ် /ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များနှင့် သွားရောက် တွေ့ဆုံခဲ့ပါသည်။

ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း မှ အဖွင့်အမှာစကားပြောကြားရာတွင် ပါတီ၏ စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များ၊ဒေသဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များနှင့် ပါတီ၏ စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ခရိုင်/မြို့နယ် ဥက္ကဋ္ဌများမှ မိမိတို့ဒေသ၏ ပါတီပိုင်းဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ပြည်နယ်ကော်မတီဝင်များမှ မိမိတို့ ကဏ္ဍအလိုက် အကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြပါသည်။

တင်ပြမှုများအပေါ် ပြည်နယ် ပါတီ ဥက္ကဋ္ဌ ဒေါက်တာလင်းဇော်ထွန်း ထပ်မံဖြည့်စွက်၍ ရှင်းလင်းတင်ပြပြီး ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။