
==========================
တာချီလိတ် ဇွန် ၂၉





ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် နှင့် မိုင်းဖြတ် ခရိုင်/မြို့နယ်ရုံးများသို့ ကြည့်ရှုစစ်ဆေး
==========================
တာချီလိတ် ဇွန် ၂၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌ ဦးလှထွန်းသည် ဗဟိုအလုပ်အမှုဆောင်
ဦးတင့်လှိုင်မြင့် ၊ ရှမ်းပြည်နယ်( အရှေ့ပိုင်း) ပြည်နယ် ပါတီ ဥက္ကဋ္ဌ ဒေါက်တာလင်းဇော်ထွန်း တို့ လိုက်ပါလျက် (၂၉-၆-၂၀၂၅) ရက်နေ့ နံနက်ပိုင်းကတာချီလိတ်မြို့ရှိ ခရိုင်/မြို့နယ် ပါတီ ရုံးများသို့ သွား ရောက်ပြီး ပါတီ ကော်မတီဝင်များနှင့် သွား ရောက် တွေ့ဆုံခဲ့ပါသည်။

ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း မှ ခရိုင်/မြို့နယ် ပါတီဝင်များအား ရွေးကောက်ပွဲ အောင်နိုင် ရေး ဆိုင်ရာ ကိစ္စများအား ရှင်းလင်း ပြောကြားခဲ့ပြီးစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။ထို့နောက် ဒုတိယဥက္ကဋ္ဌ မှ ခရိုင်/မြို့နယ် ရုံးအဆောက်အဦ များအားလှည့်လည်ကြည့်ရှူ စစ်ဆေးခဲ့ပါသည်။

ညနေပိုင်းတွင် ပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း နှင့် အဖွဲ့သည် မိုင်းဖြတ်မြို့သို့ ရောက်ရှိပြီး ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံကာ ပါတီရုံး အဆောက်အဦများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။