အယ္လ္နာဆာနဲ႔ သက္တမ္းတိုးမယ့္ စီေရာ္နယ္လ္ဒို

အယ္လ္နာဆာနဲ႔ သက္တမ္းတိုးမယ့္ စီေရာ္နယ္လ္ဒို
=========================
ေပၚတူဂီတိုက္စစ္မႉး စီေရာ္နယ္လ္ဒိုဟာ အယ္လ္နာဆာအသင္းနဲ႔ သက္တမ္းတိုးဖို႔ နီးစပ္ေနၿပီလို႔ ေဆာ္ဒီသတင္းရင္းျမစ္ေတြက ေဖာ္ျပခဲ့ပါတယ္။

အသက္(၄၀)ရွိၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒိုဟာ အခု ဇြန္လကုန္ရင္ အယ္လ္နာဆာအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာပါ။

စီေရာ္နယ္လ္ဒိုက ၂၀၂၃ ဇန္နဝါရီမွာ အယ္လ္နာဆီအသင္းနဲ႔ စတင္လက္တြဲခဲ့ၿပီး ေဘာလုံးေလာကမွာ လစာအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနသူပါ။

စီေရာ္နယ္လ္ဒိုက ေဆာ္ဒီပ႐ိုလိဂ္ရာသီ ၿပီးဆုံးသြားခ်ိန္မွာ အယ္လ္နာဆာအသင္းနဲ႔ အခန္းက႑ ၿပီးဆုံးသြားၿပီဆိုတဲ့ အဓိပၸာယ္မ်ိဳး ေရးသားခဲ့ေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ သက္တမ္းတိုးဖို႔ နီးစပ္ေနၿပီလို႔ သတင္းထြက္လာခဲ့တာျဖစ္ပါတယ္။

ၾကားကာလအတြင္း တျခားကလပ္အသင္းမ်ားစြာက ကမ္းလွမ္းခဲ့ေပမဲ့လည္း စီေရာ္နယ္လ္ဒိုက ပယ္ခ်ခဲ့ၿပီး ေဆာ္ဒီလိဂ္မွာပဲ ဆက္ကစားဖို႔ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

အယ္လ္နာဆာအသင္းဟာ မေန႔ကပဲ အီတလီနည္းျပ ပီအိုလီနဲ႔ လမ္းခြဲခဲ့ၿပီး နည္းျပသစ္ ခန႔္အပ္ဖို႔ ရွာေဖြေနတယ္လို႔လည္း သိရပါတယ္။


အယ်လ်နာဆာနဲ့ သက်တမ်းတိုးမယ့် စီရော်နယ်လ်ဒို
=========================
ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ သက်တမ်းတိုးဖို့ နီးစပ်နေပြီလို့ ဆော်ဒီသတင်းရင်းမြစ်တွေက ဖော်ပြခဲ့ပါတယ်။

အသက်(၄၀)ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ အခု ဇွန်လကုန်ရင် အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။

စီရော်နယ်လ်ဒိုက ၂၀၂၃ ဇန်နဝါရီမှာ အယ်လ်နာဆီအသင်းနဲ့ စတင်လက်တွဲခဲ့ပြီး ဘောလုံးလောကမှာ လစာအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူပါ။

စီရော်နယ်လ်ဒိုက ဆော်ဒီပရိုလိဂ်ရာသီ ပြီးဆုံးသွားချိန်မှာ အယ်လ်နာဆာအသင်းနဲ့ အခန်းကဏ္ဍ ပြီးဆုံးသွားပြီဆိုတဲ့ အဓိပ္ပာယ်မျိုး ရေးသားခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ သက်တမ်းတိုးဖို့ နီးစပ်နေပြီလို့ သတင်းထွက်လာခဲ့တာဖြစ်ပါတယ်။

ကြားကာလအတွင်း တခြားကလပ်အသင်းများစွာက ကမ်းလှမ်းခဲ့ပေမဲ့လည်း စီရော်နယ်လ်ဒိုက ပယ်ချခဲ့ပြီး ဆော်ဒီလိဂ်မှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အယ်လ်နာဆာအသင်းဟာ မနေ့ကပဲ အီတလီနည်းပြ ပီအိုလီနဲ့ လမ်းခွဲခဲ့ပြီး နည်းပြသစ် ခန့်အပ်ဖို့ ရှာဖွေနေတယ်လို့လည်း သိရပါတယ်။