
==========================
ရန်ကုန် ဇွန် ၂၅




ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်း ရန်ကုန်တိုင်း သာသနာ့ နုဂ္ဂဟအဖွဲ့နှင့် တွေ့ဆုံ အားပေးစကားပြောကြား
==========================
ရန်ကုန် ဇွန် ၂၅

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဒေါက်တာသန်းထွန်း သည်
တိုင်းပါတီကော်မတီဝင်ဦးနေဝင်းနှင့် ဒေါ်ဇာခြည်လင်းတို့လိုက်ပါလျှက်(၂၅.၆.၂၀၂၅) နေ့ တွင်
ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိရန်ကုန်တိုင်းသာသန့ာနုဂ္ဂဟအဖွဲ့နှင့်တွေ့ဆုံကာဘာသာရေး၊သာသနာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှုအခြေအနေများအားမေမြန်းအားပေးစကားများပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းသာသနာ့နုဂ္ဂဟအဖွဲ့မှ ဥက္ကဋ္ဌ ဦးနေရှိုင်းနှင့် ဒုတိယဥက္ကဌများ၊ ကော်မတီအဖွဲ့များ စုစုပေါင်း ၃၀ဦးခန့် တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး တိုင်းသာသနာ့နုဂ္ဂဟအဖွဲ့အနေဖြင့် လာမည့် ဇူလိုင်လတွင် ကျင်းပပြုလုပ်မည့် ဓမ္မစကြာဝတ်ရွတ်ပြိုင်ပွဲအတွက် စီစဥ်ထားရှိမှုများအား တင်ပြဆွေးနွေးခဲ့ကြပြီး ပါတီဗဟိုအတွင်းရေးမှူးမှလည်း အများအကျိုးဆောင်ရွက်လျက်ရှိနေကြသည့် သာသနာရေးဆိုင်ရာ ထွန်းကားပြန့်ပွားရေးဆောင်ရွက်နေကြသူများအား လေးစားအားပေးပါကြောင်း ပြန်လည်ပြောကြားပြီးတိုင်း သာသနာ့ နုဂ္ဂဟအဖွဲ့လိုအပ်သလိုအသုံးပြုနိုင်ရန်အလှူငွေပေးအပ်လှူဒါန်းခဲ့ပါသည်။