႐ိုးမရိပ္သာတန္ဖိုးနည္းအိမ္ရာမွ တိုက္ခန္းဝယ္ယူခြင့္ရရွိသူမ်ား ဇြန္လ ၂၆ရက္ႏွင့္ ၂၈ရက္တို႔မွာ မဲႏႈိက္ေ႐ြးခ်ယ္မည္
႐ိုးမရိပ္သာတန္ဖိုးနည္းအိမ္ရာမွ တိုက္ခန္းဝယ္ယူခြင့္ရရွိသူမ်ား ဇြန္လ ၂၆ရက္ႏွင့္ ၂၈ရက္တို႔မွာ မဲႏႈိက္ေ႐ြးခ်ယ္မည္
======================
႐ိုးမရိပ္သာတန္ဖိုးနည္းအိမ္ရာမွ တိုက္ခန္းဝယ္ယူခြင့္ရရွိသူမ်ား တိုက္ခန္းေနရာအတြက္ ဇြန္လ ၂၆ ရက္ႏွင့္ ၂၈ ရက္တို႔တြင္ မဲႏႈိက္ရမည္ျဖစ္ေၾကာင္း ၿမိဳ႕ျပႏွင့္အိုးအိမ္ဖြံ႕ၿဖိဳး ေရးဦးစီးဌာနမွ အသိေပးထားသည္။ ႐ိုးမရိပ္သာတန္ဖိုးနည္း အိမ္ရာမွ တိုက္ခန္းမ်ားကို ေငြလက္ငင္းအေၾကေပးသြင္းျခင္းႏွင့္ သုံးလအတြင္း အရစ္က်ေပးသြင္းႏိုင္သူ မ်ားအားေရာင္းခ် ေပးရန္အတြက္ ေဖေဖာ္ဝါရီလ ၂၁ ရက္အထိ ေလွ်ာက္လႊာမ်ား ေရာင္းခ်ေပးခဲ့ျခင္းျဖစ္ပါတယ္။
အခုလိုေရာင္းခ်ေပးခဲ့ရာ ေလွ်ာက္လႊာဝယ္ယူသူ ၃၀,၀၀၀ ေက်ာ္ရွိတဲ့အနက္ ၂၈,၀၀၀ ေက်ာ္ခန႔္က အခန္းဝယ္ယူရန္ ေလွ်ာက္လႊာျပန္လည္တင္ျပခဲ့ၿပီး ေကာ္မတီမွစိစစ္ၿပီး သတ္မွတ္ခ်က္ႏွင့္ ကိုက္ညီမႈမရွိေသာ ေလွ်ာက္လႊာမ်ားကို ပယ္ဖ်က္ၿပီး၊ သတ္မွတ္ခ်က္ကိုက္ညီေသာ ေလွ်ာက္လႊာ ၂၂,၂၄၆ ေစာင္ကို ဇြန္လ ၂၀ ရက္မွာ မဲႏႈိက္ေ႐ြးခ်ယ္ ခဲ့ၿပီးျဖစ္ပါတယ္။
မဲႏႈိက္ေ႐ြးခ်ယ္ခဲ့ၿပီး တိုက္ခန္းဝယ္ယူခြင့္ရရွိသူမ်ား တိုက္ခန္းေနရာ မဲႏႈိက္ေ႐ြးခ်ယ္ျခင္းကို ရန္ကုန္တိုင္းေဒသႀကီး ဗိုလ္တေထာင္ၿမိဳ႕နယ္ ဗိုလ္ခ်ဳပ္လမ္း ၿမိဳ႕ျပႏွင့္ အိမ္ရာ ဖြံၿဖိဳးေရးဦးစီးဌာန ဒုတိယထပ္အစည္းအေဝးခန္းမႀကီးမွာ ဇြန္လ ၂၆ နံနက္ ၉ နာရီခြဲတြင္ အၿငိမ္းစားဝန္ထမ္းမ်ား၊ ေန႔လယ္ ၁ နာရီတြင္ ျပည္သူမ်ားႏွင့္ ဇြန္လ ၂၈ ရက္ နံနက္ ၉ နာရီခြဲတြင္ ဝန္ထမ္းမ်ားအတြက္ မဲႏႈိက္ရမွာျဖစ္ပါတယ္။
တိုက္ခန္းဝယ္ယူခြင့္ မဲေပါက္သူမ်ားအေနနဲ႔ တိုက္ခန္းေနရာ မဲႏႈိက္ေ႐ြးခ်ယ္ျခင္းကို ကိုယ္တိုင္မဲႏႈိက္သြားရမွာ ျဖစ္ၿပီး ဇြန္လ ၂၄ ရက္ မွစတင္ၿပီး တစ္ဦးခ်င္းဆက္သြယ္ အေၾကာင္းၾကားသြားမည္ျဖစ္ေၾကာင္း အသိေပးထားပါတယ္။
ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္ရွိ ႐ိုးမရိပ္သာတန္ဖိုးနည္းအိမ္ရာမွ ေရာင္းခ်ေပးမည့္ တိုက္ခန္းမ်ားမွာ ၆ ခန္းတြဲ ၄ ထပ္တိုက္၊ တိုက္အမွတ္ (၅၈၊ ၆၀၊ ၆၁၊ ၆၂၊ ၆၄၊ ၆၅၊ ၆၆၊ ၆၇)တို႔ရွိ အခန္းအက်ယ္ စတုရန္းေပ ၄၆၈ ေပရွိေသာ တိုက္ခန္းမ်ားႏွင့္ ၁၂ ခန္းတြဲ ၄ ထပ္တိုက္၊ တိုက္အမွတ္ (၄၀၊ ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၉၊ ၅၀) တို႔ရွိ အခန္းအက်ယ္ စတုရန္းေပ ၃၂၄ ေပရွိေသာ အခန္းမ်ားျဖစ္ေၾကာင္း သိရပါတယ္။
အဆိုပါေရာင္းခ်ေပးမည့္ ႐ိုးမရိပ္သာတန္ဖိုးနည္းအိမ္ရာမွ တိုက္ခန္း မ်ားရဲ႕ေဈးႏႈန္းမ်ားမွာ အခန္းအက်ယ္ႏွင့္ အထပ္အနိမ့္အျမင့္အေပၚမူတည္ကာ တစ္ခန္းလွ်င္ က်ပ္ ၁၂၅ သိန္းမွ က်ပ္သိန္း ၃၂၀ အထိရွိေၾကာင္း သိရပါတယ္။
ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းဝယ်ယူခွင့်ရရှိသူများ ဇွန်လ ၂၆ရက်နှင့် ၂၈ရက်တို့မှာ မဲနှိုက်ရွေးချယ်မည်
======================
ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းဝယ်ယူခွင့်ရရှိသူများ တိုက်ခန်းနေရာအတွက် ဇွန်လ ၂၆ ရက်နှင့် ၂၈ ရက်တို့တွင် မဲနှိုက်ရမည်ဖြစ်ကြောင်း မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ အသိပေးထားသည်။ ရိုးမရိပ်သာတန်ဖိုးနည်း အိမ်ရာမှ တိုက်ခန်းများကို ငွေလက်ငင်းအကြေပေးသွင်းခြင်းနှင့် သုံးလအတွင်း အရစ်ကျပေးသွင်းနိုင်သူ များအားရောင်းချ ပေးရန်အတွက် ဖေဖော်ဝါရီလ ၂၁ ရက်အထိ လျှောက်လွှာများ ရောင်းချပေးခဲ့ခြင်းဖြစ်ပါတယ်။
အခုလိုရောင်းချပေးခဲ့ရာ လျှောက်လွှာဝယ်ယူသူ ၃၀,၀၀၀ ကျော်ရှိတဲ့အနက် ၂၈,၀၀၀ ကျော်ခန့်က အခန်းဝယ်ယူရန် လျှောက်လွှာပြန်လည်တင်ပြခဲ့ပြီး ကော်မတီမှစိစစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသော လျှောက်လွှာများကို ပယ်ဖျက်ပြီး၊ သတ်မှတ်ချက်ကိုက်ညီသော လျှောက်လွှာ ၂၂,၂၄၆ စောင်ကို ဇွန်လ ၂၀ ရက်မှာ မဲနှိုက်ရွေးချယ် ခဲ့ပြီးဖြစ်ပါတယ်။
မဲနှိုက်ရွေးချယ်ခဲ့ပြီး တိုက်ခန်းဝယ်ယူခွင့်ရရှိသူများ တိုက်ခန်းနေရာ မဲနှိုက်ရွေးချယ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်လမ်း မြို့ပြနှင့် အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာန ဒုတိယထပ်အစည်းအဝေးခန်းမကြီးမှာ ဇွန်လ ၂၆ နံနက် ၉ နာရီခွဲတွင် အငြိမ်းစားဝန်ထမ်းများ၊ နေ့လယ် ၁ နာရီတွင် ပြည်သူများနှင့် ဇွန်လ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် ဝန်ထမ်းများအတွက် မဲနှိုက်ရမှာဖြစ်ပါတယ်။
တိုက်ခန်းဝယ်ယူခွင့် မဲပေါက်သူများအနေနဲ့ တိုက်ခန်းနေရာ မဲနှိုက်ရွေးချယ်ခြင်းကို ကိုယ်တိုင်မဲနှိုက်သွားရမှာ ဖြစ်ပြီး ဇွန်လ ၂၄ ရက် မှစတင်ပြီး တစ်ဦးချင်းဆက်သွယ် အကြောင်းကြားသွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ ရောင်းချပေးမည့် တိုက်ခန်းများမှာ ၆ ခန်းတွဲ ၄ ထပ်တိုက်၊ တိုက်အမှတ် (၅၈၊ ၆၀၊ ၆၁၊ ၆၂၊ ၆၄၊ ၆၅၊ ၆၆၊ ၆၇)တို့ရှိ အခန်းအကျယ် စတုရန်းပေ ၄၆၈ ပေရှိသော တိုက်ခန်းများနှင့် ၁၂ ခန်းတွဲ ၄ ထပ်တိုက်၊ တိုက်အမှတ် (၄၀၊ ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၉၊ ၅၀) တို့ရှိ အခန်းအကျယ် စတုရန်းပေ ၃၂၄ ပေရှိသော အခန်းများဖြစ်ကြောင်း သိရပါတယ်။
အဆိုပါရောင်းချပေးမည့် ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်း များရဲ့ဈေးနှုန်းများမှာ အခန်းအကျယ်နှင့် အထပ်အနိမ့်အမြင့်အပေါ်မူတည်ကာ တစ်ခန်းလျှင် ကျပ် ၁၂၅ သိန်းမှ ကျပ်သိန်း ၃၂၀ အထိရှိကြောင်း သိရပါတယ်။