အေမရိကန္တြင္ အီရန္န်ဴကလီးယားစက္႐ုံမ်ားအား တိုက္ခိုက္မႈအေပၚ ဆန႔္က်င္ကန႔္ကြက္သည့္ ဆႏၵ ေဖာ္ထုတ္ပြဲမ်ားျဖစ္ပြား

အေမရိကန္တြင္ အီရန္န်ဴကလီးယားစက္႐ုံမ်ားအား တိုက္ခိုက္မႈအေပၚ ဆန႔္က်င္ကန႔္ကြက္သည့္ ဆႏၵ ေဖာ္ထုတ္ပြဲမ်ားျဖစ္ပြား
=============================
အီရန္န်ဴကလီးယားစက္႐ုံမ်ားအား အေမရိကန္တိုက္ခိုက္မႈမ်ားႏွင့္ပတ္သက္၍ ဆန႔္က်င္ကန႔္ကြက္သည့္ ဆႏၵ ေဖာ္ထုတ္ပြဲမ်ားကို နယူးေယာက္၊ ဝါရွင္တန္ဒီစီႏွင့္ ႏိုင္ငံအႏွံ႔အျပားတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

နယူးေယာက္ ၿမိဳ႕ရွိ တိုင္းစ္စကြဲတြင္ အီရန္အေပၚ စစ္ဆင္ႏႊဲျခင္းမွ ရပ္တန႔္ရန္ႏွင့္ အီရန္၏ျပည္တြင္းေရးတြင္ ဝင္ေရာက္စြက္ဖက္ျခင္း မျပဳရန္ ဆႏၵေဖာ္ထုတ္သူမ်ားက ေတာင္းဆိုခဲ့သည္။

အိမ္ျဖဴေတာ္၏ျပင္ပႏွင့္ ႏိုင္ငံအတြင္းရွိ ၿမိဳ႕ ၁၅ ၿမိဳ႕တြင္ အလားတူ ဆႏၵေဖာ္ထုတ္မႈမ်ား ျဖစ္ပြားခဲ့သည္။ အေမရိကန္သမၼတထရမ့္၏ က်ိဳးေၾကာင္းဆီေလ်ာ္မႈကင္းစြာ အီရန္ န်ဴကလီးယားစက္႐ုံ မ်ားအား ဗုံးႀကဲတိုက္ခိုက္ျခင္းသည္ စစ္ရာဇဝတ္မႈျဖစ္ၿပီး ကုလသမဂၢပဋိညာဥ္ပါ ျပ႒ာန္းခ်က္မ်ား ႏွင့္ႏိုင္ငံတကာဥပေဒအပါအဝင္ အေမရိကန္ႏိုင္ငံ၏အေျခခံဥပေဒကို ခ်ိဳးေဖာက္ျခင္း ျဖစ္ကာ ၎တိုက္ခိုက္မႈမွ တစ္ဆင့္ ေဒသတြင္းႏွင့္ကမာၻစစ္ကို ျဖစ္ပြားေစႏိုင္သည္ဟု ဆႏၵေဖာ္ထုတ္သူမ်ားက ဆိုရွယ္မီဒီယာပို႔စ္တစ္ခုတြင္ ေျပာၾကားသည္။

အေမရိကန္ႏွင့္အစၥေရးတို႔အေနျဖင့္ အီရန္ႏိုင္ငံအား တိုက္ခိုက္ေနမႈကို ခ်က္ခ်င္းရပ္တန႔္ရန္ မိမိတို႔ ေတာင္းဆို ေၾကာင္း ဆႏၵေဖာ္ထုတ္သူမ်ားက ေျပာၾကားသည္။ အီရန္အား စစ္ေရးအရ တိုက္ခိုက္ျခင္းကို ထရမ့္က ကြန္ဂရက္၏ ခြင့္ျပဳခ်က္ရယူျခင္းမရွိဘဲ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ကာ ၎တိုက္ခိုက္မႈေၾကာင့္ အီရန္၏ လက္တုံ႔ျပန္မႈမ်ားကို ခံရႏိုင္ ေၾကာင္း ဆႏၵေဖာ္ထုတ္သူမ်ားက ေျပာၾကားသည္။

အေမရိကန္ႏိုင္ငံသားမ်ားသည္ ႏိုင္ငံအတြင္း က်န္းမာေရး၊ ပညာေရးႏွင့္ အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အစိုးရက ရန္ပုံေငြမ်ားေထာက္ပံ့ျခင္းကို လိုလား ေသာ္လည္း ထရမ့္ ႏွင့္အေပါင္းပါမ်ားသည္ ကမာၻတြင္ စစ္ပြဲျဖစ္ပြားျခင္းကိုသာ လိုလားေနၾကေၾကာင္းႏွင့္ ယခုပဋိပကၡ ကို သံတမန္နည္းလမ္းျဖင့္အေျဖရွာျခင္းကသာ အေကာင္းဆုံးျဖစ္သည္ဟု ဆႏၵေဖာ္ ထုတ္သူ တစ္ဦး က ေျပာၾကား သည္ ဟု ဆင္ဟြာသတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။


အမေရိကန်တွင် အီရန်နျူကလီးယားစက်ရုံများအား တိုက်ခိုက်မှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒ ဖော်ထုတ်ပွဲများဖြစ်ပွား
=============================
အီရန်နျူကလီးယားစက်ရုံများအား အမေရိကန်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒ ဖော်ထုတ်ပွဲများကို နယူးယောက်၊ ဝါရှင်တန်ဒီစီနှင့် နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နယူးယောက် မြို့ရှိ တိုင်းစ်စကွဲတွင် အီရန်အပေါ် စစ်ဆင်နွှဲခြင်းမှ ရပ်တန့်ရန်နှင့် အီရန်၏ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ဆန္ဒဖော်ထုတ်သူများက တောင်းဆိုခဲ့သည်။

အိမ်ဖြူတော်၏ပြင်ပနှင့် နိုင်ငံအတွင်းရှိ မြို့ ၁၅ မြို့တွင် အလားတူ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားခဲ့သည်။ အမေရိကန်သမ္မတထရမ့်၏ ကျိုးကြောင်းဆီလျော်မှုကင်းစွာ အီရန် နျူကလီးယားစက်ရုံ များအား ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုဖြစ်ပြီး ကုလသမဂ္ဂပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များ နှင့်နိုင်ငံတကာဥပဒေအပါအဝင် အမေရိကန်နိုင်ငံ၏အခြေခံဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကာ ၎င်းတိုက်ခိုက်မှုမှ တစ်ဆင့် ဒေသတွင်းနှင့်ကမ္ဘာစစ်ကို ဖြစ်ပွားစေနိုင်သည်ဟု ဆန္ဒဖော်ထုတ်သူများက ဆိုရှယ်မီဒီယာပို့စ်တစ်ခုတွင် ပြောကြားသည်။

အမေရိကန်နှင့်အစ္စရေးတို့အနေဖြင့် အီရန်နိုင်ငံအား တိုက်ခိုက်နေမှုကို ချက်ချင်းရပ်တန့်ရန် မိမိတို့ တောင်းဆို ကြောင်း ဆန္ဒဖော်ထုတ်သူများက ပြောကြားသည်။ အီရန်အား စစ်ရေးအရ တိုက်ခိုက်ခြင်းကို ထရမ့်က ကွန်ဂရက်၏ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ၎င်းတိုက်ခိုက်မှုကြောင့် အီရန်၏ လက်တုံ့ပြန်မှုများကို ခံရနိုင် ကြောင်း ဆန္ဒဖော်ထုတ်သူများက ပြောကြားသည်။

အမေရိကန်နိုင်ငံသားများသည် နိုင်ငံအတွင်း ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက ရန်ပုံငွေများထောက်ပံ့ခြင်းကို လိုလား သော်လည်း ထရမ့် နှင့်အပေါင်းပါများသည် ကမ္ဘာတွင် စစ်ပွဲဖြစ်ပွားခြင်းကိုသာ လိုလားနေကြကြောင်းနှင့် ယခုပဋိပက္ခ ကို သံတမန်နည်းလမ်းဖြင့်အဖြေရှာခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟု ဆန္ဒဖော် ထုတ်သူ တစ်ဦး က ပြောကြား သည် ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။