မန္ယူႏိုက္တက္အသင္း အမ္ဘူမိုကို ေပါင္ သန္း ၆ဝနဲ႔ ထပ္မံကမ္းလွမ္း
မန္ယူႏိုက္တက္အသင္း အမ္ဘူမိုကို ေပါင္ သန္း ၆ဝနဲ႔ ထပ္မံကမ္းလွမ္း
==============================
မန္ယူအသင္းဟာ ဘရန႔္ဖို႔ဒ္တိုက္စစ္မႉး အမ္ဘူမိုအတြက္ ေပါင္သန္း(၆၀)နဲ႔ ထပ္မံကမ္းလွမ္းခဲ့ပါတယ္။ အမ္ဘူမိုဟာ အခုေႏြရာသီမွာ နည္းျပအေမာ္ရဲ႕အဓိကပစ္မွတ္ကစားသမားျဖစ္ၿပီး အခုလအေစာပိုင္းမွာ ေပါင္(၅၅)သန္းနဲ႔ကနဦး ကမ္းလွမ္းမႈ ျငင္းဆန္ခံခဲ့ရပါတယ္။ မန္ယူအသင္းရဲ႕ေနာက္ဆုံးအႀကိမ္ကမ္းလွမ္းမႈကို ဘရန႔္ဖို႔ဒ္ လက္ခံမလားဆိုတာ ရွင္းရွင္းလင္းလင္းမသိရေသးဘဲ မန္ယူအသင္းကေတာ့ ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္မစခင္ အမ္ဘူမိုကို ေခၚယူႏိုင္ဖို႔အတြက္ အရွိန္ျမင့္ေဆာင္႐ြက္ေနပါတယ္။ မန္ယူကစားသမားေတြဟာ ဇူလိုင္လ(၇)ရက္ကေနစတင္ၿပီး ကာရင္တန္ေလ့က်င့္ေရးကြင္းကို သတင္းပို႔ရမွာျဖစ္ပါတယ္။ မန္ယူအသင္းဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ (၄၄)ဂိုးသာသြင္းႏိုင္ခဲ့ၿပီး တန္းမဆင္းခဲ့ရတဲ့အသင္းေတြထဲမွာ ဒုတိယဂိုးသြင္းအနည္းဆုံးအသင္းျဖစ္ေနပါတယ္။ တိုက္စစ္မႉးအမ္ဘူမိုကေတာ့ ဘရန႔္ဖို႔ဒ္ကို ေရာက္ရွိခဲ့ၿပီးေနာက္ပိုင္း ပရီးမီးယားလိဂ္(၁၃၆)ပြဲမွာ (၄၂)ဂိုးအပါအဝင္ ၿပိဳင္ပြဲစုံ(၂၄၂)ပြဲမွာ ဂိုး(၇၀)သြင္းယူခဲ့ပါတယ္။ အသက္(၂၅)ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ လာမယ့္ႏွစ္မွာ ဘရန႔္ဖို႔ဒ္အသင္းနဲ႔စာခ်ဳပ္သက္တမ္းကမ္ဆုံးမွာျဖစ္ေပမယ့္ ဘရန႔္ဖို႔အသင္းက တစ္ႏွစ္သက္တမ္းတိုးခြင့္ရွိတယ္လို႔ သိရပါတယ္။ ဘရန႔္ဖို႔ဒ္အသင္းနဲ႔ သေဘာတူညီမႈရရွိမယ္ဆိုရင္ အမ္ဘူမိုဟာ ကူညာ ၿပီးေနာက္ အခုေႏြရာသီမွာ မန္ယူကို ေရာက္လာတဲ့ ဒုတိယေျမာက္ကစားသမားျဖစ္လာမွာျဖစ္ပါတယ္။
မန်ယူနိုက်တက်အသင်း အမ်ဘူမိုကို ပေါင် သန်း ၆ဝနဲ့ ထပ်မံကမ်းလှမ်း
==============================
မန်ယူအသင်းဟာ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အမ်ဘူမိုအတွက် ပေါင်သန်း(၆၀)နဲ့ ထပ်မံကမ်းလှမ်းခဲ့ပါတယ်။ အမ်ဘူမိုဟာ အခုနွေရာသီမှာ နည်းပြအမော်ရဲ့အဓိကပစ်မှတ်ကစားသမားဖြစ်ပြီး အခုလအစောပိုင်းမှာ ပေါင်(၅၅)သန်းနဲ့ကနဦး ကမ်းလှမ်းမှု ငြင်းဆန်ခံခဲ့ရပါတယ်။ မန်ယူအသင်းရဲ့နောက်ဆုံးအကြိမ်ကမ်းလှမ်းမှုကို ဘရန့်ဖို့ဒ် လက်ခံမလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးဘဲ မန်ယူအသင်းကတော့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်မစခင် အမ်ဘူမိုကို ခေါ်ယူနိုင်ဖို့အတွက် အရှိန်မြင့်ဆောင်ရွက်နေပါတယ်။ မန်ယူကစားသမားတွေဟာ ဇူလိုင်လ(၇)ရက်ကနေစတင်ပြီး ကာရင်တန်လေ့ကျင့်ရေးကွင်းကို သတင်းပို့ရမှာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ (၄၄)ဂိုးသာသွင်းနိုင်ခဲ့ပြီး တန်းမဆင်းခဲ့ရတဲ့အသင်းတွေထဲမှာ ဒုတိယဂိုးသွင်းအနည်းဆုံးအသင်းဖြစ်နေပါတယ်။ တိုက်စစ်မှူးအမ်ဘူမိုကတော့ ဘရန့်ဖို့ဒ်ကို ရောက်ရှိခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်(၁၃၆)ပွဲမှာ (၄၂)ဂိုးအပါအဝင် ပြိုင်ပွဲစုံ(၂၄၂)ပွဲမှာ ဂိုး(၇၀)သွင်းယူခဲ့ပါတယ်။ အသက်(၂၅)နှစ်အရွယ်တိုက်စစ်မှူးဟာ လာမယ့်နှစ်မှာ ဘရန့်ဖို့ဒ်အသင်းနဲ့စာချုပ်သက်တမ်းကမ်ဆုံးမှာဖြစ်ပေမယ့် ဘရန့်ဖို့အသင်းက တစ်နှစ်သက်တမ်းတိုးခွင့်ရှိတယ်လို့ သိရပါတယ်။ ဘရန့်ဖို့ဒ်အသင်းနဲ့ သဘောတူညီမှုရရှိမယ်ဆိုရင် အမ်ဘူမိုဟာ ကူညာ ပြီးနောက် အခုနွေရာသီမှာ မန်ယူကို ရောက်လာတဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။