အစၥေရးနဲ႔ အီရန္ အပစ္ရပ္စဲေရး သေဘာတူဟု ထရမ့္ ေျပာ

အစၥေရးနဲ႔ အီရန္ အပစ္ရပ္စဲေရး သေဘာတူဟု ထရမ့္ ေျပာ

======================

အစၥေရးနဲ႔ အီရန္တိုဟာ လုံးဝၿပီးျပည့္စုံတဲ့ အပစ္အခတ္ရပ္စဲေရးကို သေဘာတူညီခဲ့ၾကၿပီျဖစ္ၿပီး အေရွ႕ပိုင္းစံေတာ္ခ်ိန္ ညသန္းေခါင္ယံမွာ စတင္မွာျဖစ္ေၾကာင္း သမၼတ ေဒၚနယ္ထရမ့္က တနလၤာေန႔ညေနပိုင္းမွာ လူမႈကြန္ရက္ကေန ေၾကညာခဲ့ပါတယ္။

ထရမ့္ရဲ႕ ေၾကညာခ်က္နဲ႔ပတ္သက္ၿပီး အစၥေရး ဒါမွမဟုတ္ အီရန္ အရာရွိေတြဖက္က လူသိရွင္ၾကား မွတ္ခ်က္ေပးတာမ်ိဳး မရွိေသးပါဘူး။

ထရမ့္ပ္ ေဖာ္ျပခဲ့တဲ့ သေဘာတူညီခ်က္မွာ ၁၂ နာရီစီၾကာမယ့္ အပစ္အခတ္ရပ္စဲေရး ကာလႏွစ္ခု ပါဝင္ၿပီး အေရွ႕ပိုင္းစံေတာ္ခ်ိန္ ည ၁၂ နာရီဝန္းက်င္မွာ အီရန္က စတင္မွာျဖစ္ပါတယ္။

ဒါဟာ “အစၥေရးနဲ႔ အီရန္တို လက္ရွိလုပ္ေဆာင္ေနတဲ့ ေနာက္ဆုံးမစ္ရွင္ေတြ ၿပီးစီးသြားခ်ိန္” မွာ ျဖစ္လာလိမ့္မယ္လို ထရမ့္က သူ႔ရဲ႕ Truth Social ပိုစ္မွာ ေဖာ္ျပခဲ့ပါတယ္။

အစၥေရးကေတာ့ ဒုတိယ ၁၂ နာရီၾကာ အပစ္အခတ္ရပ္စဲေရးကို ဆက္လက္လုပ္ေဆာင္မွာျဖစ္တယ္လို ထရမ့္က ေျပာပါတယ္။

၂၄ နာရီၾကာၿပီးတဲ့ေနာက္မွာ စစ္ပြဲကို တရားဝင္အဆုံးသတ္ေၾကာင္း ေၾကညာမွာျဖစ္တယ္လို ထရမ့္က ဆိုပါတယ္။

“အရာအားလုံး အဆင္ေျပေျပနဲ႔ ျဖစ္သင့္သလို ျဖစ္သြားမယ္ဆိုရင္၊ ျဖစ္ကိုျဖစ္မွာပါ။ ‘၁၂ ရက္စစ္ပြဲ’ လို ေခၚဆိုသင့္တဲ့ ဒီစစ္ပြဲကို အဆုံးသတ္ႏိုင္ခဲ့တဲ့ သတၱိ၊ ႀကံ့ခိုင္မႈနဲ႔ ဉာဏ္ပညာရွိၾကတဲ့ ႏိုင္ငံႏွစ္ခုျဖစ္တဲ့ အစၥေရးနဲ႔ အီရန္ ႏွစ္ႏိုင္ငံလုံးကို ဂုဏ္ယူပါေၾကာင္း ေျပာၾကားလိုပါတယ္” လို ထရမ့္က ပိုစ္မွာ ေရးသားခဲ့ပါတယ္။

ဒီေၾကညာခ်က္ဟာ အေမရိကန္ျပည္ေထာင္စုက အစၥေရးစစ္ပြဲမွာ ပါဝင္ခဲ့ၿပီး အီရန္ရဲ႕ အဓိကန်ဴကလီးယား ပစ္မွတ္သုံးခုကို တိုက္ခိုက္ခဲ့ၿပီးေနာက္ ႏွစ္ရက္အၾကာမွာ ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

ဒီစစ္ပြဲဟာ ၿပီးခဲ့တဲ့ ဇြန္လ ၁၂ ရက္ေန႔မွာ အစၥေရးက အီရန္ကို စတင္တိုက္ခိုက္ခဲ့ရာကေန စခဲ့တာျဖစ္ၿပီး စစ္ေရးပစ္မွတ္ ဒါဇင္ေပါင္းမ်ားစြာနဲ႔ အီရန္ရဲ႕ န်ဴကလီးယားအစီအစဥ္လည္း ပါဝင္ခဲ့ပါတယ္။ ဒါကို အစၥေရးအရာရွိေတြက “ႀကိဳတင္ကာကြယ္တဲ့ တိုက္ခိုက္မႈ” လို ေခၚဆိုခဲ့ပါတယ္။

တနလၤာေန႔အေစာပိုင္းက ကာတာႏိုင္ငံက အေမရိကန္ရဲ႕ အႀကီးဆုံးစစ္အေျခစိုက္စခန္းျဖစ္တဲ့ Al Udeid ေလတပ္စခန္းကို အီရန္က ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ခဲ့ၿပီး တင္းမာမႈေတြ ပိုမိုျမင့္တက္လာႏိုင္တယ္ဆိုတဲ့ စိုးရိမ္မႈေတြ ျဖစ္ေပၚေစခဲ့ပါတယ္။

ဒါေပမဲ့ အေမရိကန္ အရာရွိတစ္ဦးက ABC News ကို ေျပာၾကားရာမွာ အေမရိကန္က ကာတာရဲ႕ အကူအညီနဲ႔ ဒုံးက်ည္ေတြကို ၾကားျဖတ္ဖ်က္ဆီးခဲ့ေၾကာင္း‌ေျပာခဲ့သလို၊ ထရမ့္ကလည္း အဲဒီတုံျပန္မႈဟာ”အလြန္အားနည္းတယ္” လို ေျပာခဲ့ပါတယ္။ #Popular


အစ္စရေးနဲ့ အီရန် အပစ်ရပ်စဲရေး သဘောတူဟု ထရမ့် ပြော

======================

အစ္စရေးနဲ့ အီရန်တိုဟာ လုံးဝပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြပြီဖြစ်ပြီး အရှေ့ပိုင်းစံတော်ချိန် ညသန်းခေါင်ယံမှာ စတင်မှာဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့ညနေပိုင်းမှာ လူမှုကွန်ရက်ကနေ ကြေညာခဲ့ပါတယ်။

ထရမ့်ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး အစ္စရေး ဒါမှမဟုတ် အီရန် အရာရှိတွေဖက်က လူသိရှင်ကြား မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

ထရမ့်ပ် ဖော်ပြခဲ့တဲ့ သဘောတူညီချက်မှာ ၁၂ နာရီစီကြာမယ့် အပစ်အခတ်ရပ်စဲရေး ကာလနှစ်ခု ပါဝင်ပြီး အရှေ့ပိုင်းစံတော်ချိန် ည ၁၂ နာရီဝန်းကျင်မှာ အီရန်က စတင်မှာဖြစ်ပါတယ်။

ဒါဟာ “အစ္စရေးနဲ့ အီရန်တို လက်ရှိလုပ်ဆောင်နေတဲ့ နောက်ဆုံးမစ်ရှင်တွေ ပြီးစီးသွားချိန်” မှာ ဖြစ်လာလိမ့်မယ်လို ထရမ့်က သူ့ရဲ့ Truth Social ပိုစ်မှာ ဖော်ပြခဲ့ပါတယ်။

အစ္စရေးကတော့ ဒုတိယ ၁၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်လို ထရမ့်က ပြောပါတယ်။

၂၄ နာရီကြာပြီးတဲ့နောက်မှာ စစ်ပွဲကို တရားဝင်အဆုံးသတ်ကြောင်း ကြေညာမှာဖြစ်တယ်လို ထရမ့်က ဆိုပါတယ်။

“အရာအားလုံး အဆင်ပြေပြေနဲ့ ဖြစ်သင့်သလို ဖြစ်သွားမယ်ဆိုရင်၊ ဖြစ်ကိုဖြစ်မှာပါ။ ‘၁၂ ရက်စစ်ပွဲ’ လို ခေါ်ဆိုသင့်တဲ့ ဒီစစ်ပွဲကို အဆုံးသတ်နိုင်ခဲ့တဲ့ သတ္တိ၊ ကြံ့ခိုင်မှုနဲ့ ဉာဏ်ပညာရှိကြတဲ့ နိုင်ငံနှစ်ခုဖြစ်တဲ့ အစ္စရေးနဲ့ အီရန် နှစ်နိုင်ငံလုံးကို ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်” လို ထရမ့်က ပိုစ်မှာ ရေးသားခဲ့ပါတယ်။

ဒီကြေညာချက်ဟာ အမေရိကန်ပြည်ထောင်စုက အစ္စရေးစစ်ပွဲမှာ ပါဝင်ခဲ့ပြီး အီရန်ရဲ့ အဓိကနျူကလီးယား ပစ်မှတ်သုံးခုကို တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ရက်အကြာမှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီစစ်ပွဲဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့မှာ အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်ခဲ့ရာကနေ စခဲ့တာဖြစ်ပြီး စစ်ရေးပစ်မှတ် ဒါဇင်ပေါင်းများစွာနဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်လည်း ပါဝင်ခဲ့ပါတယ်။ ဒါကို အစ္စရေးအရာရှိတွေက “ကြိုတင်ကာကွယ်တဲ့ တိုက်ခိုက်မှု” လို ခေါ်ဆိုခဲ့ပါတယ်။

တနင်္လာနေ့အစောပိုင်းက ကာတာနိုင်ငံက အမေရိကန်ရဲ့ အကြီးဆုံးစစ်အခြေစိုက်စခန်းဖြစ်တဲ့ Al Udeid လေတပ်စခန်းကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး တင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန် အရာရှိတစ်ဦးက ABC News ကို ပြောကြားရာမှာ အမေရိကန်က ကာတာရဲ့ အကူအညီနဲ့ ဒုံးကျည်တွေကို ကြားဖြတ်ဖျက်ဆီးခဲ့ကြောင်း‌ပြောခဲ့သလို၊ ထရမ့်ကလည်း အဲဒီတုံပြန်မှုဟာ”အလွန်အားနည်းတယ်” လို ပြောခဲ့ပါတယ်။ #Popular