ဂါနာခ်ိဳကို ေျပာင္းေ႐ႊ႕ေၾကး ထက္ဝက္ခန႔္ျဖင့္ ေရာင္းခ်မယ့္ မန္ယူ

ဂါနာခ်ိဳကို ေျပာင္းေ႐ႊ႕ေၾကး ထက္ဝက္ခန႔္ျဖင့္ ေရာင္းခ်မယ့္ မန္ယူ
======================
မန္ယူအသင္းက လက္ရွိေႏြရာသီ ကစားသမား အေျပာင္းအေ႐ႊ႕ကာလတြင္ ေရာင္းခ်ရန္ အေရာင္းစာရင္း တင္သြင္းထားသည့္ လူငယ္ကစားသမား ဂါနာခ်ိဳအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို စတာလင္ေပါင္ သန္း ၇၀ သတ္မွတ္ထားရာမွ စတာလင္ေပါင္ သန္း ၄၀ ျဖင့္ ထက္ဝက္ခန႔္အထိ ေလွ်ာ့ခ်ၿပီး ေရာင္းခ်ရန္ ဆုံးျဖတ္ထားေၾကာင္း သိရသည္။

အသက္ ၂၀ အ႐ြယ္ ဂါနာခ်ိဳသည္ ၂၀၂၀ ျပည့္ႏွစ္ က အက္သလက္တီကို လူငယ္အသင္းမွ မန္ယူ လူငယ္အသင္းသို႔ ေျပာင္းေ႐ႊ႕ကစားၿပီးေနာက္ လူငယ္အသင္းႏွင့္အတူ အေကာင္းဆုံး ေျခစြမ္းျပကစားႏိုင္ကာ ၂၀၂၂ ခုႏွစ္က မန္ယူအသင္းႀကီးတြင္ စတင္ပါဝင္ ကစားခဲ့သူျဖစ္သည္။

ဂါနာခ်ိဳသည္ ၿပီးခဲ့သည့္ ေဘာလုံးရာသီက နည္းျပေဟာင္း တန္ဟတ္လက္ေအာက္၌ အေကာင္းဆုံး ေျခစြမ္းျပ ကစားႏိုင္ခဲ့ေသာ္လည္း ယခုေဘာလုံး ရာသီတြင္ ေျခစြမ္းျပႏိုင္ရန္ ႐ုန္းကန္ေနရၿပီး လက္ရွိ နည္းျပ အမိုရင္လက္ေအာက္တြင္ ေျခစြမ္းျပႏိုင္ျခင္း မရွိသည့္အတြက္ ပြဲထြက္ကစားခြင့္မ်ား နည္းပါးလာ ျခင္းျဖစ္သည္။

ဂါနာခ်ိဳသည္ နည္းျပအမိုရင္ႏွင့္ ဆက္ဆံေရး မေျပလည္မႈမ်ားေၾကာင့္ ၿပီးခဲ့သည့္ ဇန္နဝါရီလကစား သမား အေျပာင္းအေ႐ႊ႕ကာလကတည္းက အသင္းမွ ထြက္ခြာရန္ ႀကိဳးပမ္းခဲ့ၿပီး စီးရီးေအထိပ္သီး နာပိုလီ အသင္းသို႔ ေျပာင္းေ႐ႊ႕ရန္ နီးစပ္ခဲ့ေသာ္လည္း မန္ယူအသင္း၏ျမင့္မားသည့္ ေျပာင္းေ႐ႊ႕ေၾကးသတ္မွတ္မႈေၾကာင့္ အေျပာင္းအေ႐ႊ႕ မျဖစ္ေျမာက္ခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ယူ႐ိုပါလိဂ္ဖလား ဗိုလ္လုပြဲစဥ္အျဖစ္ ကစားသည့္ မန္ယူအသင္းႏွင့္ စပါးအသင္းတို႔ပြဲစဥ္တြင္ ဂါနာခ်ိဳအေနျဖင့္ ပြဲထြက္ကစားသမား စာရင္းမွ ခ်န္လွပ္ခံရၿပီးေနာက္ နည္းျပအမိုရင္ႏွင့္ ဆက္ဆံေရးမွာ ပိုမိုတင္းမာ လာခဲ့ၿပီး လက္ရွိေႏြရာသီကစား သမားအေျပာင္းအေ႐ႊ႕ ကာလတြင္ အသင္းမွထြက္ခြာမည္ဟု ဂါနာခ်ိဳကိုယ္တိုင္က အတည္ျပဳခဲ့ျခင္းျဖစ္သည္။

မန္ယူအသင္းက အေစာပိုင္းက ဂါနာခ်ိဳအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို စတာလင္ေပါင္ သန္း ၇၀ သတ္မွတ္ထားေသာ္လည္း အျမန္ေရာင္းခ်လိုသည့္ အတြက္ ေျပာင္းေ႐ႊ႕ေၾကးကို စတာလင္ေပါင္ သန္း ၄၀ ျဖင့္ ေရာင္းခ်ရန္ ဆုံးျဖတ္ထားေၾကာင္း သိရသည္။


ဂါနာချိုကို ပြောင်းရွှေ့ကြေး ထက်ဝက်ခန့်ဖြင့် ရောင်းချမယ့် မန်ယူ
======================
မန်ယူအသင်းက လက်ရှိနွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ရောင်းချရန် အရောင်းစာရင်း တင်သွင်းထားသည့် လူငယ်ကစားသမား ဂါနာချိုအတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၇၀ သတ်မှတ်ထားရာမှ စတာလင်ပေါင် သန်း ၄၀ ဖြင့် ထက်ဝက်ခန့်အထိ လျှော့ချပြီး ရောင်းချရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

အသက် ၂၀ အရွယ် ဂါနာချိုသည် ၂၀၂၀ ပြည့်နှစ် က အက်သလက်တီကို လူငယ်အသင်းမှ မန်ယူ လူငယ်အသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် လူငယ်အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ကာ ၂၀၂၂ ခုနှစ်က မန်ယူအသင်းကြီးတွင် စတင်ပါဝင် ကစားခဲ့သူဖြစ်သည်။

ဂါနာချိုသည် ပြီးခဲ့သည့် ဘောလုံးရာသီက နည်းပြဟောင်း တန်ဟတ်လက်အောက်၌ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့သော်လည်း ယခုဘောလုံး ရာသီတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး လက်ရှိ နည်းပြ အမိုရင်လက်အောက်တွင် ခြေစွမ်းပြနိုင်ခြင်း မရှိသည့်အတွက် ပွဲထွက်ကစားခွင့်များ နည်းပါးလာ ခြင်းဖြစ်သည်။

ဂါနာချိုသည် နည်းပြအမိုရင်နှင့် ဆက်ဆံရေး မပြေလည်မှုများကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလကစား သမား အပြောင်းအရွှေ့ကာလကတည်းက အသင်းမှ ထွက်ခွာရန် ကြိုးပမ်းခဲ့ပြီး စီးရီးအေထိပ်သီး နာပိုလီ အသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်ခဲ့သော်လည်း မန်ယူအသင်း၏မြင့်မားသည့် ပြောင်းရွှေ့ကြေးသတ်မှတ်မှုကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ယူရိုပါလိဂ်ဖလား ဗိုလ်လုပွဲစဉ်အဖြစ် ကစားသည့် မန်ယူအသင်းနှင့် စပါးအသင်းတို့ပွဲစဉ်တွင် ဂါနာချိုအနေဖြင့် ပွဲထွက်ကစားသမား စာရင်းမှ ချန်လှပ်ခံရပြီးနောက် နည်းပြအမိုရင်နှင့် ဆက်ဆံရေးမှာ ပိုမိုတင်းမာ လာခဲ့ပြီး လက်ရှိနွေရာသီကစား သမားအပြောင်းအရွှေ့ ကာလတွင် အသင်းမှထွက်ခွာမည်ဟု ဂါနာချိုကိုယ်တိုင်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းက အစောပိုင်းက ဂါနာချိုအတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၇၀ သတ်မှတ်ထားသော်လည်း အမြန်ရောင်းချလိုသည့် အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၄၀ ဖြင့် ရောင်းချရန် ဆုံးဖြတ်ထားကြောင်း သိရသည်။