ယခုႏွစ္ ၿငိမ္းခ်မ္းေရးႏိုဗယ္ဆုအတြက္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ကို ပါကစၥတန္အမည္စာရင္း တင္သြင္းမည္

ယခုႏွစ္ ၿငိမ္းခ်မ္းေရးႏိုဗယ္ဆုအတြက္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ကို ပါကစၥတန္အမည္စာရင္း တင္သြင္းမည္
=========================
ယခုႏွစ္ ၿငိမ္းခ်မ္းေရးႏိုဗယ္ဆုအတြက္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ကို အမည္စာရင္း ေပးသြင္းမည္ ျဖစ္ေၾကာင္း ပါကစၥတန္အစိုးရတာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

ယခုႏွစ္ ေမလအတြင္းျဖစ္ပြားခဲ့သည့္ အိႏၵိယႏွင့္ ပါကစၥတန္ပဋိပကၡကို ေျဖရွင္းရာတြင္ ပါဝင္ကူညီ ခဲ့မႈေၾကာင့္ သမၼတ ေဒၚနယ္ ထရမ့္ ကို ယခုႏွစ္ၿငိမ္းခ်မ္းေရး ႏိုဗယ္ဆု အတြက္ အမည္စာရင္းေပးသြင္းရန္ ပါကစၥတန္ႏိုင္ငံက စီစဥ္ထားျခင္းျဖစ္သည္။

ၿငိမ္းခ်မ္းေရးႏိုဗယ္ဆုအတြက္ ေဒၚနယ္ထရမ့္ ကို အမည္စာရင္းေပးထားျခင္းျဖင့္ အစၥေရး-အီရန္ ပဋိပကၡ၌ အေမရိကန္ႏိုင္ငံ တိုက္႐ိုက္ပါဝင္မည့္အစီအစဥ္ကို ေဒၚနယ္ထရမ့္ အေနျဖင့္ ျပန္လည္စဥ္းစားလာႏိုင္ေၾကာင္း ေလ့လာသူအခ်ိဳ႕က သုံးသပ္ထားသည္။

ယခုႏွစ္ ေမလ ၇ ရက္တြင္ စတင္ခဲ့ေသာ အိႏၵိယႏွင့္ ပါကစၥတန္ပဋိပကၡမွာ အေမရိကန္ႏိုင္ငံ၏ ၾကားဝင္ ေပးမႈျဖင့္ ၿပီးဆုံးၿပီျဖစ္ေၾကာင္း သမၼတေဒၚနယ္ထရမ့္ က ေၾကညာခဲ့သည္။

အိႏၵိယႏွင့္ ပါကစၥတန္တို႔ၾကား ေလးရက္ၾကာပဋိပကၡမွာ အေမရိကန္ႏိုင္ငံ၏ သံတမန္ေရးအရ ၾကားဝင္မႈေၾကာင့္ ၿပီးဆုံးခဲ့ရေၾကာင္း ပါကစၥတန္ ႏိုင္ငံက လက္ခံထားသည္။

သို႔ရာတြင္ ပါကစၥတန္ႏွင့္ျဖစ္ပြားခဲ့ေသာ ေလးရက္ၾကာပဋိပကၡမွာ အေမရိကန္ႏိုင္ငံ၏ ၾကားဝင္မႈေၾကာင့္ ၿပီးဆုံးခဲ့ျခင္းမဟုတ္ဘဲ အိႏၵိယႏွင့္ ပါကစၥတန္ ႏွစ္ႏိုင္ငံသေဘာတူ ညီခ်က္ျဖင့္ ၿပီးဆုံးခဲ့ျခင္းျဖစ္ေၾကာင္း အိႏၵိယအစိုးရက ေျပာၾကားထားသည္။


ယခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို ပါကစ္စတန်အမည်စာရင်း တင်သွင်းမည်
=========================
ယခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို အမည်စာရင်း ပေးသွင်းမည် ဖြစ်ကြောင်း ပါကစ္စတန်အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယခုနှစ် မေလအတွင်းဖြစ်ပွားခဲ့သည့် အိန္ဒိယနှင့် ပါကစ္စတန်ပဋိပက္ခကို ဖြေရှင်းရာတွင် ပါဝင်ကူညီ ခဲ့မှုကြောင့် သမ္မတ ဒေါ်နယ် ထရမ့် ကို ယခုနှစ်ငြိမ်းချမ်းရေး နိုဗယ်ဆု အတွက် အမည်စာရင်းပေးသွင်းရန် ပါကစ္စတန်နိုင်ငံက စီစဉ်ထားခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် ဒေါ်နယ်ထရမ့် ကို အမည်စာရင်းပေးထားခြင်းဖြင့် အစ္စရေး-အီရန် ပဋိပက္ခ၌ အမေရိကန်နိုင်ငံ တိုက်ရိုက်ပါဝင်မည့်အစီအစဉ်ကို ဒေါ်နယ်ထရမ့် အနေဖြင့် ပြန်လည်စဉ်းစားလာနိုင်ကြောင်း လေ့လာသူအချို့က သုံးသပ်ထားသည်။

ယခုနှစ် မေလ ၇ ရက်တွင် စတင်ခဲ့သော အိန္ဒိယနှင့် ပါကစ္စတန်ပဋိပက္ခမှာ အမေရိကန်နိုင်ငံ၏ ကြားဝင် ပေးမှုဖြင့် ပြီးဆုံးပြီဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့် က ကြေညာခဲ့သည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား လေးရက်ကြာပဋိပက္ခမှာ အမေရိကန်နိုင်ငံ၏ သံတမန်ရေးအရ ကြားဝင်မှုကြောင့် ပြီးဆုံးခဲ့ရကြောင်း ပါကစ္စတန် နိုင်ငံက လက်ခံထားသည်။

သို့ရာတွင် ပါကစ္စတန်နှင့်ဖြစ်ပွားခဲ့သော လေးရက်ကြာပဋိပက္ခမှာ အမေရိကန်နိုင်ငံ၏ ကြားဝင်မှုကြောင့် ပြီးဆုံးခဲ့ခြင်းမဟုတ်ဘဲ အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံသဘောတူ ညီချက်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယအစိုးရက ပြောကြားထားသည်။