==============================
(၃) ကြိမ်မြောက် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ထိုင်း ယူ – ၁၉ အမျိုးသမီးအသင်း
==============================
အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံဆုကို ထိုင်း ယူ-၁၉ အမျိုးသမီးအသင်းက (၃)ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ပြီ ဖြစ်သည်။
ထိုင်း ယူ-၁၉ လက်ရွေးစင်အသင်းသည် ယမန်နေ့က အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားခဲ့ရာ (၃) ဂိုး (၁) ဂိုးဖြင့်အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။
ထိုင်းအသင်းသည် အုပ်စုတွင်းအဆင့်မှ ဗိုလ်လုပွဲစဉ်အထိ ရှုးပွဲမရှိ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်သည့် မြန်မာ ယူ -၁၉ အမျိုးသမီးအသင်းသည် တတိယ ဗိုလ်ပွဲအထိ တက်လှမ်းနိုင်ခဲ့သော်လည်း အင်ဒိုနီးရှားအသင်းကို ပင်နယ်တီ တစ်လုံးအသာဖြင့် ရှုးနိမ့်ခဲ့ရသည်။