ဆီးဂိမ္း ၿပိဳင္ပြဲဝင္မည့္ ႐ိုးရာလက္ေဝွ႔ ကစားသမားမ်ားအျဖစ္ ထြန္းထြန္းမင္း ၏ ညီ(၂) ေယာက္ကို ေ႐ြးခ်ယ္

ဆီးဂိမ္း ၿပိဳင္ပြဲဝင္မည့္ ႐ိုးရာလက္ေဝွ႔ ကစားသမားမ်ားအျဖစ္ ထြန္းထြန္းမင္း ၏ ညီ(၂) ေယာက္ကို ေ႐ြးခ်ယ္
==============================
ထိုင္းႏိုင္ငံ၌ က်င္းပမည့္ ၂၀၂၅ခုႏွစ္ ဆီးဂိမ္းၿပိဳင္ပြဲတြင္ ဝင္ ေရာက္ယွဥ္ၿပိဳင္မည့္ ႏိုင္ငံဂုဏ္ေဆာင္ ႐ိုးရာလက္ေဝွ႔ကစား သမားမ်ားအျဖစ္ အလြတ္တန္းခ်န္ပီယံ ထြန္းထြန္းမင္း၏ ညီႏွစ္ဦးအား ေ႐ြးခ်ယ္ထား ေၾကာင္း သိရသည္။

႐ိုးရာလက္ေဝွ႔သမားမ်ားအျဖစ္ ထြန္းမင္းႏိုင္၊ ထြန္းမင္းေအာင္တိုကိုေ႐ြးခ်ယ္ထားၿပီး နည္းျပအျဖစ္ အလြတ္တန္း ခ်န္ပီယံ ထြန္းထြန္းမင္းက လိုက္ပါ ႀကီးၾကပ္သြားမည္ျဖစ္ေၾကာင္း ျမန္မာ့႐ိုးရာလက္ေဝွ႔ သင္တန္းေက်ာင္းက အသိေပးထားသည္။

၎တို႔အေနျဖင့္ ျမန္မာႏိုင္ငံကိုယ္စားျပဳ အားကစားသမားမ်ားနည္းတူ ေအာင္ျမင္မႈမ်ား ရရွိႏိုင္ေစေၾကာင္း MFC မွ ဂုဏ္ယူဝမ္းေျမာက္စြာ အသိေပးထား သည္။

ဆီးဂိမ္းၿပိဳင္ပြဲကို ၂၀၂၅ ခုႏွစ္ ဒီဇင္ဘာလ (၉) ရက္မွ (၂၀) ရက္အထိ ဘန္ေကာက္ၿမိဳ႕၊ ေခ်ာင္ဘူရီၿမိဳ႕၊ ေဆာင္ခလာၿမိဳတို႔၌ က်င္းပသြားမည္ကာ အားကစား အမ်ိဳးအစားေပါင္း(၅၀) ယွဥ္ၿပိဳင္ခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

ဆီးဂိမ္းၿပိဳင္ပြဲအတြင္း ေရကူး၊ ေျပးခုန္ပစ္၊ ျမားပစ္၊ ၾကက္ ေတာင္၊ ဘတ္စကက္ေဘာ၊ ေလွေလွာ္(ကႏူး/ကယက္၊ အ ျပည္ျပည္ဆိုင္ရာ၊ ႐ိုးရာေလွ)၊ စက္ဘီး၊ ျမင္းစီး ၊ ဓားေရး၊ ေဘာလုံး/ဖူဆယ္၊ ေဂါက္သီး၊ ကြၽမ္းဘား၊ Handball၊ ေဟာ္ ကီ၊ ဂ်ဴဒို၊ ရပ္ဘီ၊ ႐ြက္ေလွ၊ ေသ နတ္ပစ္၊ စားပြဲတင္တင္းန စ္၊ တိုက္ကြမ္ဒို၊ တင္းနစ္၊ သုံးမ်ိဳးစုံ၊ ေဘာ္လီေဘာ၊ နပန္း၊ ေရခဲျပင္စကိတ္၊ Modern pentathlon ၊ အေလးမ၊ ေဘ့စ္ေဘာ၊ ဘိလိယက္ႏွင့္ စႏူကာ၊ လက္ေဝွ႔၊ Floorball ၊ E-Sp orts ၊ ေမြလက္ေဝွ႔ ၊ ပန္ၾကပ္ဆီလတ္၊ ပီတန္း၊ ပိုက္ေက်ာ္ျခင္း၊ Squash ၊ ဘိုးလင္း၊ Extreme Sports ၊ ကရာ ေတး၊ ဂ်ဴဂ်စ္ဆု၊ ခရစ္ကတ္၊ ဝူရႉး၊ Kabaddi ၊ Teqball ၊ ကစ္ေဘာင္ဆင္၊ Woodball ႏွင့္ စစ္တုရင္အားကစားနည္းမ်ား ပါဝင္မည္ျဖစ္သည္။

ထိုင္းႏိုင္ငံသည္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲအား အိမ္ရွင္ႏိုင္ငံအျဖစ္ (၇)ႀကိမ္ေျမာက္ လက္ခံက်င္းပျခင္းျဖ စ္သည္။ #Popular


ဆီးဂိမ်း ပြိုင်ပွဲဝင်မည့် ရိုးရာလက်ဝှေ့ ကစားသမားများအဖြစ် ထွန်းထွန်းမင်း ၏ ညီ(၂) ယောက်ကို ရွေးချယ်
==============================
ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၂၀၂၅ခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်မည့် နိုင်ငံဂုဏ်ဆောင် ရိုးရာလက်ဝှေ့ကစား သမားများအဖြစ် အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်း၏ ညီနှစ်ဦးအား ရွေးချယ်ထား ကြောင်း သိရသည်။

ရိုးရာလက်ဝှေ့သမားများအဖြစ် ထွန်းမင်းနိုင်၊ ထွန်းမင်းအောင်တိုကိုရွေးချယ်ထားပြီး နည်းပြအဖြစ် အလွတ်တန်း ချန်ပီယံ ထွန်းထွန်းမင်းက လိုက်ပါ ကြီးကြပ်သွားမည်ဖြစ်ကြောင်း မြန်မာ့ရိုးရာလက်ဝှေ့ သင်တန်းကျောင်းက အသိပေးထားသည်။

၎င်းတို့အနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများနည်းတူ အောင်မြင်မှုများ ရရှိနိုင်စေကြောင်း MFC မှ ဂုဏ်ယူဝမ်းမြောက်စွာ အသိပေးထား သည်။

ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၉) ရက်မှ (၂၀) ရက်အထိ ဘန်ကောက်မြို့၊ ချောင်ဘူရီမြို့၊ ဆောင်ခလာမြိုတို့၌ ကျင်းပသွားမည်ကာ အားကစား အမျိုးအစားပေါင်း(၅၀) ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ဆီးဂိမ်းပြိုင်ပွဲအတွင်း ရေကူး၊ ပြေးခုန်ပစ်၊ မြားပစ်၊ ကြက် တောင်၊ ဘတ်စကက်ဘော၊ လှေလှော်(ကနူး/ကယက်၊ အ ပြည်ပြည်ဆိုင်ရာ၊ ရိုးရာလှေ)၊ စက်ဘီး၊ မြင်းစီး ၊ ဓားရေး၊ ဘောလုံး/ဖူဆယ်၊ ဂေါက်သီး၊ ကျွမ်းဘား၊ Handball၊ ဟော် ကီ၊ ဂျူဒို၊ ရပ်ဘီ၊ ရွက်လှေ၊ သေ နတ်ပစ်၊ စားပွဲတင်တင်းန စ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ သုံးမျိုးစုံ၊ ဘော်လီဘော၊ နပန်း၊ ရေခဲပြင်စကိတ်၊ Modern pentathlon ၊ အလေးမ၊ ဘေ့စ်ဘော၊ ဘိလိယက်နှင့် စနူကာ၊ လက်ဝှေ့၊ Floorball ၊ E-Sp orts ၊ မွေလက်ဝှေ့ ၊ ပန်ကြပ်ဆီလတ်၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ Squash ၊ ဘိုးလင်း၊ Extreme Sports ၊ ကရာ တေး၊ ဂျူဂျစ်ဆု၊ ခရစ်ကတ်၊ ဝူရှူး၊ Kabaddi ၊ Teqball ၊ ကစ်ဘောင်ဆင်၊ Woodball နှင့် စစ်တုရင်အားကစားနည်းများ ပါဝင်မည်ဖြစ်သည်။

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား အိမ်ရှင်နိုင်ငံအဖြစ် (၇)ကြိမ်မြောက် လက်ခံကျင်းပခြင်းဖြ စ်သည်။ #Popular