ကြန္ပ်ဴတာအသုံးမ်ားရင္ ျဖစ္ႏိုင္တဲ့ က်န္းမာေရးျပႆနာမ်ား
ကြန္ပ်ဴတာအသုံးမ်ားရင္ ျဖစ္ႏိုင္တဲ့ က်န္းမာေရးျပႆနာမ်ား
=========================
တိုးတက္ေျပာင္းလဲလာတဲ့ ေခတ္ထဲမွာ ကြန္ပ်ဴတာကို လူႀကီး၊ လူငယ္၊ ေနရာေဒသမေ႐ြး တြင္တြင္က်ယ္က်ယ္ အသုံးျပဳလာၾကပါတယ္။ ကြန္ပ်ဴတာဟာ အလုပ္ေတြ လ်င္ျမန္စြာ ၿပီးႏိုင္ဖို႔ ကူညီေပးႏိုင္တဲ့အျပင္ ေက်ာင္း၊ လုပ္ငန္းခြင္ေတြအတြက္လည္း အေထာက္အကူျဖစ္ေစပါတယ္။
ဒါေပမဲ့ ဘယ္အရာမဆို တန္ေဆး၊ လြန္ေဘး ပါပဲ။ လူသားေတြအတြက္ အက်ိဳးရွိေပမယ့္ မနက္ကေန ညအထိ ကြန္ပ်ဴတာေရွ႕မွာပဲ ထိုင္ၿပီး အလုပ္လုပ္ေနမယ္၊ စာလုပ္ေနရမယ္ဆိုရင္ေတာ့ အေႏွးနဲ႔ အျမန္ က်န္းမာေရးျပႆနာေတြ ႀကဳံလာႏိုင္ပါတယ္။ ကြန္ပ်ဴတာသုံးလြန္းတဲ့သူေတြမွာ အျဖစ္မ်ားတဲ့ က်န္းမာေရးဆိုးက်ိဳးေတြနဲ႔ ပတ္သက္ၿပီး ေဝမွ်ေပးခ်င္ပါတယ္။
၁။ အ႐ိုး၊ အဆစ္ေတြ နာက်င္ကိုက္ခဲမယ္
ကြန္ပ်ဴတာကို ထိုင္ၿပီး အသုံးျပဳေနရတာျဖစ္တဲ့အတြက္ အခ်ိန္ၾကာလာတဲ့အခါ ေက်ာနဲ႔ လည္ပင္းမွာရွိတဲ့ အ႐ိုး၊ အဆစ္ေတြ ကိုက္ခဲနာက်င္လာမယ္။ ပုခုံးႂကြက္သားေတြ ကိုက္ခဲလာမယ္။ ေခါင္းမူး၊ ေခါင္းကိုက္လာမယ္။ ထိုင္ေနရတဲ့အခါ လႈပ္ရွားမႈမရွိေပမဲ့ ခႏၶာကိုယ္က တခ်ိဳ႕ေသာ အစိတ္အပိုင္းေတြဟာ အခ်ိန္အၾကာႀကီး ပုံမွန္အလုပ္လုပ္ေနရပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် ေသြးလည္ပတ္မႈ ေႏွးလာမယ္။ နာက်င္မႈေတြ ခံစားလာရမယ္။ က်န္းမာေရးနဲ႔ ပတ္သက္တဲ့ ေနာက္ဆက္တြဲအႏၲရာယ္ေတြ ျဖစ္လာႏိုင္ေျခ ပိုျမင့္လာပါတယ္။
ဘယ္လိုကာကြယ္မလဲ
– ကြန္ပ်ဴတာအသုံးျပဳဖို႔အတြက္ သီးသန႔္ထုတ္လုပ္ထားတဲ့ စားပြဲ၊ ကုလားထိုင္မွာ ထိုင္ၿပီး အသုံးျပဳပါ။
– ကြန္ပ်ဴတာမ်က္ႏွာျပင္ဟာ မ်က္လုံးနဲ႔ တစ္တန္းတည္း ဒါမွမဟုတ္ မ်က္လုံးေအာက္ နည္းနည္း ေရာက္ေနပါေစ။
– ထိုင္ခုံမွာ ထိုင္တဲ့အခါ ခါး၊ ေက်ာ႐ိုးနဲ႔ လည္ပင္းအ႐ိုးအဆစ္ေတြကို ဒဏ္မျဖစ္ေစဖို႔ သက္ေတာင့္သက္သာ ျဖစ္မယ့္ အေနအထားနဲ႔ ထိုင္ပါ။
– နာရီဝက္ျခား တစ္ခါ မတ္တပ္ရပ္ၿပီး လမ္းထေလွ်ာက္တာ၊ ကြန္ပ်ဴတာနဲ႔ အေဝးတစ္ေနရာ ၾကည့္တာ၊ အေၾကာအခ်ဥ္ေလွ်ာ့တာမ်ိဳး လုပ္ေပးပါ။
၂။ မ်က္စိကိုက္လာမယ္
ကြန္ပ်ဴတာမ်က္ႏွာျပင္ကိုပဲ အခ်ိန္ၾကာရွည္စြာ ၾကည့္တဲ့အခါ မ်က္လုံးက ပိုၿပီး အားစိုက္ရပါတယ္။ ဒါေၾကာင့္ အခ်ိန္ၾကာလာတဲ့အခါ မ်က္လုံးက ဒဏ္ျဖစ္လာတယ္။ မ်က္စိမႈန္တာ၊ အမြင်အာ႐ုံေ၀ဝါးတာ၊ အေဝးမွာ ရွိတဲ့အရာေတြကို ေသခ်ာအားစိုက္ၿပီး ၾကည့္လို႔မရေတာ့ဘူး။ ေခါင္းေတြကိုက္လာမယ္။ အာ႐ုံေၾကာစနစ္လည္း အားနည္းႏိုင္ပါတယ္။
ဘယ္လိုကာကြယ္မလဲ
– အျပင္ျပတင္းေပါက္က ေနအလင္းေရာင္ဟာ ကြန္ပ်ဴတာမ်က္ႏွာျပင္ေပၚ က်ေနတာမ်ိဳး မျဖစ္သင့္ပါဘူး။ အလင္းျပန္တဲ့အခါ မ်က္စိကို ပိုၿပီး ထိခိုက္ေစလို႔ပါ။
– မ်က္လုံးထဲ အလင္းတည့္တည့္ျပန္တာကို ေရွာင္ေပးပါ။
– ကြန္ပ်ဴတာနဲ႔ မ်က္လုံး အရမ္းမနီးကပ္ပါေစနဲ႔။
– ကြန္ပ်ဴတာ မီးအလင္းအေမွာင္ကို ေလွ်ာ့ထားပါ။
– မၾကာခဏ ကြန္ပ်ဴတာနဲ႔ ေဝးတဲ့ ေနရာေတြကို ၾကည့္ေပးပါ။ မ်က္စိကို ေခတၱခဏ မွိတ္ၿပီး အနားေပးပါ။
– အျမင္အာ႐ုံေဝဝါးတာ၊ ေခါင္းမူးေခါင္းကိုက္တာ ျဖစ္လာၿပီဆိုရင္ ဆရာဝန္နဲ႔ အျမန္ဆုံးျပသပါ။
ကိုယ့္မ်က္လုံးအေျခအေနကို မ်က္ေျခမျပတ္ေအာင္ မ်က္စိဆရာဝန္ဆီမွာ ပုံမွန္စစ္ေဆးမႈခံယူသင့္ပါတယ္။
၃။ ကေလးေတြ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အဝလြန္လာမယ္
ကြန္ပ်ဴတာေရွ႕မွာ အခ်ိန္အၾကာႀကီး ထိုင္ၿပီး ဂိမ္းေဆာ့ၾကတယ္။ စာလုပ္ၾကတယ္။ အထိုင္မ်ားၿပီး လႈပ္ရွားမႈနည္းလာတဲ့အခါမွာ ကေလးေတြ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေလးလံထိုင္းမႈိင္းလာမယ္။ အာ႐ုံစူးစိုက္မႈ အားနည္းလာမယ္။ ကိုယ္အေလးခ်ိန္ တက္လာၿပီး အဝလြန္လာမယ္။ ေနာက္ဆက္တြဲ ႏွလုံး၊ ေသြးတိုး၊ ဆီးခ်ိဳေရာဂါေတြ ျဖစ္ႏိုင္ေျခ ျမင့္တက္လာမွာပါ။
ဒါ့အျပင္ ကေလးေတြအ႐ြယ္ဟာ ႀကီးထြားဖြံ႕ၿဖိဳးရမယ့္ အ႐ြယ္ျဖစ္တာေၾကာင့္ ကိုယ္လက္လႈပ္ရွားမႈ မရွိတဲ့အခါမွာ တျခားကေလးေတြနဲ႔ အရပ္ခ်င္း၊ ခႏၶာကိုယ္အ႐ြယ္အစားခ်င္း ယွဥ္လိုက္တဲ့အခါ ေသးငယ္ေနမယ္။ စိတ္ပိုင္းဆိုင္ရာမွာလည္း ျပႆနာေတြ ျဖစ္လာမယ္။ ရန္လိုတဲ့ အျပဳအမူမ်ိဳးေတြ လုပ္လာမယ္။ မ်က္စိအေၾကာဆြဲတာလိုမ်ိဳး အာ႐ုံေၾကာနဲ႔ ဆက္စပ္ေနတဲ့ လကၡဏာေတြ ျဖစ္လာႏိုင္ပါတယ္။
ဘယ္လိုကာကြယ္မလဲ
ကေလးေတြ ကြန္ပ်ဴတာအသုံးမ်ားၿပီး က်န္းမာေရးျပႆနာေတြ မႀကဳံလာေစဖို႔အတြက္ မိဘေတြဘက္က ေသခ်ာ ဂ႐ုစိုက္ၿပီး အက်င့္လုပ္ေပးထားဖို႔ လိုပါတယ္။ အျပင္ထြက္ၿပီး ေပးကစားတာ၊ ကိုယ္လက္လႈပ္ရွားမႈ အတူလုပ္ေပးတာ အစရွိသျဖင့္ ကေလးေတြကို တက္တက္ႂကြႂကြ ျဖစ္ေအာင္ ေနထိုင္ပုံေတြကို စိတ္ရွည္ရွည္နဲ႔ ပုံသြင္းေပးပါ။
Team ( ႐ိုးရာေလး)
ကွန်ပျူတာအသုံးများရင် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာများ
=========================
တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ထဲမှာ ကွန်ပျူတာကို လူကြီး၊ လူငယ်၊ နေရာဒေသမရွေး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ ကွန်ပျူတာဟာ အလုပ်တွေ လျင်မြန်စွာ ပြီးနိုင်ဖို့ ကူညီပေးနိုင်တဲ့အပြင် ကျောင်း၊ လုပ်ငန်းခွင်တွေအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။
ဒါပေမဲ့ ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေး ပါပဲ။ လူသားတွေအတွက် အကျိုးရှိပေမယ့် မနက်ကနေ ညအထိ ကွန်ပျူတာရှေ့မှာပဲ ထိုင်ပြီး အလုပ်လုပ်နေမယ်၊ စာလုပ်နေရမယ်ဆိုရင်တော့ အနှေးနဲ့ အမြန် ကျန်းမာရေးပြဿနာတွေ ကြုံလာနိုင်ပါတယ်။ ကွန်ပျူတာသုံးလွန်းတဲ့သူတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ဝေမျှပေးချင်ပါတယ်။
၁။ အရိုး၊ အဆစ်တွေ နာကျင်ကိုက်ခဲမယ်
ကွန်ပျူတာကို ထိုင်ပြီး အသုံးပြုနေရတာဖြစ်တဲ့အတွက် အချိန်ကြာလာတဲ့အခါ ကျောနဲ့ လည်ပင်းမှာရှိတဲ့ အရိုး၊ အဆစ်တွေ ကိုက်ခဲနာကျင်လာမယ်။ ပုခုံးကြွက်သားတွေ ကိုက်ခဲလာမယ်။ ခေါင်းမူး၊ ခေါင်းကိုက်လာမယ်။ ထိုင်နေရတဲ့အခါ လှုပ်ရှားမှုမရှိပေမဲ့ ခန္ဓာကိုယ်က တချို့သော အစိတ်အပိုင်းတွေဟာ အချိန်အကြာကြီး ပုံမှန်အလုပ်လုပ်နေရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သွေးလည်ပတ်မှု နှေးလာမယ်။ နာကျင်မှုတွေ ခံစားလာရမယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲအန္တရာယ်တွေ ဖြစ်လာနိုင်ခြေ ပိုမြင့်လာပါတယ်။
ဘယ်လိုကာကွယ်မလဲ
– ကွန်ပျူတာအသုံးပြုဖို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ စားပွဲ၊ ကုလားထိုင်မှာ ထိုင်ပြီး အသုံးပြုပါ။
– ကွန်ပျူတာမျက်နှာပြင်ဟာ မျက်လုံးနဲ့ တစ်တန်းတည်း ဒါမှမဟုတ် မျက်လုံးအောက် နည်းနည်း ရောက်နေပါစေ။
– ထိုင်ခုံမှာ ထိုင်တဲ့အခါ ခါး၊ ကျောရိုးနဲ့ လည်ပင်းအရိုးအဆစ်တွေကို ဒဏ်မဖြစ်စေဖို့ သက်တောင့်သက်သာ ဖြစ်မယ့် အနေအထားနဲ့ ထိုင်ပါ။
– နာရီဝက်ခြား တစ်ခါ မတ်တပ်ရပ်ပြီး လမ်းထလျှောက်တာ၊ ကွန်ပျူတာနဲ့ အဝေးတစ်နေရာ ကြည့်တာ၊ အကြောအချဉ်လျှော့တာမျိုး လုပ်ပေးပါ။
၂။ မျက်စိကိုက်လာမယ်
ကွန်ပျူတာမျက်နှာပြင်ကိုပဲ အချိန်ကြာရှည်စွာ ကြည့်တဲ့အခါ မျက်လုံးက ပိုပြီး အားစိုက်ရပါတယ်။ ဒါကြောင့် အချိန်ကြာလာတဲ့အခါ မျက်လုံးက ဒဏ်ဖြစ်လာတယ်။ မျက်စိမှုန်တာ၊ အမွငျအာရုံေ၀ဝါးတာ၊ အဝေးမှာ ရှိတဲ့အရာတွေကို သေချာအားစိုက်ပြီး ကြည့်လို့မရတော့ဘူး။ ခေါင်းတွေကိုက်လာမယ်။ အာရုံကြောစနစ်လည်း အားနည်းနိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
– အပြင်ပြတင်းပေါက်က နေအလင်းရောင်ဟာ ကွန်ပျူတာမျက်နှာပြင်ပေါ် ကျနေတာမျိုး မဖြစ်သင့်ပါဘူး။ အလင်းပြန်တဲ့အခါ မျက်စိကို ပိုပြီး ထိခိုက်စေလို့ပါ။
– မျက်လုံးထဲ အလင်းတည့်တည့်ပြန်တာကို ရှောင်ပေးပါ။
– ကွန်ပျူတာနဲ့ မျက်လုံး အရမ်းမနီးကပ်ပါစေနဲ့။
– ကွန်ပျူတာ မီးအလင်းအမှောင်ကို လျှော့ထားပါ။
– မကြာခဏ ကွန်ပျူတာနဲ့ ဝေးတဲ့ နေရာတွေကို ကြည့်ပေးပါ။ မျက်စိကို ခေတ္တခဏ မှိတ်ပြီး အနားပေးပါ။
– အမြင်အာရုံဝေဝါးတာ၊ ခေါင်းမူးခေါင်းကိုက်တာ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။
ကိုယ့်မျက်လုံးအခြေအနေကို မျက်ခြေမပြတ်အောင် မျက်စိဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးမှုခံယူသင့်ပါတယ်။
၃။ ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အဝလွန်လာမယ်
ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး ထိုင်ပြီး ဂိမ်းဆော့ကြတယ်။ စာလုပ်ကြတယ်။ အထိုင်များပြီး လှုပ်ရှားမှုနည်းလာတဲ့အခါမှာ ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ လေးလံထိုင်းမှိုင်းလာမယ်။ အာရုံစူးစိုက်မှု အားနည်းလာမယ်။ ကိုယ်အလေးချိန် တက်လာပြီး အဝလွန်လာမယ်။ နောက်ဆက်တွဲ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါတွေ ဖြစ်နိုင်ခြေ မြင့်တက်လာမှာပါ။
ဒါ့အပြင် ကလေးတွေအရွယ်ဟာ ကြီးထွားဖွံ့ဖြိုးရမယ့် အရွယ်ဖြစ်တာကြောင့် ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့အခါမှာ တခြားကလေးတွေနဲ့ အရပ်ချင်း၊ ခန္ဓာကိုယ်အရွယ်အစားချင်း ယှဉ်လိုက်တဲ့အခါ သေးငယ်နေမယ်။ စိတ်ပိုင်းဆိုင်ရာမှာလည်း ပြဿနာတွေ ဖြစ်လာမယ်။ ရန်လိုတဲ့ အပြုအမူမျိုးတွေ လုပ်လာမယ်။ မျက်စိအကြောဆွဲတာလိုမျိုး အာရုံကြောနဲ့ ဆက်စပ်နေတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
ကလေးတွေ ကွန်ပျူတာအသုံးများပြီး ကျန်းမာရေးပြဿနာတွေ မကြုံလာစေဖို့အတွက် မိဘတွေဘက်က သေချာ ဂရုစိုက်ပြီး အကျင့်လုပ်ပေးထားဖို့ လိုပါတယ်။ အပြင်ထွက်ပြီး ပေးကစားတာ၊ ကိုယ်လက်လှုပ်ရှားမှု အတူလုပ်ပေးတာ အစရှိသဖြင့် ကလေးတွေကို တက်တက်ကြွကြွ ဖြစ်အောင် နေထိုင်ပုံတွေကို စိတ်ရှည်ရှည်နဲ့ ပုံသွင်းပေးပါ။
Team ( ရိုးရာလေး)