=======================
#Eleven
အမှတ်တရလက်မှတ်ထိုးထားတဲ့ ပေါ်တူဂီအသင်းဂျာစီကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံ စီရော်နယ်လ်ဒို ပေးပို့
=======================
ပေါ်တူဂီနာမည်ကျော်ဘောလုံးသမား စီရော်နယ်လ်ဒိုဟာ အမှတ်တရလက်မှတ်ထိုးထားတဲ့ ပေါ်တူဂီအသင်းဂျာစီကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံ လက်ဆောင်ပေးပို့ခဲ့ပါတယ်။
စီရော်နယ်လ်ဒိုဟာ ဥရောပကောင်စီဥက္ကဋ္ဌဖြစ်တဲ့ အန်တိုနီယိုကော်စတာကတစ်ဆင့် ဒေါ်နယ်ထရန့်ကို လက်ဆောင်ပေးခဲ့တာဖြစ်တယ်။
ပေါ်တူဂီအသင်းဂျာစီမှာ စီရော်နယ်လ်ဒိုက ”ငြိမ်းချမ်းရေးလုပ်ဆောင်နေတဲ့ သမ္မတ ဒေါ်နယ်ထရန့်သို့”လို့ ရေးသားပြီး သူ့လက်မှတ်ထိုးထားခဲ့ပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြ အန်တိုနီယိုကော်စတာဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ကနေဒါနိုင်ငံ၊ Alberta မြို့ကို ရောက်လာပြီး သမ္မတ ဒေါ်နယ်ထရန့်နဲ့တွေ့ဆုံချိန် ပေးအပ်ခဲ့ပါတယ်။
အန်တိုနီယိုကော်စတာက စီရော်နယ်လ်ဒို ဂျာစီပေါ်မှာ ရေးသားထားတဲ့စာသားကိုလည်း ကျယ်လောင်စွာ ဖတ်ပြခဲ့ပါတယ်။
ဒေါ်နယ်ထရန့်(၇၉ နှစ်)က စီရော်နယ်လ်ဒိုပေးတဲ့ ဂျာစီကို လက်နှစ်ဖက်နဲ့ ကိုင်တွယ်ပြီး ဓာတ်ပုံရိုက်ခံခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက ”ငြိမ်းချမ်းရေးလုပ်ဆောင်ရတာကို ကျွန်တော် ကြိုက်ပါတယ်”လို့လည်း ပြန်ပြောခဲ့ပါတယ်။
#Eleven