တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ ဖိတ္ၾကားခ်က္အရ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသို႔ ေလ့လာေရးခရီးထြက္ခြာ
တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ ဖိတ္ၾကားခ်က္အရ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသို႔ ေလ့လာေရးခရီးထြက္ခြာ
========================
ဇြန္ ၁၆၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ဦးေဆာင္ေသာ အဖြဲ႕ဝင္ ၂၀ ဦးပါ ကိုယ္စားလွယ္အဖြဲ႕သည္ တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ ဖိတ္ၾကားခ်က္အရ ၂၀၂၅ ခုႏွစ္၊ ဇြန္လ ၁၆ ရက္ေန႔ မွ ၂၄ရက္ ေန႔ထိ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသို႔ ေလ့လာေရးခရီး သြားေရာက္ရန္အတြက္ ၁၆-၆-၂၀၂၅ ရက္ေန႔ ၁၁၂၅ နာရီ ခ်ိန္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ထြက္ခြာသြားခဲ့ၾကပါသည္။
အဆိုပါခရီးစဥ္အား ၂၀၂၅ ခုႏွစ္ ဧၿပီလကတည္းက သြားေရာက္ရန္ စီစဥ္ထားရွိခဲ့ေသာ္လည္း မတ္လ ၂၈ ရက္ေန႔တြင္ လႈပ္ခတ္ခဲ့သည့္ မႏၲေလးငလ်င္ႀကီးေၾကာင့္ ထိခိုက္ပ်က္စီး ဆုံးရႈံးမႈမ်ားအတြက္ ကူညီေစာင့္ေရွာက္ေရးလုပ္ငန္းမ်ားအား ပါတီတစ္ရပ္ အေနျဖင့္ အင္တိုက္အားတိုက္ ေဆာင္႐ြက္ႏိုင္ရန္ ခရီးစဥ္အား ေ႐ႊ႕ဆိုင္းခဲ့ျခင္း ျဖစ္ပါသည္။
ကိုယ္စားလွယ္အဖြဲ႕အား ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ဦးေဆာင္ၿပီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ (၁၀) ဦး၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ (၄)ဦး၊ ျမန္မာ့ေတာင္သူလယ္သမား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီမွ (၃)ဦး၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွ (၂) ဦး၊ စုစုေပါင္း (၁၉)ဦး လိုက္ပါသြားခဲ့ၾကပါသည္။
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ႏွင့္ ပါတီကိုယ္စားလွယ္အဖြဲ႕ ျပည္ပထြက္ခြာရာသို႔ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသံ႐ုံးမွ Counsellor ျဖစ္သူ Mr.Wang Daopan ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္၊ ရန္ကုန္တိုင္းေဒသႀကီး ပါတီေကာ္မတီဥကၠ႒ ဦးခင္ေမာင္စိုး ႏွင့္ ေကာ္မတီဝင္မ်ား၊ ႏိုင္ငံတကာေရးရာဌာနမွ တာဝန္ရွိသူမ်ားမွ လိုက္ပါပို႔ေဆာင္ ႏႈတ္ဆက္ခဲ့ၾကပါသည္။
တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာ
========================
ဇွန် ၁၆၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော အဖွဲ့ဝင် ၂၀ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ မှ ၂၄ရက် နေ့ထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ရန်အတွက် ၁၆-၆-၂၀၂၅ ရက်နေ့ ၁၁၂၅ နာရီ ချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ကြပါသည်။
အဆိုပါခရီးစဉ်အား ၂၀၂၅ ခုနှစ် ဧပြီလကတည်းက သွားရောက်ရန် စီစဉ်ထားရှိခဲ့သော်လည်း မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများအတွက် ကူညီစောင့်ရှောက်ရေးလုပ်ငန်းများအား ပါတီတစ်ရပ် အနေဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ရန် ခရီးစဉ်အား ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်ပါသည်။
ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၁၀) ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၄)ဦး၊ မြန်မာ့တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ (၃)ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ (၂) ဦး၊ စုစုပေါင်း (၁၉)ဦး လိုက်ပါသွားခဲ့ကြပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နှင့် ပါတီကိုယ်စားလှယ်အဖွဲ့ ပြည်ပထွက်ခွာရာသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counsellor ဖြစ်သူ Mr.Wang Daopan ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုး နှင့် ကော်မတီဝင်များ၊ နိုင်ငံတကာရေးရာဌာနမှ တာဝန်ရှိသူများမှ လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြပါသည်။