ျပည္ခိုင္ၿဖိဳးပါတီဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေမာင္သင္းႏွင့္ မႏၲေလးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီမွ G-12 စာေမးပြဲေျဖဆိုသည့္ ေက်ာင္း သား/သူမ်ားကို အားေပးစကား ေျပာၾကားၿပီး ေရသန္႔ဗူးမ်ားလႉဒါန္း

ျပည္ခိုင္ၿဖိဳးပါတီဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေမာင္သင္းႏွင့္ မႏၲေလးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီမွ G-12 စာေမးပြဲေျဖဆိုသည့္ ေက်ာင္း သား/သူမ်ားကို အားေပးစကား ေျပာၾကားၿပီး ေရသန္႔ဗူးမ်ားလႉဒါန္း
===========================
မႏၲေလး ဇြန္ ၁၆

ယေန႔ (၁၆-၆-၂၀၂၅)ေန႔တြင္ မႏၲေလးတိုင္းေဒသႀကီးအတြင္း စာေျဖဌာနမ်ား၌ G-12 စာေမးပြဲစတင္ေျဖဆိုခဲ့ရာ ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္ အမႈေဆာင္၊ေဒါက္တာေမာင္သင္း၊ မႏၲေလးတိုင္းေဒသႀကီးပါတီအတြင္းေရးမႉး ဦးၫြန္႔ေဆာင္ႏွင့္တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ား၊မဟာေအာင္ေျမခ႐ိုင္ပါတီဥကၠဌ ဦးျမင့္သန္း၊အတြင္းေရးမႈး ဦးဝင္းလႈိင္ၿငိမ္းႏွင့္ေကာ္မတီဝင္မ်ား၊ေအာင္ေျမသာစံ၊ခ်မ္းေအးသာစံ၊မဟာေအာင္ေျမ၊ခ်မ္းျမသာစည္၊ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တို႔မွ ဥကၠဌ၊အတြင္းေရးမႈးႏွင့္ေကာ္မတီဝင္မ်ား၊လူငယ္၊အမ်ိဳးသမီးပါတီဝင္မ်ား သည္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ျပည္ႀကီးမ်က္မွန္ရပ္ကြက္ရွိ အထက (၁၆)စာေျဖဌာနသို႔ သြားေရာက္ကာ ေက်ာင္းသားမိဘမ်ားအား ေတြ႕ဆုံအားေပးစကားမ်ား ေျပာၾကားခဲ့ပါ သည္။

၎ေနာက္’၁၂:၀၀)အခ်ိန္တြင္ G-12 စာေမးပြဲ ေျဖဆိုၿပီးလာသည့္ ေက်ာင္းသား/သူမ်ားကို အားေပးစကားေျပာၾကားၿပီး ေရသန္႔ဗူးမ်ား လႈဒါန္းခဲ့ပါသည္။

ယေန႔ မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ခိုင္ၿဖိဳးပါတီမွ အထက(၁၆)စာေျဖဌာနတြင္ G-12 စာေမးပြဲေျဖဆိုသည့္ ေက်ာင္းသား/သူ (၁၀၀၀)ေက်ာ္ႏွင့္စာေျဖဌာနတာဝန္က် ဆရာ/ဆရာမမ်ား၊လုံၿခဳံေရးတာဝန္က်သူမ်ားအတြက္ ေရသန္႔ဗူး (၁၅၀၀)ဗူး လႉဒါန္းခဲ့ပါသည္။


ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းနှင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ G-12 စာမေးပွဲဖြေဆိုသည့် ကျောင်း သား/သူများကို အားပေးစကား ပြောကြားပြီး ရေသန့်ဗူးများလှူဒါန်း
===========================
မန္တလေး ဇွန် ၁၆

ယနေ့ (၁၆-၆-၂၀၂၅)နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်း စာဖြေဌာနများ၌ G-12 စာမေးပွဲစတင်ဖြေဆိုခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်၊ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်နှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊မဟာအောင်မြေခရိုင်ပါတီဥက္ကဌ ဦးမြင့်သန်း၊အတွင်းရေးမှုး ဦးဝင်းလှိုင်ငြိမ်းနှင့်ကော်မတီဝင်များ၊အောင်မြေသာစံ၊ချမ်းအေးသာစံ၊မဟာအောင်မြေ၊ချမ်းမြသာစည်၊ပြည်ကြီးတံခွန်မြို့နယ်တို့မှ ဥက္ကဌ၊အတွင်းရေးမှုးနှင့်ကော်မတီဝင်များ၊လူငယ်၊အမျိုးသမီးပါတီဝင်များ သည် ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်မှန်ရပ်ကွက်ရှိ အထက (၁၆)စာဖြေဌာနသို့ သွားရောက်ကာ ကျောင်းသားမိဘများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပါ သည်။

၎င်းနောက်’၁၂:၀၀)အချိန်တွင် G-12 စာမေးပွဲ ဖြေဆိုပြီးလာသည့် ကျောင်းသား/သူများကို အားပေးစကားပြောကြားပြီး ရေသန့်ဗူးများ လှုဒါန်းခဲ့ပါသည်။

ယနေ့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ခိုင်ဖြိုးပါတီမှ အထက(၁၆)စာဖြေဌာနတွင် G-12 စာမေးပွဲဖြေဆိုသည့် ကျောင်းသား/သူ (၁၀၀၀)ကျော်နှင့်စာဖြေဌာနတာဝန်ကျ ဆရာ/ဆရာမများ၊လုံခြုံရေးတာဝန်ကျသူများအတွက် ရေသန့်ဗူး (၁၅၀၀)ဗူး လှူဒါန်းခဲ့ပါသည်။