ျပည္ေထာင္စု ႀကံခိုင္ေရးႏွင့္ ဖြံၿဖိဳးေရးပါတီ ဗဟိုအတြင္းေရးမႉး၊အမ်ိဳးသမီးေရးရာ တာဝန္ခံ ေဒါက္တာစန္းစန္းႏြယ္ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ အမ်ိဳးသမီး မ်ား ႏွင့္ ေတြ႕ဆုံ

ျပည္ေထာင္စု ႀကံခိုင္ေရးႏွင့္ ဖြံၿဖိဳးေရးပါတီ ဗဟိုအတြင္းေရးမႉး၊အမ်ိဳးသမီးေရးရာ တာဝန္ခံ ေဒါက္တာစန္းစန္းႏြယ္ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ အမ်ိဳးသမီး မ်ား ႏွင့္ ေတြ႕ဆုံ
=======================
ရန္ကုန္ ဇြန္ ၁၅

ျပည္ေထာင္စု ႀကံခိုင္ေရးႏွင့္ ဖြံၿဖိဳးေရးပါတီ ဗဟို အတြင္းေရးမႉး၊အမ်ိဳးသမီးေရးရာ တာဝန္ခံေဒါက္တာစန္းစန္းႏြယ္ ႏွင့္ ဗဟိုအလုပ္အမႈေဆာင္ ၊ ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠဌ ဦးခင္ေမာင္စိုးတို႔သည္ ယေန႔ ၁၅-၆-၂၀၂၅(တနဂၤေႏြေန႔) နံနက္ (၉:၃၀)အခ်ိန္က ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ အမ်ိဳးသမီး မ်ား ႏွင့္ တိုင္းေဒသႀကီး ပါတီ႐ုံး ခန္းမတြင္ ေတြ႕ဆုံပြဲက်င္းပခဲ့ပါသည္။

အစီအစဥ္အရ ႏိုင္ငံေတာ္သီခ်င္း သီဆို၍ ႏိုင္ငံေတာ္ အလံ အားအေလးျပဳၿပီးေတြ႕ဆုံပြဲအခမ္းအနားဖြင့္လွစ္ခဲ့ပါသည္။ထို႔ေနာက္ ဗဟို အတြင္းေရးမႉး၊အမ်ိဳးသမီးေရးရာ တာဝန္ခံ ေဒါက္တာစန္းစန္းႏြယ္မွအဖြင့္ႏႈတ္ခြန္းဆက္ စကားေျပာၾကား ခဲ့ၿပီး ဗဟိုအလုပ္အမႈေဆာင္ တိုင္းေဒသႀကီး ပါတီဥကၠဌ ဦးခင္ေမာင္စိုးက အမွာစကားေျပာၾကားခဲ့ပါသည္။

ဆက္လက္၍ အတြင္းေရးမႉး၊အမ်ိဳးသမီးေရးရာတာဝန္ခံ ေဒါက္တာေဒၚစန္းစန္းႏြယ္မွျမန္မာႏိုင္ငံရဲ႕
လူဦးေရ ထက္ဝက္ေက်ာ္က အမ်ိဳးသမီးမ်ားျဖစ္ေၾကာင္း၊ အမ်ိဳးသမီးမ်ားသည္ ေနရာတိုင္း ၊အဖြဲ႕ အစည္းတိုင္းတြင္ပါဝင္လွ်က္ရွိေၾကာင္း ျပည္သူကိုစည္႐ုံးရာတြင္လည္းပါတီကို မဟုတ္ပဲ ျပည္သူကိုအက်ိဳးျပဳမည့္ပါတီကိုေ႐ြးခ်ယ္တတ္ဖို႔ ျပည္သူမ်ားသိရွိနားလည္သေဘာေပါက္ေအာင္
ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊အမ်ိဳးသမီးမ်ားအေနျဖင့္အားငယ္ဖို႔မလိုပဲ ပါတီဝင္တိုင္းသည္ေခါင္းေဆာင္မ်ားျဖစ္ပါေၾကာင္း ၊ အမ်ိဳးသမီးထုရဲ႕အခက္အခဲေတြကို လမ္းၫႊန္ေပးဖို႔အတြက္ အားလုံးအတူပူးေပါင္းေဆာင္႐ြက္သြားရန္လိုအပ္ပါေၾကာင္း၊ အခက္အခဲေတြကို အျပန္အလွန္ေျဖရွင္း၍ ရင္ဘတ္တူသူမ်ားေရွ႕ဆက္ ေဆာင္႐ြက္သြားၾကမည္ဟု ေျပာၾကားပါသည္။

၎ေနာက္ ရန္ကုန္တိုင္းေဒသႀကီး ပါတီေကာ္မတီဝင္ တိုင္းအမ်ိဳးသမီးေရးရာ တာဝန္ခံ၊ေဒၚစန္းစန္ဝင္းမွေဆြးေႏြးေျပာၾကားရာတြင္ ခ႐ိုင္၊ၿမိဳ႕နယ္မွာရွိတဲ့ အမ်ိဳးသမီးတာဝန္ခံေတြဟာ အမ်ိဳးသမီးငယ္ေတြကိုလက္တြဲေခၚရန္လိုအပ္ေၾကာင္း၊ မိမိတို႔ပါတီဝင္အမ်ိဳးသမီးေတြဟာ သင္တန္းေပါင္းစုံစနစ္တက်တက္ကြၽမ္းထားသူမ်ား ျဖစ္ပါေၾကာင္းေျပာၾကားခဲ့ၿပီး တက္ေရာက္လာေသာအမ်ိဳးသမီးမ်ားက ေဆြးေႏြးတင္ျပခ်က္မ်ားကို ဗဟိုအတြင္းေရးမႉးမွ ျပန္လည္ရွင္းလင္းေျဖၾကား၍ေတြ႕ဆုံပြဲ အခမ္းအနားၿပီးေျမာက္ခဲ့ေၾကာင္းသတင္းရရွိပါသည္။


ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊အမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာစန်းစန်းနွယ်ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အမျိုးသမီး များ နှင့် တွေ့ဆုံ
=======================
ရန်ကုန် ဇွန် ၁၅

ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူး၊အမျိုးသမီးရေးရာ တာဝန်ခံဒေါက်တာစန်းစန်းနွယ် နှင့် ဗဟိုအလုပ်အမှုဆောင် ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဌ ဦးခင်မောင်စိုးတို့သည် ယနေ့ ၁၅-၆-၂၀၂၅(တနင်္ဂနွေနေ့) နံနက် (၉:၃၀)အချိန်က ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အမျိုးသမီး များ နှင့် တိုင်းဒေသကြီး ပါတီရုံး ခန်းမတွင် တွေ့ဆုံပွဲကျင်းပခဲ့ပါသည်။

အစီအစဉ်အရ နိုင်ငံတော်သီချင်း သီဆို၍ နိုင်ငံတော် အလံ အားအလေးပြုပြီးတွေ့ဆုံပွဲအခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။ထို့နောက် ဗဟို အတွင်းရေးမှူး၊အမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာစန်းစန်းနွယ်မှအဖွင့်နှုတ်ခွန်းဆက် စကားပြောကြား ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဌ ဦးခင်မောင်စိုးက အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ အတွင်းရေးမှူး၊အမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာဒေါ်စန်းစန်းနွယ်မှမြန်မာနိုင်ငံရဲ့
လူဦးရေ ထက်ဝက်ကျော်က အမျိုးသမီးများဖြစ်ကြောင်း၊ အမျိုးသမီးများသည် နေရာတိုင်း ၊အဖွဲ့ အစည်းတိုင်းတွင်ပါဝင်လျှက်ရှိကြောင်း ပြည်သူကိုစည်ရုံးရာတွင်လည်းပါတီကို မဟုတ်ပဲ ပြည်သူကိုအကျိုးပြုမည့်ပါတီကိုရွေးချယ်တတ်ဖို့ ပြည်သူများသိရှိနားလည်သဘောပေါက်အောင်
ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊အမျိုးသမီးများအနေဖြင့်အားငယ်ဖို့မလိုပဲ ပါတီဝင်တိုင်းသည်ခေါင်းဆောင်များဖြစ်ပါကြောင်း ၊ အမျိုးသမီးထုရဲ့အခက်အခဲတွေကို လမ်းညွှန်ပေးဖို့အတွက် အားလုံးအတူပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ အခက်အခဲတွေကို အပြန်အလှန်ဖြေရှင်း၍ ရင်ဘတ်တူသူများရှေ့ဆက် ဆောင်ရွက်သွားကြမည်ဟု ပြောကြားပါသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် တိုင်းအမျိုးသမီးရေးရာ တာဝန်ခံ၊ဒေါ်စန်းစန်ဝင်းမှဆွေးနွေးပြောကြားရာတွင် ခရိုင်၊မြို့နယ်မှာရှိတဲ့ အမျိုးသမီးတာဝန်ခံတွေဟာ အမျိုးသမီးငယ်တွေကိုလက်တွဲခေါ်ရန်လိုအပ်ကြောင်း၊ မိမိတို့ပါတီဝင်အမျိုးသမီးတွေဟာ သင်တန်းပေါင်းစုံစနစ်တကျတက်ကျွမ်းထားသူများ ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး တက်ရောက်လာသောအမျိုးသမီးများက ဆွေးနွေးတင်ပြချက်များကို ဗဟိုအတွင်းရေးမှူးမှ ပြန်လည်ရှင်းလင်းဖြေကြား၍တွေ့ဆုံပွဲ အခမ်းအနားပြီးမြောက်ခဲ့ကြောင်းသတင်းရရှိပါသည်။