အီရန္က အစၥေရးကို လက္တုံ႔ျပန္တိုက္ခိုက္မႈမ်ား ျပဳလုပ္
အီရန္က အစၥေရးကို လက္တုံ႔ျပန္တိုက္ခိုက္မႈမ်ား ျပဳလုပ္
====================
အီရန္တပ္မေတာ္သည္ အစၥေရးႏိုင္ငံကို ပဲ့ထိန္းဒုံးက်ည္မ်ားျဖင့္ လက္တုံ႔ျပန္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း၊ ေလေၾကာင္းတိုက္ခိုက္မႈမ်ားေၾကာင့္ ႏွစ္ႏိုင္ငံစလုံးတြင္ ေသဆုံးမႈႏွင့္ ဒဏ္ရာရရွိမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း အင္န္အိတ္ခ်္ေကသတင္းတြင္ ေဖာ္ျပထားသည္။
အစၥေရးေလတပ္စခန္းမ်ားႏွင့္ အျခားစစ္ဘက္ေနရာမ်ားကို အီရန္က ဇြန္လ ၁၄ ရက္တြင္ ပဲ့ထိန္းဒုံးက်ည္ႏွင့္ ဒ႐ုန္းမ်ားျဖင့္တိုက္ခိုက္ခဲ့ေၾကာင္း၊ တိုက္ခိုက္မႈမ်ားတြင္ ပစ္မွတ္ဒါဇင္ႏွင့္ခ်ီ ထိမွန္ခဲ့ေၾကာင္း အီရန္ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕က ေျပာၾကားသည္။
တဲလ္အဗီးၿမိဳ႕ေပၚႏွင့္ ဆင္ေျခဖုံးမ်ားတြင္ တိုက္ခိုက္မႈမ်ားေၾကာင့္ တစ္ဦးေသဆုံးၿပီး ၆၀ ေက်ာ္ဒဏ္ရာရရွိေၾကာင္း အစၥေရးမီဒီယာက ေဖာ္ျပသည္။
သို႔ေသာ္ အီရန္သည္ ဒုံးက်ည္ ၁၀၀ ေအာက္သာ ပစ္လႊတ္ခဲ့ေၾကာင္း၊ အမ်ားစုကို အစၥေရးတပ္မေတာ္က ပစ္မွတ္မ်ားမေရာက္မီ ၾကားျဖတ္ပစ္ခ်ဟန႔္တားႏိုင္ခဲ့ေၾကာင္း ေျပာၾကားသည္။
အစၥေရးသည္ ဇြန္လ ၁၃ ရက္က အီရန္ရွိ န်ဴကလီးယားစက္႐ုံမ်ားအပါအဝင္ ပစ္မွတ္ ၁၀၀ ေက်ာ္ကို ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ၇၈ ဦး ေသဆုံးၿပီး ၃၀၀ ေက်ာ္ ဒဏ္ရာရရွိခဲ့သည္ဟု သတင္းမ်ားကေဖာ္ျပသည္။
အဆိုပါတိုက္ခိုက္မႈကို အီရန္က လက္တုံ႔ျပန္ တိုက္ခိုက္ျခင္းျဖစ္သည္။ န်ဴကလီးယားစက္႐ုံအတြင္း ေရဒီယိုသတၱိမ်ားရွိႏိုင္ေၾကာင္း အီရန္အစိုးရပိုင္ ႐ုပ္ျမင္သံၾကားက ေဖာ္ျပခဲ့ ေသာ္လည္း အျပည္ျပည္ဆိုင္ရာအဏုျမဴစြမ္းအင္ေအဂ်င္စီ အရာရွိမ်ားက စက္႐ုံျပင္ပ၌ ေရဒီယိုသတၱိႂကြမႈ အဆင့္မ်ား ျမင့္တက္မလာေၾကာင္း ေျပာၾကားသည္။
သို႔ေသာ္လည္း အေျခအေနကို ဆက္လက္ေစာင့္ၾကည့္ သြားမည္ဟုသိရသည္။ အျပည္ျပည္ဆိုင္ရာအဏုျမဴစြမ္းအင္ေအဂ်င္စီ ၫႊန္ၾကားေရးမႉးခ်ဳပ္ ရာေဖးလ္ဂ႐ိုစီ က လူႏွင့္ ပတ္ဝန္းက်င္ကိုပါ ထိခိုက္ႏိုင္ေစႏိုင္သျဖင့္ မည္သည့္အေျခအေနတြင္မဆို န်ဴကလီးယားစက္႐ုံမ်ားကို တိုက္ခိုက္မႈမျပဳလုပ္သင့္ေၾကာင္း ေျပာၾကားထားသည္။
အီရန္ထိပ္တန္းေခါင္းေဆာင္ အယာတိုလာ အလီခါေမနီ က အစၥေရးကစတင္ခဲ့သည့္ တိုက္ခိုက္မႈမ်ားကို ရာဇဝတ္မႈက်ဴးလြန္ျခင္းျဖစ္ေၾကာင္း ေျပာၾကားလိုက္ၿပီး လက္စားေခ်သြားမည္ဟု တုံ႔ျပန္ထားသည္။
အီရန်က အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်
====================
အီရန်တပ်မတော်သည် အစ္စရေးနိုင်ငံကို ပဲ့ထိန်းဒုံးကျည်များဖြင့် လက်တုံ့ပြန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် နှစ်နိုင်ငံစလုံးတွင် သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြထားသည်။
အစ္စရေးလေတပ်စခန်းများနှင့် အခြားစစ်ဘက်နေရာများကို အီရန်က ဇွန်လ ၁၄ ရက်တွင် ပဲ့ထိန်းဒုံးကျည်နှင့် ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုများတွင် ပစ်မှတ်ဒါဇင်နှင့်ချီ ထိမှန်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောကြားသည်။
တဲလ်အဗီးမြို့ပေါ်နှင့် ဆင်ခြေဖုံးများတွင် တိုက်ခိုက်မှုများကြောင့် တစ်ဦးသေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရရှိကြောင်း အစ္စရေးမီဒီယာက ဖော်ပြသည်။
သို့သော် အီရန်သည် ဒုံးကျည် ၁၀၀ အောက်သာ ပစ်လွှတ်ခဲ့ကြောင်း၊ အများစုကို အစ္စရေးတပ်မတော်က ပစ်မှတ်များမရောက်မီ ကြားဖြတ်ပစ်ချဟန့်တားနိုင်ခဲ့ကြောင်း ပြောကြားသည်။
အစ္စရေးသည် ဇွန်လ ၁၃ ရက်က အီရန်ရှိ နျူကလီးယားစက်ရုံများအပါအဝင် ပစ်မှတ် ၁၀၀ ကျော်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇၈ ဦး သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သတင်းများကဖော်ပြသည်။
အဆိုပါတိုက်ခိုက်မှုကို အီရန်က လက်တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်သည်။ နျူကလီးယားစက်ရုံအတွင်း ရေဒီယိုသတ္တိများရှိနိုင်ကြောင်း အီရန်အစိုးရပိုင် ရုပ်မြင်သံကြားက ဖော်ပြခဲ့ သော်လည်း အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ အရာရှိများက စက်ရုံပြင်ပ၌ ရေဒီယိုသတ္တိကြွမှု အဆင့်များ မြင့်တက်မလာကြောင်း ပြောကြားသည်။
သို့သော်လည်း အခြေအနေကို ဆက်လက်စောင့်ကြည့် သွားမည်ဟုသိရသည်။ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် ရာဖေးလ်ဂရိုစီ က လူနှင့် ပတ်ဝန်းကျင်ကိုပါ ထိခိုက်နိုင်စေနိုင်သဖြင့် မည်သည့်အခြေအနေတွင်မဆို နျူကလီးယားစက်ရုံများကို တိုက်ခိုက်မှုမပြုလုပ်သင့်ကြောင်း ပြောကြားထားသည်။
အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီ က အစ္စရေးကစတင်ခဲ့သည့် တိုက်ခိုက်မှုများကို ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ပြောကြားလိုက်ပြီး လက်စားချေသွားမည်ဟု တုံ့ပြန်ထားသည်။