ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီႏွင့္ မဂၤလာဒုံၿမိဳ႕နယ္မွ ပါတီဝင္မိသားစုမ်ား ေတြ႕ဆုံပြဲအခမ္းအနားျပဳလုပ္
ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီႏွင့္ မဂၤလာဒုံၿမိဳ႕နယ္မွ ပါတီဝင္မိသားစုမ်ား ေတြ႕ဆုံပြဲအခမ္းအနားျပဳလုပ္
==================
ဇြန္ ၆၊ ရန္ကုန္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၆-၆-၂၀၂၅ ရက္ေန႔ နံနက္ ၀၉၃၀ နာရီအခ်ိန္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္၊ ပါတီဌာနခ်ဳပ္႐ုံးခြဲ(ရန္ကုန္)တြင္ က်င္းပျပဳလုပ္ေသာ မဂၤလာဒုံၿမိဳ႕နယ္မွ မိသားစုလိုက္ပါတီဝင္ခဲ့ၾကေသာ ပါတီဝင္မိသားစု (၇၅)စုႏွင့္ ေတြ႕ဆုံပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။
အခမ္းအနားကို ႏိုင္ငံေတာ္အလံအေလးျပဳ၍ ႏိုင္ငံေတာ္သီခ်င္းသီဆိုဖြင့္လွစ္ခဲ့ၿပီး ပါတီဥကၠ႒ ဦးခင္ရီက ပါတီဝင္မိသားစုမ်ားအား ႀကိဳဆိုႏႈတ္ခြန္းဆက္စကား ေျပာၾကားခဲ့ပါသည္။ ထို႔ေနာက္ အခမ္းအနားသို႔ တက္ေရာက္လာေသာ ပါတီဝင္မ်ားက သိရွိလိုသည္မ်ားအား တင္ျပေမးျမန္းၾကရာ ပါတီဥကၠ႒မွ ျပန္လည္ေဆြးေႏြးေျဖၾကားခဲ့ၿပီး နိဂုံးခ်ဳပ္အမွာစကား ေျပာၾကားကာ တက္ေရာက္လာသူမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ခဲ့ၿပီး ေန႔လည္ ၁၁၅၀ အခ်ိန္တြင္ ေတြ႕ဆုံပြဲအခမ္းအနား ေအာင္ျမင္စြာ ၿပီးေျမာက္ခဲ့ပါသည္။
အဆိုပါ ပါတီဝင္မိသားစုမ်ားႏွင့္ေတြ႕ဆုံပြဲအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဗဟိုေကာ္မတီဝင္မ်ား၊ ရန္ကုန္တိုင္းေဒသႀကီး ပါတီအတြင္းေရးမႉးႏွင့္ ေကာ္မတီဝင္မ်ား၊ ခ႐ိုင္ပါတီဥကၠ႒မ်ား၊ မဂၤလာဒုံၿမိဳ႕နယ္ပါတီဥကၠ႒ႏွင့္ ေကာ္မတီဝင္မ်ား၊ မိသားစုလိုက္ပါတီဝင္ခဲ့ၾကေသာ အိမ္ေထာင္စု (၇၅)စုမွ ပါတီဝင္မိသားစုမ်ား၊ စုစုေပါင္း (၂၆၃)ဦးတို႔ တက္ေရာက္ခဲ့ေၾကာင္းသတင္းရရွိပါသည္။
_______________________
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် မင်္ဂလာဒုံမြို့နယ်မှ ပါတီဝင်မိသားစုများ တွေ့ဆုံပွဲအခမ်းအနားပြုလုပ်
==================
ဇွန် ၆၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၆-၆-၂၀၂၅ ရက်နေ့ နံနက် ၀၉၃၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ပါတီဌာနချုပ်ရုံးခွဲ(ရန်ကုန်)တွင် ကျင်းပပြုလုပ်သော မင်္ဂလာဒုံမြို့နယ်မှ မိသားစုလိုက်ပါတီဝင်ခဲ့ကြသော ပါတီဝင်မိသားစု (၇၅)စုနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပါတီဝင်မိသားစုများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ပါတီဝင်များက သိရှိလိုသည်များအား တင်ပြမေးမြန်းကြရာ ပါတီဥက္ကဋ္ဌမှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး နေ့လည် ၁၁၅၀ အချိန်တွင် တွေ့ဆုံပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
အဆိုပါ ပါတီဝင်မိသားစုများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများ၊ မင်္ဂလာဒုံမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မိသားစုလိုက်ပါတီဝင်ခဲ့ကြသော အိမ်ထောင်စု (၇၅)စုမှ ပါတီဝင်မိသားစုများ၊ စုစုပေါင်း (၂၆၃)ဦးတို့ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။