(၁၅)ႏွစ္ေျမာက္ ျပည္ခိုင္ၿဖိဳးပါတီႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္ စုေပါင္းေသြးလႉဒါန္း
(၁၅)ႏွစ္ေျမာက္ ျပည္ခိုင္ၿဖိဳးပါတီႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္ စုေပါင္းေသြးလႉဒါန္း
==============================
ေနျပည္ေတာ္ ဇြန္ ၆
ဇြန္လ (၈)ရက္ေန႔တြင္ က်ေရာက္မည့္ (၁၅)ႏွစ္ေျမာက္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးပါတီ ႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္အျဖစ္ ျပည္ခိုင္ၿဖိဳးပါတီ၊ဌာနခ်ဳပ္ဦးစီး႐ုံးအဖြဲ႕ဝင္မ်ားႏွင့္ ျပည္ခိုင္ၿဖိဳးပါတီကိုအားေပးေထာက္ခံဝန္ရံသူမ်ား စုစုေပါင္း (၅၀)ဦးတို႔မွ ေနျပည္ေတာ္၊ဇဗၺဴသီရိၿမိဳ႕နယ္ ကုတင္ (၁၀၀၀)၊ျပည္သူ႔ေဆး႐ုံႀကီးရွိ၊ေသြးလႉဘဏ္သို႔ သြားေရာက္၍ေသြးလႉဒါန္းခဲ့ၾကပါသည္။
အဆိုပါ ျပည္ခိုင္ၿဖိဳးပါတီႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္ ဂုဏ္ျပဳ ေသြးလႉဒါန္းမႈအားျပည္ခိုင္ၿဖိဳးပါတီ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ဗဟိုအတြင္းေရးမႉးမ်ားျဖစ္ၾကသည့္ ဦးပိုက္ေထြး၊ေဒါက္တာသန္းထြန္း၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ဗဟိုေကာ္မတီဝင္မ်ားႏွင့္ ျပည္ေထာင္စုနယ္ေျမပါတီဥကၠ႒ဦးလွေဆြတို႔မွ လာေရာက္ ေတြ႕ဆုံ၍အားေပးစကားေျပာၾကားခဲ့ပါသည္။
၎ေနာက္ ေသြးလႉဘဏ္တာဝန္ရွိသူမ်ားမွ ယခုလိုလႉဒါန္းမႈအတြက္ ေက်းဇူးတင္ဂုဏ္ျပဳမွတ္တမ္းလႊာျပန္လည္ေပးအပ္ခဲ့ပါသည္။
_________________________________
(၁၅)နှစ်မြောက် ပြည်ခိုင်ဖြိုးပါတီနှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း
==============================
နေပြည်တော် ဇွန် ၆
ဇွန်လ (၈)ရက်နေ့တွင် ကျရောက်မည့် (၁၅)နှစ်မြောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ပြည်ခိုင်ဖြိုးပါတီ၊ဌာနချုပ်ဦးစီးရုံးအဖွဲ့ဝင်များနှင့် ပြည်ခိုင်ဖြိုးပါတီကိုအားပေးထောက်ခံဝန်ရံသူများ စုစုပေါင်း (၅၀)ဦးတို့မှ နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ် ကုတင် (၁၀၀၀)၊ပြည်သူ့ဆေးရုံကြီးရှိ၊သွေးလှူဘဏ်သို့ သွားရောက်၍သွေးလှူဒါန်းခဲ့ကြပါသည်။
အဆိုပါ ပြည်ခိုင်ဖြိုးပါတီနှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြု သွေးလှူဒါန်းမှုအားပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့်ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ဗဟိုအတွင်းရေးမှူးများဖြစ်ကြသည့် ဦးပိုက်ထွေး၊ဒေါက်တာသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင်များ၊ဗဟိုကော်မတီဝင်များနှင့် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌဦးလှဆွေတို့မှ လာရောက် တွေ့ဆုံ၍အားပေးစကားပြောကြားခဲ့ပါသည်။
၎င်းနောက် သွေးလှူဘဏ်တာဝန်ရှိသူများမှ ယခုလိုလှူဒါန်းမှုအတွက် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။