ဟောလိဝုဒ်သရုပ်ဆောင်အိပ်မက်ကို စွန့်လွှတ်ချင်ခဲ့ဖူးတဲ့ မင်းသားကြီးဂျက်ကီချန်း

အသက် ၇၁ နှစ်အရွယ်ဝါရင့်မင်းသားကြီး ဂျက်ကီချန်းဟာ ၁၉၈၄ ခုနှစ်ရဲ့ Karate Kid နဲ့ Rocky ဇာတ်ကားတွေမကြည့်မိခင်က သူ့ရဲ့ဟောလိဝုဒ်သရုပ်ဆောင်အိပ်မက်ကို စွန့်လွှတ်ချင်ခဲ့တာပါ။

သူ့ကို Karate Kid နဲ့ Rocky ဇာတ်ကားတွေက သူ့ရဲ့ဟောလိဝုဒ်သရုပ်ဆောင်အိပ်မက်တွေကို မစွန့်လွှတ်လိုက်ဖို့ စိတ်ဓာတ်ခွန်အားပေးခဲ့တာပါ။ ဒီအကြောင်းကို သူကိုယ်တိုင်ဖွင့်ပြောပြခဲ့တာပါ။

“အခုနှစ်ဆို ကျွန်တော် အနုပညာသက်တမ်း ၆၄ နှစ်ရှိပါပြီ။ ကျွန်တော် စတန့်သမားဖြစ်ခဲ့တာကို အမှတ်ရမိတယ်။ အဲ့ဒီအချိန်တုန်းက အက်ရှင်ဇာတ်ကားတွေဟာ ခေတ်မစားတော့ဘူး။ ဘာလုပ်ရမလဲ ကျွန်တော်တို့မသိဘူး။ ကျွန်တော် စွန့်လွှတ်ပစ်ဖို့ ကြိုးစားကြည့်တယ်။

နောက်တော့ Karate Kid ဇာတ်ကားရုံတင်နဲ့အချိန် သူငယ်ချင်းတွေနဲ့ သွားပြီး ရုပ်ရှင်လက်မှတ်ဝယ်ပြီး ကြည့်ကြတယ်။ အဲ့ဒီဇာတ်ကားမြင်တော့ ကျွန်တော် အားတွေပြည့်လာတယ်။ အကောင်းမြင်စိတ်ဖြစ်လာတယ်။ အဲ့ဒီနောက် “ငါ လက်မလျော့သင့်ဘူး။ ဘဝက ငါ့ကို ပြိုလဲစေတယ်။ ငါ ပြန်ထရမယ်”လို့ ကျွန်တော်တွေးတယ်။ ကျွန်တော် လေ့ကျင့်ရေးပြန်ဆင်းတယ်။ Rocky ဆိုတဲ့ ဇာတ်ကား ရုံတင်ပြန်တယ်။ ကျွန်တော် သွားကြည့်တယ်။ ကျွန်တော် ရုတ်တရက် ခွန်အားတွေပြည့်လာတယ်”လို့ ဂျက်ကီချန်းက ဖွင့်ဟခဲ့ပါတယ်။

ဂျက်ကီချန်းက အဲ့ဒီအချိန်မှာ လေ့ကျင့်ရေးအပေါ် အာရုံစိုက်နေခဲ့ပေမဲ့ ဒါရိုက်တာတစ်ယောက်က သူ့ရဲ့စတန့်တွေကို မြင်ပြီး နောက်တစ်ဆင့်တက်လှမ်းဖို့ အကြံပေးခဲ့တာပါ။ “မင်းသားဖြစ်သင့်တယ်”တဲ့။ “ကျွန်တော် ကံကောင်းစွာနဲ့ လက်မလျော့ခဲ့ဘူး။ ကျွန်တော် ဆက်ပြီး လေ့ကျင့်နေတုန်းပါပဲ။ အဲ့ဒါက ကျွန်တော့်ရဲ့တစ်နေ့တာဖြစ်စေခဲ့တယ်”လို့ ဂျက်ကီချန်းက ပြန်ပြောပါတယ်။

ဂျက်ကီချန်းက သူ့ရဲ့ကိုယ်ပိုင်စတန့်တွေ အမြဲလုပ်သွားမှာဖြစ်ပြီး အနားယူဖို့ အစီအစဉ်မရှိဘူးဆိုတာကို အခုလို ပြောပြထားပါတယ်။ “ကျွန်တော် ကျွန်တော့်ကိုယ်ပိုင်စတန့်တွေ အမြဲလုပ်မှာပါ။ အဲ့ဒါက ကျွန်တော်ဘယ်သူလဲဆိုတာပါပဲ။ ကျွန်တော် အနားယူတဲ့နေ့အထိ မပြောင်းလဲပါဘူး။ ဘယ်တော့မှ”

Ref: Jackie Chan wanted to ‘give up’ his acting dreams before seeing Karate Kid and Rocky