ONE Friday Fights 111 ျမန္မာဖိုက္တာ ဆြန္ရက္ တြဲဆိုင္းပါဝင္မည္
ONE Friday Fights 111 ျမန္မာဖိုက္တာ ဆြန္ရက္ တြဲဆိုင္းပါဝင္မည္
====================
ဇြန္ ၆ ရက္တြင္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕၌ က်င္းပမည့္ ONE Friday Fights 111 ၿပိဳင္ပြဲတြင္ ျမန္မာဖိုက္တာ ဆြန္ရက္ တြဲဆိုင္း ပါဝင္လာမည္ျဖစ္ပါတယ္။
ဆြန္ရက္သည္ ထိုင္းဖိုက္တာ ပက္ဝီခ်စ္ႏွင့္ ျပန္လည္ ထိုးသတ္ရမည္ျဖစ္ၿပီး မေက်ပြဲေတြ႕ဆုံျခင္းျဖစ္သည္။ ဆြန္ရက္ႏွင့္ ပက္ဝီခ်စ္သည္ ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာတြင္ ပထမအႀကိမ္ ေတြ႕ ဆုံခဲ့ၿပီးေနာက္ ေျခာက္လနီးပါးအၾကာတြင္ ဒုတိယအႀကိမ္ ေတြ႕ဆုံျခင္းျဖစ္ကာ ပထမအႀကိမ္ ေတြ႕ ဆုံရာ တြင္ ဆြန္ရက္က အမွတ္ျဖင့္အႏိုင္ရထားပါတယ္။
ဆြန္ရက္သည္ ONE ႏွင့္ လက္တြဲၿပီးေနာက္ ၁၁ ပြဲ ထိုးသတ္ထားရာ ေျခာက္ပြဲႏိုင္၊ ငါးပြဲရႈံးနိမ့္ထားၿပီး ပက္ဝီခ်စ္ မွာမူ ONE ႏွင့္ ရွစ္ပြဲထိုးသတ္ထားရာ ေလးပြဲႏိုင္၊ ေလးပြဲသေရ က်ထားပါတယ္။
______________________________
ONE Friday Fights 111 မြန်မာဖိုက်တာ ဆွန်ရက် တွဲဆိုင်းပါဝင်မည်
====================
ဇွန် ၆ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည့် ONE Friday Fights 111 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ဆွန်ရက် တွဲဆိုင်း ပါဝင်လာမည်ဖြစ်ပါတယ်။
ဆွန်ရက်သည် ထိုင်းဖိုက်တာ ပက်ဝီချစ်နှင့် ပြန်လည် ထိုးသတ်ရမည်ဖြစ်ပြီး မကျေပွဲတွေ့ဆုံခြင်းဖြစ်သည်။ ဆွန်ရက်နှင့် ပက်ဝီချစ်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာတွင် ပထမအကြိမ် တွေ့ ဆုံခဲ့ပြီးနောက် ခြောက်လနီးပါးအကြာတွင် ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ကာ ပထမအကြိမ် တွေ့ ဆုံရာ တွင် ဆွန်ရက်က အမှတ်ဖြင့်အနိုင်ရထားပါတယ်။
ဆွန်ရက်သည် ONE နှင့် လက်တွဲပြီးနောက် ၁၁ ပွဲ ထိုးသတ်ထားရာ ခြောက်ပွဲနိုင်၊ ငါးပွဲရှုံးနိမ့်ထားပြီး ပက်ဝီချစ် မှာမူ ONE နှင့် ရှစ်ပွဲထိုးသတ်ထားရာ လေးပွဲနိုင်၊ လေးပွဲသရေ ကျထားပါတယ်။