နည္းျပသစ္အျဖစ္ ဗီမစ္ကို ဂ်ိဳကိုဗစ္ ခန႔္အပ္
ဆားဘီးယားတင္းနစ္သမား ဂ်ိဳကိုဗစ္ဟာ လာမယ့္ ဂ်ီနီဗာအိုးပင္းနဲ႔ ျပင္သစ္အိုးပင္း ၿပိဳင္ပြဲ ၂ ခုအတြက္ နည္းျပ အျဖစ္ ကာလရွည္ခင္မင္လာခဲ့တဲ့ သူငယ္ခ်င္း ဒူဆန္ ဗီမစ္ကို ခန႔္အပ္လိုက္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။ အသက္ ၄၈ ႏွစ္အ႐ြယ္ ဗီမစ္ဟာ ဘီလီဂ်င္ကင္းစ္ အသင္းလိုက္တင္းနစ္ၿပိဳင္ပြဲမွာ ဆားဘီးယားအသင္း ေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့ဖူးသလို ဂ်ိဳကိုဗစ္နဲ႔လည္း အမ်ိဳးသားႏွစ္ေယာက္တြဲ ၿပိဳင္ပြဲေတြမွာ ၿပိဳင္ပြဲအတူ ဝင္ၿပိဳင္ခဲ့ဖူးတာ ျဖစ္ပါ တယ္။
ဂ်ိဳကိုဗစ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာတုန္းက နည္းျပသစ္အျဖစ္ ခန႔္အပ္ထားခဲ့တဲ့ အင္ဒီမာေရးနဲ႔ လက္တြဲ ျဖဳတ္ေတာ့ မွာျဖစ္တယ္လို႔ ေမလ ၁၃ ရက္က ေၾကညာခဲ့ၿပီးေနာက္ နည္းျပသစ္ကို ရွာေဖြေနခဲ့တာျဖစ္ၿပီး လက္ရွိ မွာေတာ့ လာမယ့္ ၿပိဳင္ပြဲ ၂ ခုအတြက္ နည္းျပသစ္ကို ခန႔္အပ္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ဂရင္းစလမ္ခ်န္ပီယံဆု ကို စံခ်ိန္တင္အျဖစ္ ၂၄ ႀကိမ္အထိ ရရွိထားတဲ့ ဂ်ိဳကိုဗစ္ဟာ လက္ရွိမွာေတာ့ ဂ်ီနီဗာအိုးပင္းၿပိဳင္ပြဲဝင္ၿပိဳင္ဖို႔အတြက္ နည္းျပသစ္ ဗီမစ္နဲ႔အတူ ေလ့က်င့္မႈေတြ ျပဳလုပ္ေနပါတယ္။
နည္းျပ ဗီမစ္ကေတာ့ နာမည္ႀကီးတင္းနစ္သမားေတြ ျဖစ္ၾကတဲ့ ဘ႐ိုင္ယန္ ညီအစ္ကိုအျပင္ ပက္ကိုဗစ္နဲ႔ နာကာ ရွီးမား တို႔လို ကစားသမားေတြကို ေလ့က်င့္ေပးခဲ့ဖူးသူ ျဖစ္ပါတယ္။ ဂ်ိဳကိုဗစ္ဟာ ဂ်ီနီဗာအိုးပင္း ပထမအဆင့္ အျဖစ္ ဟန္ေဂရီ တင္းနစ္သမား ဖက္ဆိုဗစ္နဲ႔ ယွဥ္ၿပိဳင္ရဖို႔ ရွိေနတာျဖစ္ပါတယ္။
__________________________________________
နည်းပြသစ်အဖြစ် ဗီမစ်ကို ဂျိုကိုဗစ် ခန့်အပ်
——————–
ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ လာမယ့် ဂျီနီဗာအိုးပင်းနဲ့ ပြင်သစ်အိုးပင်း ပြိုင်ပွဲ ၂ ခုအတွက် နည်းပြ အဖြစ် ကာလရှည်ခင်မင်လာခဲ့တဲ့ သူငယ်ချင်း ဒူဆန် ဗီမစ်ကို ခန့်အပ်လိုက်တယ်လို့ အတည်ပြုခဲ့ပါတယ်။ အသက် ၄၈ နှစ်အရွယ် ဗီမစ်ဟာ ဘီလီဂျင်ကင်းစ် အသင်းလိုက်တင်းနစ်ပြိုင်ပွဲမှာ ဆားဘီးယားအသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ဖူးသလို ဂျိုကိုဗစ်နဲ့လည်း အမျိုးသားနှစ်ယောက်တွဲ ပြိုင်ပွဲတွေမှာ ပြိုင်ပွဲအတူ ဝင်ပြိုင်ခဲ့ဖူးတာ ဖြစ်ပါ တယ်။
ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတုန်းက နည်းပြသစ်အဖြစ် ခန့်အပ်ထားခဲ့တဲ့ အင်ဒီမာရေးနဲ့ လက်တွဲ ဖြုတ်တော့ မှာဖြစ်တယ်လို့ မေလ ၁၃ ရက်က ကြေညာခဲ့ပြီးနောက် နည်းပြသစ်ကို ရှာဖွေနေခဲ့တာဖြစ်ပြီး လက်ရှိ မှာတော့ လာမယ့် ပြိုင်ပွဲ ၂ ခုအတွက် နည်းပြသစ်ကို ခန့်အပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဂရင်းစလမ်ချန်ပီယံဆု ကို စံချိန်တင်အဖြစ် ၂၄ ကြိမ်အထိ ရရှိထားတဲ့ ဂျိုကိုဗစ်ဟာ လက်ရှိမှာတော့ ဂျီနီဗာအိုးပင်းပြိုင်ပွဲဝင်ပြိုင်ဖို့အတွက် နည်းပြသစ် ဗီမစ်နဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။
နည်းပြ ဗီမစ်ကတော့ နာမည်ကြီးတင်းနစ်သမားတွေ ဖြစ်ကြတဲ့ ဘရိုင်ယန် ညီအစ်ကိုအပြင် ပက်ကိုဗစ်နဲ့ နာကာ ရှီးမား တို့လို ကစားသမားတွေကို လေ့ကျင့်ပေးခဲ့ဖူးသူ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ ဂျီနီဗာအိုးပင်း ပထမအဆင့် အဖြစ် ဟန်ဂေရီ တင်းနစ်သမား ဖက်ဆိုဗစ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတာဖြစ်ပါတယ်။