တ႐ုတ္က ပၪၥမမ်ိဳးဆက္တိုက္ေလယာဥ္မ်ားကို ေထာက္လွမ္းရွာေဖြရန္ အသုံးျပဳမည့္ JY-27V ေရဒါအသစ္ကို ထုတ္ေဖာ္ျပသ
တ႐ုတ္တပ္မေတာ္က အေမရိကန္၏ F-22 ႏွင့္ F-35 တို႔ကဲ့သို႔ေသာ ပၪၥမမ်ိဳးဆက္ ကိုယ္ေပ်ာက္ တိုက္ေလယာဥ္မ်ားကို ေထာက္လွမ္းရွာေဖြရန္ အသုံးျပဳသြားမည့္ JY-27V ေရဒါအသစ္ကို ထုတ္ေဖာ္ ျပသလိုက္ ေၾကာင္း သိရသည္။
JY-27V ေရဒါကို လႈပ္ရွားသြားလာမႈအတြက္ စစ္သုံးယာဥ္ထရပ္ကားေပၚတင္ေဆာင္ႏိုင္ၿပီး ႀကိမ္ႏႈန္းအလြန္ျမင့္ေရဒီယိုလႈိင္းႏႈန္းမ်ားျဖင့္ အလုပ္လုပ္ျခင္းျဖစ္ကာ သာမန္ေရဒါမ်ားျဖင့္ ဖမ္းယူႏိုင္ျခင္းမရွိေသာ ကိုယ္ေပ်ာက္ပစ္မွတ္မ်ားကို တိက်စြာေထာက္လွမ္းႏိုင္သည့္အျပင္ တိက်စြာ တိုက္ခိုက္ႏိုင္ေရးအတြက္ ေလေၾကာင္း ရန္ ကာကြယ္ေရးတပ္ဖြဲ႕ကို လမ္းၫႊန္မႈေပးႏိုင္ေၾကာင္း ထိုေရဒါကို ထုတ္လုပ္သည့္ တ႐ုတ္ႏိုင္ငံပိုင္ CETC ကုမၸဏီ က ထုတ္ျပန္ထားသည္။
ေရဒါတြင္တပ္ဆင္ထားသည့္ အင္တာနာကို အခ်ိန္တိုအတြင္း ျဖန႔္ႏိုင္မည္ျဖစ္ေသာေၾကာင့္ မိနစ္ပိုင္း အတြင္းမွာပင္ ေရဒါလုပ္ငန္းကို စတင္ႏိုင္မည္ျဖစ္ေၾကာင္းႏွင့္ အျခားေနရာသို႔ေ႐ႊ႕ေျပာင္းေနရာခ်ႏိုင္ေရးအတြက္ အင္တာနာကိုျပန္လည္ေခါက္သိမ္းႏိုင္ေၾကာင္း ဆင္ဟြာသတင္းဌာန က ေဖာ္ျပထားသည္။
ေရဒါကို ေခါက္သိမ္း ျခင္းႏွင့္ျပန္ျဖန႔္ျခင္းစသည့္တို႔ကို လုပ္ေဆာင္ရာတြင္ ညင္သာေခ်ာေမြ႕မႈလည္းရွိေၾကာင္း CETC ကုမၸဏီ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ CETC ၏ သိပၸံပညာရွင္တစ္ဦးက အင္တာနာ၏ အခ်င္းႀကီးမားေလ ေထာက္လွမ္းႏိုင္မႈအကြာအေဝးပိုမိုမ်ားျပားေလျဖစ္သည္ဟု ေျပာၾကားခဲ့သည္။
အဆိုပါေရဒါကို အန္းေဟြျပည္နယ္ ဟီေဖးၿမိဳ႕၌ ေမလ ၁၇ ရက္မွ ၁၉ ရက္ အထိက်င္းပေသာ ေရဒါျပပြဲတစ္ခုတြင္ ထုတ္ေဖာ္ျပသခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
_______________________________________
တရုတ်က ပဉ္စမမျိုးဆက်တိုက်လေယာဉ်များကို ထောက်လှမ်းရှာဖွေရန် အသုံးပြုမည့် JY-27V ရေဒါအသစ်ကို ထုတ်ဖော်ပြသ
==============================
တရုတ်တပ်မတော်က အမေရိကန်၏ F-22 နှင့် F-35 တို့ကဲ့သို့သော ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်များကို ထောက်လှမ်းရှာဖွေရန် အသုံးပြုသွားမည့် JY-27V ရေဒါအသစ်ကို ထုတ်ဖော် ပြသလိုက် ကြောင်း သိရသည်။
JY-27V ရေဒါကို လှုပ်ရှားသွားလာမှုအတွက် စစ်သုံးယာဉ်ထရပ်ကားပေါ်တင်ဆောင်နိုင်ပြီး ကြိမ်နှုန်းအလွန်မြင့်ရေဒီယိုလှိုင်းနှုန်းများဖြင့် အလုပ်လုပ်ခြင်းဖြစ်ကာ သာမန်ရေဒါများဖြင့် ဖမ်းယူနိုင်ခြင်းမရှိသော ကိုယ်ပျောက်ပစ်မှတ်များကို တိကျစွာထောက်လှမ်းနိုင်သည့်အပြင် တိကျစွာ တိုက်ခိုက်နိုင်ရေးအတွက် လေကြောင်း ရန် ကာကွယ်ရေးတပ်ဖွဲ့ကို လမ်းညွှန်မှုပေးနိုင်ကြောင်း ထိုရေဒါကို ထုတ်လုပ်သည့် တရုတ်နိုင်ငံပိုင် CETC ကုမ္ပဏီ က ထုတ်ပြန်ထားသည်။
ရေဒါတွင်တပ်ဆင်ထားသည့် အင်တာနာကို အချိန်တိုအတွင်း ဖြန့်နိုင်မည်ဖြစ်သောကြောင့် မိနစ်ပိုင်း အတွင်းမှာပင် ရေဒါလုပ်ငန်းကို စတင်နိုင်မည်ဖြစ်ကြောင်းနှင့် အခြားနေရာသို့ရွှေ့ပြောင်းနေရာချနိုင်ရေးအတွက် အင်တာနာကိုပြန်လည်ခေါက်သိမ်းနိုင်ကြောင်း ဆင်ဟွာသတင်းဌာန က ဖော်ပြထားသည်။
ရေဒါကို ခေါက်သိမ်း ခြင်းနှင့်ပြန်ဖြန့်ခြင်းစသည့်တို့ကို လုပ်ဆောင်ရာတွင် ညင်သာချောမွေ့မှုလည်းရှိကြောင်း CETC ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ CETC ၏ သိပ္ပံပညာရှင်တစ်ဦးက အင်တာနာ၏ အချင်းကြီးမားလေ ထောက်လှမ်းနိုင်မှုအကွာအဝေးပိုမိုများပြားလေဖြစ်သည်ဟု ပြောကြားခဲ့သည်။
အဆိုပါရေဒါကို အန်းဟွေပြည်နယ် ဟီဖေးမြို့၌ မေလ ၁၇ ရက်မှ ၁၉ ရက် အထိကျင်းပသော ရေဒါပြပွဲတစ်ခုတွင် ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။