AFC Asian Cup ျမန္မာ-ပါကစၥတန္ ေျခစစ္ပြဲ ပထမအေက်ာ့ကို ျမန္မာနိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမည္
AFC Asian Cup ျမန္မာ-ပါကစၥတန္ ေျခစစ္ပြဲ ပထမအေက်ာ့ပြဲစဥ္ကို လာမည့္ ဇြန္လ (၁၀)ရက္တြင္ ျမန္မာနိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပသြားမည္ျဖစ္ေၾကာင္း Asean Football က အသိေပးေၾကညာလိုက္သည္။
အဆိုပါ ပြဲစဥ္ကို ယခင္က ပါကစၥတန္နိုင္ငံက အိမ္ရွင္နိုင္ငံအျဖစ္လက္ခံက်င္းပရန္ စီစဥ္ထားေသာ္လည္း နိုင္ငံေျပာင္းလဲက်င္းပရန္ အသိေပးခဲ့ျခင္းျဖစ္ကာ ရန္ကုန္ၿမိဳ သုဝဏၰေဘာလုံးကြင္းတြင္ ယွဥ္ၿပိဳင္သြားၾကမည္ျဖစ္သည္။
ျမန္မာ-ပါကစၥတန္ ေျခစစ္ပြဲ ဒုတိယအေက်ာ့ကိုမူ ပါကစၥတန္နိုင္ငံတြင္ ျပန္လည္က်င္းပမည္ဟု Asean Football ၏ ယမန္ေန႔ အသိေပးခ်က္တြင္ ေဖာ္ျပထားသည္။
ႏွစ္နိုင္ငံေျခစမ္းပြဲ က်င္းပမည့္အေပၚ ကမၻာ့ေဘာလုံးအဖြဲခ်ဳပ္ (FIFA) ႏွင့္ အာဆီယံေဘာလုံးအဖြဲခ်ဳပ္တို (AFC)တိုညႇိႏွိင္းၿပီးေနာက္ ဆုံးျဖတ္ခ်က္ခ်ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။
_________________________________________________
AFC Asian Cup မြန်မာ-ပါကစ္စတန် ခြေစစ်ပွဲ ပထမအကျော့ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်
===========================================
AFC Asian Cup မြန်မာ-ပါကစ္စတန် ခြေစစ်ပွဲ ပထမအကျော့ပွဲစဉ်ကို လာမည့် ဇွန်လ (၁၀)ရက်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း Asean Football က အသိပေးကြေညာလိုက်သည်။
အဆိုပါ ပွဲစဉ်ကို ယခင်က ပါကစ္စတန်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပရန် စီစဉ်ထားသော်လည်း နိုင်ငံပြောင်းလဲကျင်းပရန် အသိပေးခဲ့ခြင်းဖြစ်ကာ ရန်ကုန်မြို သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။
မြန်မာ-ပါကစ္စတန် ခြေစစ်ပွဲ ဒုတိယအကျော့ကိုမူ ပါကစ္စတန်နိုင်ငံတွင် ပြန်လည်ကျင်းပမည်ဟု Asean Football ၏ ယမန်နေ့ အသိပေးချက်တွင် ဖော်ပြထားသည်။
နှစ်နိုင်ငံခြေစမ်းပွဲ ကျင်းပမည့်အပေါ် ကမ္ဘာ့ဘောလုံးအဖွဲချုပ် (FIFA) နှင့် အာဆီယံဘောလုံးအဖွဲချုပ်တို (AFC)တိုညှိနှိင်းပြီးနောက် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။