အစၥေရးက ဂါဇာေဒသတစ္ခုလုံးကို ထိန္းခ်ဳပ္သြားမည္ဟု ဝန္ႀကီးခ်ဳပ္ေနတန္ယာဟုေျပာ
အစၥေရး က ဂါဇာေဒသတစ္ခုလုံးကို ထိန္းခ်ဳပ္သြားမည္ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ ေနတန္ယာဟု က ေမလ ၁၉ ရက္ တြင္ေျပာသည္။ အစၥေရးတပ္မေတာ္က ဂါဇာေဒသ၌ စစ္ဆင္ေရးကိုတိုးျမႇင့္လုပ္ေဆာင္လာေနစဥ္ ေနတန္ ယာဟုက ယခုကဲ့သို႔ေျပာလာျခင္း ျဖစ္သည္။
တစ္ခ်ိန္တည္းမွာပင္ ဂါဇာကမ္းေျမာင္ေဒသသို႔ အေျခခံစားကုန္မ်ား သာ ဝင္ခြင့္ျပဳမည္ျဖစ္ေၾကာင္း အစၥေရးအစိုးရက ထုတ္ျပန္ေၾကညာၿပီးေနာက္ ထိုသို႔ဆုံးျဖတ္ရျခင္းသည္ သံတမန္ ေရး အေၾကာင္းျပခ်က္မ်ားအတြက္ အငတ္ေဘးဆိုက္မွုကိုကာကြယ္ရန္ လိုအပ္ျခင္းေၾကာင့္ျဖစ္သည္ဟု ေနတန္ ယာဟု က ေျပာသည္။
ေနတန္ယာဟုက ယခုအခ်ိန္တြင္ ၎တို႔၏တိုက္ခိုက္မွု အရွိန္ပိုမိုျပင္းထန္လာသလို တိုးတက္မွုမ်ားလည္းရွိေနေၾကာင္း ၎တို႔အေနျဖင့္ ဂါဇာကမ္းေျမာင္ေဒသတစ္ခုလုံးကို ထိန္းသိမ္းသြားမည္ ျဖစ္ ေၾကာင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။ အစၥေရးနိုင္ငံသည္ ၎တို႔၏အဓိကအမာခံေထာက္ပံ့သူျဖစ္သည့္ အေမရိကန္ ျပည္ေထာင္စုအပါအဝင္ နိုင္ငံတကာ၏ဖိအားမ်ားကို ရင္ဆိုင္ေနရကာ လြန္ခဲ့ေသာႏွစ္လခန႔္ကတည္းက ဂါဇာေဒသအေပၚ ဝိုင္းပတ္ပိတ္ဆို႔ ထားမွုမ်ားကို ဖယ္ရွားေပးရန္ နိုင္ငံတကာ က ေတာင္းဆိုထားျခင္း ျဖစ္သည္။
ဂါဇာေဒသ၌ အစၥေရးတို႔၏ ပိတ္ဆို႔ထားမွုမ်ားေၾကာင့္ အငတ္ေဘးဆိုက္လုနီးပါး ျဖစ္ေနၿပီျဖစ္ေၾကာင္း၊ ဂါဇာရွိ ပါလက္စတိုင္းျပည္သူ ၂၂ ရာခိုင္ႏွုန္းမွာ လူသားခ်င္းစာနာေထာက္ထားမွုဆိုင္ရာ အခက္အခဲမ်ားႏွင့္ရင္ဆိုင္ေနရေၾကာင္း ကုလသမဂၢႏွင့္ မိတ္ဖက္အဖြဲ႕မ်ားက ေမလတြင္ ထုတ္ျပန္ထားသည္။
အစၥေရးက ထိုကဲ့သို႔ပိတ္ဆို႔ထားျခင္းသည္ ဂါဇာကမ္းေျမာင္ ေဒသရွိ ဟားမတ္စ္အဖြဲ႕အေနျဖင့္ အေလၽွာ့ေပးလာေစရန္ လုပ္ေဆာင္ျခင္း ျဖစ္ေၾကာင္း အစၥေရးအစိုးရ က ေျပာထားသည္ဟု TST သတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။
___________________________________________________________________________
အစ္စရေးက ဂါဇာဒေသတစ်ခုလုံးကို ထိန်းချုပ်သွားမည်ဟု ဝန်ကြီးချုပ်နေတန်ယာဟုပြော
=================================
အစ္စရေး က ဂါဇာဒေသတစ်ခုလုံးကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟု က မေလ ၁၉ ရက် တွင်ပြောသည်။ အစ္စရေးတပ်မတော်က ဂါဇာဒေသ၌ စစ်ဆင်ရေးကိုတိုးမြှင့်လုပ်ဆောင်လာနေစဉ် နေတန် ယာဟုက ယခုကဲ့သို့ပြောလာခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဂါဇာကမ်းမြောင်ဒေသသို့ အခြေခံစားကုန်များ သာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း အစ္စရေးအစိုးရက ထုတ်ပြန်ကြေညာပြီးနောက် ထိုသို့ဆုံးဖြတ်ရခြင်းသည် သံတမန် ရေး အကြောင်းပြချက်များအတွက် အငတ်ဘေးဆိုက်မှုကိုကာကွယ်ရန် လိုအပ်ခြင်းကြောင့်ဖြစ်သည်ဟု နေတန် ယာဟု က ပြောသည်။
နေတန်ယာဟုက ယခုအချိန်တွင် ၎င်းတို့၏တိုက်ခိုက်မှု အရှိန်ပိုမိုပြင်းထန်လာသလို တိုးတက်မှုများလည်းရှိနေကြောင်း ၎င်းတို့အနေဖြင့် ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို ထိန်းသိမ်းသွားမည် ဖြစ် ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အစ္စရေးနိုင်ငံသည် ၎င်းတို့၏အဓိကအမာခံထောက်ပံ့သူဖြစ်သည့် အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံတကာ၏ဖိအားများကို ရင်ဆိုင်နေရကာ လွန်ခဲ့သောနှစ်လခန့်ကတည်းက ဂါဇာဒေသအပေါ် ဝိုင်းပတ်ပိတ်ဆို့ ထားမှုများကို ဖယ်ရှားပေးရန် နိုင်ငံတကာ က တောင်းဆိုထားခြင်း ဖြစ်သည်။
ဂါဇာဒေသ၌ အစ္စရေးတို့၏ ပိတ်ဆို့ထားမှုများကြောင့် အငတ်ဘေးဆိုက်လုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း၊ ဂါဇာရှိ ပါလက်စတိုင်းပြည်သူ ၂၂ ရာခိုင်နှုန်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့များက မေလတွင် ထုတ်ပြန်ထားသည်။
အစ္စရေးက ထိုကဲ့သို့ပိတ်ဆို့ထားခြင်းသည် ဂါဇာကမ်းမြောင် ဒေသရှိ ဟားမတ်စ်အဖွဲ့အနေဖြင့် အလျှော့ပေးလာစေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အစ္စရေးအစိုးရ က ပြောထားသည်ဟု TST သတင်းဌာနဖော်ပြချက်အရ သိရသည်။