၂၀၂၅ ခုႏွစ္ Ballon d’Or ဆုေပးပြဲကို စက္တင္ဘာ(၂၂)တြင္ က်င္းပမည္
၂၀၂၅ ခုႏွစ္အတြက္ Ballon d’Or ဆုေပးပြဲကို စက္တင္ဘာ(၂၂) တြင္ က်င္းပမည္ျဖစ္ၿပီး ဆန္ခါတင္ (၃၀)ဦးစာရင္းကို ၾသဂုတ္လတြင္ ထုတ္ျပန္ေၾကညာသြားမည္ဟု ျပင္သစ္ေဘာလုံးမဂၢဇင္းက အတည္ျပဳခဲ့သည္။
Ballon d’Or ဆုမွာ ေဘာလုံးရာသီတစ္ခုအတြင္း အေကာင္းဆုံးစြမ္းေဆာင္နိုင္သည့္ ေဘာလုံးသမားကို ေရြးခ်ယ္ခ်ီးျမႇင့္သည့္ဆု ျဖစ္ေသာေၾကာင့္ ပရိသတ္မ်ားက စိတ္ဝင္စားၾကသလို၊ ကစားသမားမ်ားကလည္း တန္ဖိုးထားၾကသည္။
ယင္းဆုကို ၁၉၅၆ ခုႏွစ္တြင္ စတင္ခ်ီးျမႇင့္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ ဆုရရွိသည့္ကစားသမား (၄၆)ဦးရွိေနသည္။
အာဂ်င္တီးနားတိုက္စစ္မွူး မက္ဆီက ဆုတံဆိပ္အမ်ားဆုံးရယူနိုင္သည့္ ကစားသမားအျဖစ္ (၈)ႀကိမ္ျဖင့္ ဦးေဆာင္ေနၿပီး ေနာက္ဆုံးရရွိထားသည့္ကစားသမားမွာ စပိန္ကြင္းလယ္ကစားသမား ရိုဒရီျဖစ္သည္။
၂၀၂၅ခုႏွစ္အတြက္ Ballon d’Or ဆုကို PSG အသင္းမွ ျပင္သစ္ေတာင္ပံကစားသမား ဒမ္ဘီလီ ရရွိလိမ့္မည္ဟု ေရပန္းစားေနၿပီး ၎၏ေနာက္တြင္ ယမားလ္(ဘာစီလိုနာ)၊ ဆာလာ(လီဗာပူးလ္)၊ ရာဖင္ညာ (ဘာစီလိုနာ)၊ ေလာ္တာရိုမာတီ နက္ဇ္(အင္တာမီလန္)၊ ဒြန္နာရမ္မာ (PSG)တို႔ ရပ္တည္လ်က္ရွိသည္။
ျပင္သစ္ေဘာလုံးမဂၢဇင္းသည္ ၂၀၂၅ ခုႏွစ္အတြက္ ဆန္ခါတင္ကစားသမား (၃၀)ဦးစာရင္းကို ၾသဂုတ္လ(၁၅)ရက္မတိုင္မီ ထုတ္ျပန္ေၾကညာသြားမည္ျဖစ္ၿပီး ေဘာလုံးဂ်ာနယ္လစ္မ်ား၏ ဆႏၵမဲျဖင့္ ေရြးခ်ယ္သြားမည္ဟု သိရသည္။
_______________________________________
၂၀၂၅ ခုနှစ် Ballon d’Or ဆုပေးပွဲကို စက်တင်ဘာ(၂၂)တွင် ကျင်းပမည်
===========================
၂၀၂၅ ခုနှစ်အတွက် Ballon d’Or ဆုပေးပွဲကို စက်တင်ဘာ(၂၂) တွင် ကျင်းပမည်ဖြစ်ပြီး ဆန်ခါတင် (၃၀)ဦးစာရင်းကို သြဂုတ်လတွင် ထုတ်ပြန်ကြေညာသွားမည်ဟု ပြင်သစ်ဘောလုံးမဂ္ဂဇင်းက အတည်ပြုခဲ့သည်။
Ballon d’Or ဆုမှာ ဘောလုံးရာသီတစ်ခုအတွင်း အကောင်းဆုံးစွမ်းဆောင်နိုင်သည့် ဘောလုံးသမားကို ရွေးချယ်ချီးမြှင့်သည့်ဆု ဖြစ်သောကြောင့် ပရိသတ်များက စိတ်ဝင်စားကြသလို၊ ကစားသမားများကလည်း တန်ဖိုးထားကြသည်။
ယင်းဆုကို ၁၉၅၆ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ပြီး လက်ရှိအချိန်အထိ ဆုရရှိသည့်ကစားသမား (၄၆)ဦးရှိနေသည်။
အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ဆုတံဆိပ်အများဆုံးရယူနိုင်သည့် ကစားသမားအဖြစ် (၈)ကြိမ်ဖြင့် ဦးဆောင်နေပြီး နောက်ဆုံးရရှိထားသည့်ကစားသမားမှာ စပိန်ကွင်းလယ်ကစားသမား ရိုဒရီဖြစ်သည်။
၂၀၂၅ခုနှစ်အတွက် Ballon d’Or ဆုကို PSG အသင်းမှ ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီ ရရှိလိမ့်မည်ဟု ရေပန်းစားနေပြီး ၎င်း၏နောက်တွင် ယမားလ်(ဘာစီလိုနာ)၊ ဆာလာ(လီဗာပူးလ်)၊ ရာဖင်ညာ (ဘာစီလိုနာ)၊ လော်တာရိုမာတီ နက်ဇ်(အင်တာမီလန်)၊ ဒွန်နာရမ်မာ (PSG)တို့ ရပ်တည်လျက်ရှိသည်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းသည် ၂၀၂၅ ခုနှစ်အတွက် ဆန်ခါတင်ကစားသမား (၃၀)ဦးစာရင်းကို သြဂုတ်လ(၁၅)ရက်မတိုင်မီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး ဘောလုံးဂျာနယ်လစ်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်သွားမည်ဟု သိရသည်။