သီတဂူစကၡဳဒါနေဆး႐ုံ (ရန္ကုန္) ၌ (၁၂) ႀကိမ္ေျမာက္အျဖစ္ အခမဲ့မ်က္စိခြဲစိတ္ကုသေပးမည္
ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံ(ေျမာက္ပိုင္း)ၿမိဳ႕နယ္ရွိ သီတဂူဗုဒၶတကၠသိုလ္(ရန္ကုန္)၏ သီတဂူစကၡဳဒါနေဆး႐ုံ၌ အနယ္နယ္အရပ္ရပ္မွ မ်က္စိေဝဒနာရွင္မ်ားအား အခမဲ့ကုသေပးလ်က္ရွိရာ ယခုအခါမွာ(၁၂)ႀကိမ္ေျမာက္အျဖစ္ ကုသမွုကို ေမလ ၂၃ ရက္မွ စတင္ခြဲစိတ္ကုသေပးသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။
(၁၂)ႀကိမ္ေျမာက္အျဖစ္ မ်က္စိခြဲစိတ္ကုသမွုတြင္ လူနာသစ္မ်ားကို လတ္တေလာလက္ခံေဆာင္ရြက္ေပးနိုင္မည္ မဟုတ္ေၾကာင္း၊ (၁၁)ႀကိမ္ ေျမာက္ခြဲစိတ္ကုသမွု ေဆာင္ရြက္ခ်ိန္တြင္ မႏၲေလးေျမငလ်င္ႀကီးေၾကာင့္ ေခတၱရပ္နားခဲ့ရၿပီး ယခုအခ်ိန္မွာေတာ့ မ်က္စိစမ္းသပ္စစ္ေဆးၿပီး လူနာ ၂၀၀ ေက်ာ္ရွိရာ ၎တို႔အား (၁၂)ႀကိမ္ေျမာက္တြင္ ျပန္လည္ စစ္ေဆး ခြဲစိတ္ ကုသေပးမွာျဖစ္ပါတယ္။
သီတဂူဗုဒၶတကၠသိုလ္(ရန္ကုန္)၌ ပထမအႀကိမ္အခမဲ့ မ်က္စိခြဲစိတ္ကုသမွုကို ၂၀၂၃ ခုႏွစ္၊ ဧၿပီလ ၅ ရက္မွ ၁၀ ရက္အထိႏွင့္ (၁၀)ႀကိမ္ေျမာက္ အခမဲ့မ်က္စိခြဲစိတ္ကုသမွုကို ၂၀၂၅ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၀ ရက္မွ ၁၇ ရက္ အထိ ေဆာင္ရြက္ခဲ့ရာ ပထမအႀကိမ္မွ (၁၀)ႀကိမ္ေျမာက္အထိ မ်က္စိစမ္းသပ္လူနာစုစုေပါင္း ၁၃,၂၄၅ ဦးရွိခဲ့ၿပီး ၎တို႔အနက္ ခြဲစိတ္ကုသလူနာ ၄,၀၃၁ ဦး၊ ေလဆာျဖင့္ကုသလူနာ ၂၃၆ ဦးရွိခဲ့ပါတယ္။
(၁၁)ႀကိမ္ေျမာက္ အခမဲ့မ်က္စိခြဲစိတ္ကုသမွုကို ၂၀၂၅ ခုႏွစ္၊ မတ္လ ၂၅ ရက္မွ ၃၁ ရက္အထိ ေဆာင္ရြက္ေပးရန္ စီစဥ္ထားၿပီး လူနာ ၁,၂၀၀ ေက်ာ္ စာရင္းေပးသြင္းထားရာ အဆိုပါ ကာလ အတြင္း မႏၲေလးေျမငလ်င္ႀကီးေၾကာင့္ ဆရာဝန္၊ သူနာျပဳမ်ား အေရးေပၚကယ္ဆယ္ေရး သြားေရာက္ခဲ့ရျခင္းေၾကာင့္ (၁၁)ႀကိမ္ေျမာက္ ခြဲစိတ္ကုသမွုတြင္ မ်က္စိခြဲစိတ္ ကုသရမည့္လူနာ ၂၀၀ ေက်ာ္ က်န္ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။
______________________________
သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၌ (၁၂) ကြိမ်မြောက်အဖြစ် အခမဲ့မျက်စိခွဲစိတ်ကုသပေးမည်
====================================
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၏ သီတဂူစက္ခုဒါနဆေးရုံ၌ အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးလျက်ရှိရာ ယခုအခါမှာ(၁၂)ကြိမ်မြောက်အဖြစ် ကုသမှုကို မေလ ၂၃ ရက်မှ စတင်ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
(၁၂)ကြိမ်မြောက်အဖြစ် မျက်စိခွဲစိတ်ကုသမှုတွင် လူနာသစ်များကို လတ်တလောလက်ခံဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်း၊ (၁၁)ကြိမ် မြောက်ခွဲစိတ်ကုသမှု ဆောင်ရွက်ချိန်တွင် မန္တလေးမြေငလျင်ကြီးကြောင့် ခေတ္တရပ်နားခဲ့ရပြီး ယခုအချိန်မှာတော့ မျက်စိစမ်းသပ်စစ်ဆေးပြီး လူနာ ၂၀၀ ကျော်ရှိရာ ၎င်းတို့အား (၁၂)ကြိမ်မြောက်တွင် ပြန်လည် စစ်ဆေး ခွဲစိတ် ကုသပေးမှာဖြစ်ပါတယ်။
သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ ပထမအကြိမ်အခမဲ့ မျက်စိခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်မှ ၁၀ ရက်အထိနှင့် (၁၀)ကြိမ်မြောက် အခမဲ့မျက်စိခွဲစိတ်ကုသမှုကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၇ ရက် အထိ ဆောင်ရွက်ခဲ့ရာ ပထမအကြိမ်မှ (၁၀)ကြိမ်မြောက်အထိ မျက်စိစမ်းသပ်လူနာစုစုပေါင်း ၁၃,၂၄၅ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ခွဲစိတ်ကုသလူနာ ၄,၀၃၁ ဦး၊ လေဆာဖြင့်ကုသလူနာ ၂၃၆ ဦးရှိခဲ့ပါတယ်။
(၁၁)ကြိမ်မြောက် အခမဲ့မျက်စိခွဲစိတ်ကုသမှုကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက်ပေးရန် စီစဉ်ထားပြီး လူနာ ၁,၂၀၀ ကျော် စာရင်းပေးသွင်းထားရာ အဆိုပါ ကာလ အတွင်း မန္တလေးမြေငလျင်ကြီးကြောင့် ဆရာဝန်၊ သူနာပြုများ အရေးပေါ်ကယ်ဆယ်ရေး သွားရောက်ခဲ့ရခြင်းကြောင့် (၁၁)ကြိမ်မြောက် ခွဲစိတ်ကုသမှုတွင် မျက်စိခွဲစိတ် ကုသရမည့်လူနာ ၂၀၀ ကျော် ကျန်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။