ျပည္ခိုင္ၿဖိဳးပါတီ၏ ငလ်င္ေဘးဒဏ္သင့္ျပည္သူမ်ားအား ကူညီေထာက္ပံ့သည့္အလွူတြင္ အလွူရွင္မ်ားပါဝင္လွူဒါန္း



ေနျပည္ေတာ္ ေမ ၁၉

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီသည္ မတ္လ ၂၈ ရက္ေန႔တြင္ လွုပ္ခတ္ခဲ့ေသာ အင္အားျပင္းထန္သည့္ ငလ်င္ေၾကာင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ေနျပည္ေတာ္တို႔မွ ေဘးဒုကၡမ်ားေတြ႕ၾကဳံခံစားရေသာ ေနရာေဒသအခ်ိဳ႕မွ ျပည္သူမ်ားအား ကူညီေထာက္ပံ့မွုမ်ားကို စတင္ျဖစ္ပြားသည့္ရက္မွ ယေန႔အခ်ိန္ထိေဆာင္ရြက္လ်က္ရွိပါသည္။

ထိုသို႔ေဆာင္ရြက္လ်က္ရွိေသာ ကူညီေထာက္ပံ့မွုမ်ားတြင္ တိုင္းေဒသႀကီး/ျပည္နယ္ပါတီမ်ား၊ ကုမၸဏီမ်ား၊ တစ္သီးပုဂၢလအလွူရွင္မ်ားလည္း ပါတီႏွင့္အတူ ပါဝင္လွူဒါန္းလ်က္ရွိသည့္အျပင္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဌာနခ်ဳပ္ ၏ ငလ်င္ေဘးသင့္ျပည္သူမ်ားအားကူညီေထာက္ပံ့လွူဒါန္းေနမွုမ်ားကိုေတြ႕ရွိရသျဖင့္ယေန႔နံနက္ပိုင္းတြင္ မႏၲေလးတိုင္းေဒသႀကီးမွအလွူရွင္ ေဒၚေအးေအး၏
(၆၇)ႏွစ္ေျမာက္ေမြးေန႔အထိမ္းအမွတ္ႏွင့္ငလ်င္ေဘးသင့္ျပည္သူမ်ားအတြက္လိုအပ္သည့္ေနရာမ်ားတြင္အသုံးျပဳနိုင္ရန္အလွူေငြက်ပ္သိန္း(၅၀)ကို ေပးအပ္လွူဒါန္းခဲ့ရာ ပါတီဒုတိယဥကၠ႒ ဦးျမတ္ဟိန္းႏွင့္ တာဝန္ရွိသူမ်ားက လက္ခံယူခဲ့ၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာ ျပန္လည္ေပးအပ္ကာဒုတိယဥကၠ႒မွလွူဒါန္းမွုအတြက္ေက်းဇူးတင္စကားေျပာၾကားခဲ့ပါသည္။

အဆိုပါ အလွူေငြလွူဒါန္းေပးအပ္ပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဒုတိယ ဥကၠ႒ ဦးျမတ္ဟိန္း၊အေထြေထြအတြင္းေရးမွူး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမွူး ဦးတင္ေအာင္ခ်စ္၊ဗဟိုအလုပ္အမွုေဆာင္ဦးမ်ိဳးျမင့္ႏွင့္ဌာနခ်ဳပ္မွူးဦးေသာင္းေရႊတို႔တက္ေရာက္ခဲ့ပါသည္။
__________________________________________________
ပြည်ခိုင်ဖြိုးပါတီ၏ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့သည့်အလှူတွင် အလှူရှင်များပါဝင်လှူဒါန်း
================================
နေပြည်တော် မေ ၁၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့် ငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်တို့မှ ဘေးဒုက္ခများတွေ့ကြုံခံစားရသော နေရာဒေသအချို့မှ ပြည်သူများအား ကူညီထောက်ပံ့မှုများကို စတင်ဖြစ်ပွားသည့်ရက်မှ ယနေ့အချိန်ထိဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိသော ကူညီထောက်ပံ့မှုများတွင် တိုင်းဒေသကြီး/ပြည်နယ်ပါတီများ၊ ကုမ္ပဏီများ၊ တစ်သီးပုဂ္ဂလအလှူရှင်များလည်း ပါတီနှင့်အတူ ပါဝင်လှူဒါန်းလျက်ရှိသည့်အပြင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ၏ ငလျင်ဘေးသင့်ပြည်သူများအားကူညီထောက်ပံ့လှူဒါန်းနေမှုများကိုတွေ့ရှိရသဖြင့်ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးမှအလှူရှင် ဒေါ်အေးအေး၏
(၆၇)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်နှင့်ငလျင်ဘေးသင့်ပြည်သူများအတွက်လိုအပ်သည့်နေရာများတွင်အသုံးပြုနိုင်ရန်အလှူငွေကျပ်သိန်း(၅၀)ကို ပေးအပ်လှူဒါန်းခဲ့ရာ ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့် တာဝန်ရှိသူများက လက်ခံယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာဒုတိယဥက္ကဋ္ဌမှလှူဒါန်းမှုအတွက်ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

အဆိုပါ အလှူငွေလှူဒါန်းပေးအပ်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ဗဟိုအလုပ်အမှုဆောင်ဦးမျိုးမြင့်နှင့်ဌာနချုပ်မှူးဦးသောင်းရွှေတို့တက်ရောက်ခဲ့ပါသည်။