ပြင်ဦးလွင် မေ ၁၇
တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းမှ နှုတ်ခွန်းဆက်စကားနှင့် ပြည်ခိုင်ဖြိုးပါတီမှာ တိုင်းပြည်ကောင်းအောင် ဆောင်ရွက်လိုသူများနှင့်ဖွဲ့စည်းထားသည့် ပါတီဖြစ်ကြောင်း၊တက်ရောက်လာသူများမှလည်း တိုင်းပြည်ကောင်းအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ယခုတက်ရောက် လာသူများမှာ သတ္တိရှိသူများ တနည်းအားဖြင့် တတ်သိပညာရှိသူများဖြစ်ကြောင်း၊အသိပညာရှိသူများဖြစ်၍ အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုး စားဆောင်ရွက်ပေးစေလိုကြောင်း၊မိမိရပ်ရွာ အေးချမ်းတည်ငြိမ်ရေးမှသည် နိုင်ငံတော် တည်ငြိမ်အေး ချမ်းရေးအတွက် ဝိုင်းဝန်းဆောင် ရွက်ပေးကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက နှုတ်ခွန်းဆက်စကားနှင့်လက်ရှိနိုင်ငံရေး အခြေ အနေများ၊၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုဖြစ်စဉ်များ၊၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပမည့် အခြေအနေများ၊နိုင်ငံရေးပါတီများ တည်ထောင်ခွင့်နှင့်ဖွဲ့စည်းခွင့် ဥပဒေပါ အကြောင်းအ ရာများ၊FPTP စနစ်နှင့်PR စနစ်၏ ခြားနားမှုနှင့်ကောင်းကျိုး/ဆိုးကျိုးများ၊ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
___________________________________________
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းနှင့် မန္တလေးတိုင်းဒေသကြီး ပါတီတာဝန်ရှိသူမျာ းပြင်ဦးလွင်မြို့နယ် ဒေသခံပြည်သူများနှင့်တွေ့ဆုံ
===========================
ပြင်ဦးလွင် မေ ၁၇
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ နယ်၊ရပ်ကွက်ကြီး(၁၀)၊ခါတော်မီ သာသနာ့ဗိမာန်တွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ဒေါက်တာမောင်သင်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊ တိုင်းကော်မတီဝင်များ၊ခရိုင်ဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့်ခရိုင်ကော်မတီဝင်များ၊
မြို့နယ်ဥက္ကဌ၊အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ရပ်ကွက်ပါတီကော်မတီဝင်များ၊ရပ်မိရပ်ဖများ၊ပါတီဝင်များ၊ပါတီဝန်းရံသူများ၊လူငယ်/အမျိုးသမီးပါတီဝင်များ၊First Time Voters များ၊ဒေသခံပြည်သူများ၊စုစုပေါင်းအင်အား ၁၅၀ဦး တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းမှ နှုတ်ခွန်းဆက်စကားနှင့် ပြည်ခိုင်ဖြိုးပါတီမှာ တိုင်းပြည်ကောင်းအောင် ဆောင်ရွက်လိုသူများနှင့်ဖွဲ့စည်းထားသည့် ပါတီဖြစ်ကြောင်း၊တက်ရောက်လာသူများမှလည်း တိုင်းပြည်ကောင်းအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ယခုတက်ရောက် လာသူများမှာ သတ္တိရှိသူများ တနည်းအားဖြင့် တတ်သိပညာရှိသူများဖြစ်ကြောင်း၊အသိပညာရှိသူများဖြစ်၍ အနာဂတ်နိူင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုး စားဆောင်ရွက်ပေးစေလိုကြောင်း၊မိမိရပ်ရွာ အေးချမ်းတည်ငြိမ်ရေးမှသည် နိူင်ငံတော် တည်ငြိမ်အေး ချမ်းရေးအတွက် ဝိုင်းဝန်းဆောင် ရွက်ပေးကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက နှုတ်ခွန်းဆက်စကားနှင့်လက်ရှိနိူင်ငံရေး အခြေ အနေများ၊၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုဖြစ်စဥ်များ၊၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပမည့် အခြေအနေများ၊နိူင်ငံရေးပါတီများ တည်ထောင်ခွင့်နှင့်ဖွဲ့စည်းခွင့် ဥပဒေပါ အကြောင်းအ ရာများ၊FPTP စနစ်နှင့်PR စနစ်၏ ခြားနားမှုနှင့်ကောင်းကျိုး/ဆိုးကျိုးများ၊ရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည့် နိူင်ငံရေးပါတီများ၏ အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
၎င်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများမှ သိရှိလိုသည်များ တင်ပြဆွေးနွေးခဲ့ကြရာ ဒေသခံများ၏ တင်ပြချက်များအပေါ် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းက ပြန်လည်ရှင်းလင်း ဆွေး နွေးခဲ့ပြီး တွေ့ဆုံပွဲအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။