ယခုလအတြင္း ျပန္ဖြင့္ႏိုင္ရန္ လားရွိးေလဆိပ္ ျပန္လည္ျပဳျပင္ေန
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရွိးၿမိဳရွိ ေလဆိပ္ကို ယခုလအတြင္း ျပန္ဖြင့္ႏိုင္ရန္ ျပန္လည္ျပဳျပင္ေနေၾကာင္း စုံစမ္းသိရွိရသည္။
လက္ရွိတြင္လည္း လားရွိး – မႏၲေလး ႏွင့္ လားရွိး – ရန္ကုန္ စသည့္ အသြားအျပန္ခရီးစဥ္မ်ားအတြက္ လက္မွတ္မ်ားကို ႀကိဳတင္ေရာင္းခ်ေနမႈရွိေနေၾကာင္း ခရီးသြားလက္မွတ္ေရာင္းခ်သည့္ ေအဂ်င္စီမ်ားကလည္း ေျပာသည္။
“အရင္လို ေန႔တိုင္းေျပးဆြဲဖိုေတာ့ ရွိမရွိေတာ့ မသိေသးဘူး၊ တစ္ပတ္မွာ ဘယ္ႏွစ္ႀကိမ္ေျပးဆြဲမလဲေတာ့ တရားဝင္မထုတ္ေသးဘူး” ဟု ေလယာဥ္လက္မွတ္ ေရာင္းခ်သည့္ ေအဂ်င္စီက ဆိုသည္။
လက္ရွိတြင္ ေလယာဥ္ေျပးလမ္းမ်ား ျပင္ဆင္ေနကာ အေဆာက္အုံမ်ား ျပန္လည္စစ္ေဆးျခင္းမ်ားလည္း ျပဳလုပ္ေနေၾကာင္း သိရသည္။
လားရွိးေလဆိပ္မွ ခရီးစဥ္ပ်ံသန္းမႈမ်ားကို ၂၀၂၄ ခုႏွစ္၊ ဇူလိုင္လ ပထမသီတင္းပတ္ကတည္းက ရပ္နားခဲ့ရျခင္းျဖစ္ကာ ယခု ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ ျပင္ဆင္ေနျခင္း ျဖစ္သည္။ #Popular
———————–
ယခုလအတွင်း ပြန်ဖွင့်နိုင်ရန် လားရှိးလေဆိပ် ပြန်လည်ပြုပြင်နေ
=================================
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြိုရှိ လေဆိပ်ကို ယခုလအတွင်း ပြန်ဖွင့်နိုင်ရန် ပြန်လည်ပြုပြင်နေကြောင်း စုံစမ်းသိရှိရသည်။
လက်ရှိတွင်လည်း လားရှိး – မန္တလေး နှင့် လားရှိး – ရန်ကုန် စသည့် အသွားအပြန်ခရီးစဉ်များအတွက် လက်မှတ်များကို ကြိုတင်ရောင်းချနေမှုရှိနေကြောင်း ခရီးသွားလက်မှတ်ရောင်းချသည့် အေဂျင်စီများကလည်း ပြောသည်။
“အရင်လို နေ့တိုင်းပြေးဆွဲဖိုတော့ ရှိမရှိတော့ မသိသေးဘူး၊ တစ်ပတ်မှာ ဘယ်နှစ်ကြိမ်ပြေးဆွဲမလဲတော့ တရားဝင်မထုတ်သေးဘူး” ဟု လေယာဉ်လက်မှတ် ရောင်းချသည့် အေဂျင်စီက ဆိုသည်။
လက်ရှိတွင် လေယာဉ်ပြေးလမ်းများ ပြင်ဆင်နေကာ အဆောက်အုံများ ပြန်လည်စစ်ဆေးခြင်းများလည်း ပြုလုပ်နေကြောင်း သိရသည်။
လားရှိးလေဆိပ်မှ ခရီးစဉ်ပျံသန်းမှုများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ပထမသီတင်းပတ်ကတည်းက ရပ်နားခဲ့ရခြင်းဖြစ်ကာ ယခု ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ #Popular