ျပည္ပႏိုင္ငံသား(၃၃၆)ဦးကို ထပ္မံလႊဲေျပာင္းေပး

ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ဝင္ေရာက္လာကာ အြန္လိုင္းလိ-မ္လ-ည္မႈႏွင့္ ဒုစ႐ိုက္မႈလုပ္ငန္းမ်ားတြင္ဆက္စပ္ပါဝင္၍ စစ္ေဆးေဖာ္ထုတ္ထိန္းသိမ္းခဲ့ေသာ ျပည္ပႏိုင္ငံသားမ်ားအနက္ ျပည္ပႏိုင္ငံသား (၃၃၆)ဦးကို ယေန႔ ေမ ၁၃ ရက္က ထပ္မံလႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။

ပါကစၥတန္ႏိုင္ငံသား(၃၅)ဦး၊ ေတာင္အာဖရိက ႏိုင္ငံသား(၁)ဦး၊ ဗီယက္နမ္ႏိုင္ငံသား(၂၁၁)ဦးႏွင့္ အီသီယိုးပီးယားႏိုင္ငံသား(၈၉)ဦး(စုစုေပါင္း ၃၃၆ ဦး)တို႔အား ျမန္မာ-ထိုင္းအမွတ္(၂)ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ လူသားခ်င္းစာနာေထာက္ထားမႈႏွင့္ ႏိုင္ငံအခ်င္းခ်င္းခ်စ္ ၾကည္ရင္းႏွီးမႈတို႔ကိုေရွးရႈ၍ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။

၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီ ၃၀ ရက္မွ ေမ ၁၃ ရက္အထိ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား(၉၀၅၉)ဦးကိုစစ္ေဆးေဖာ္ထုတ္ထိန္းသိမ္းႏိုင္ခဲ့ၿပီး ၎တို႔အနက္မွ(၈၁၃၂)ဦးကို ထိုင္းႏိုင္ငံမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက် ျပည္ႏွင္လႊဲေျပာင္းေပးခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

ထို႔အတူ က်န္ရွိသည့္ ျပည္ပႏိုင္ငံသား(၉၂၇)ဦးမွာလည္း သက္ဆိုင္ရာႏိုင္ငံမ်ားသို႔လႊဲေျပာင္းေပးရန္ အသင့္ျဖစ္ေနၿပီျဖစ္ကာ ေကာင္းမြန္စြာထိန္းသိမ္းေစာင့္ေရွာက္ထားေၾကာင္း သိရသည္။
—————————–
ပြည်ပနိုင်ငံသား(၃၃၆)ဦးကို ထပ်မံလွှဲပြောင်းပေး
======================================
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာကာ အွန်လိုင်းလိ-မ်လ-ည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်၍ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းခဲ့သော ပြည်ပနိုင်ငံသားများအနက် ပြည်ပနိုင်ငံသား (၃၃၆)ဦးကို ယနေ့ မေ ၁၃ ရက်က ထပ်မံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံသား(၃၅)ဦး၊ တောင်အာဖရိက နိုင်ငံသား(၁)ဦး၊ ဗီယက်နမ်နိုင်ငံသား(၂၁၁)ဦးနှင့် အီသီယိုးပီးယားနိုင်ငံသား(၈၉)ဦး(စုစုပေါင်း ၃၃၆ ဦး)တို့အား မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ် ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ မေ ၁၃ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၉၀၅၉)ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ(၈၁၃၂)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့အတူ ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၉၂၇)ဦးမှာလည်း သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကာ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။