ကေလာ-ေရႊေညာင္ ရထားလမ္းပိုင္းမွာ ေရွးေဟာင္းေရေႏြးေငြ႕သုံးမီးရထား ေျပးဆြဲသြားမည္

ေက်ာက္မီးေသြးနဲ႔ အသုံးျပဳရတဲ့ ေရွးေဟာင္း ေရေႏြးေငြ႕စက္ေခါင္းမီးရထားကို မိုင္ ၇၀ ခန႔္သာရွိေသာ ကေလာ-ေရႊေညာင္ ရထားလမ္းပိုင္းမွာ ျပန္လည္ေျပးဆြဲသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါခရီးစဥ္ဟာ အခ်ိန္ ၃ နာရီၾကာျမင့္မွာျဖစ္သလို ေက်ာက္မီးေသြးတန္ခ်ိန္ ၃ တန္ခြဲ ကုန္က်မည္ျဖစ္ေၾကာင္း သိရပါတယ္။ အခုလို ေျပးဆြဲနိုင္ရန္အတြက္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ကေလာဘူတာရွိ ေရေႏြးေငြ႕စက္ေခါင္းသုံး ေရွးေဟာင္းမီးရထားကို အတြင္းပိုင္း သန႔္ရွင္းေရးျပဳလုပ္ျခင္းႏွင့္ မီးရထားအျမင္တင့္တယ္ေစရန္အတြက္ ေဆးသုတ္ျခင္း မ်ား ျပန္လည္လုပ္ေဆာင္ထားတယ္လို႔ သိရပါတယ္။

လက္ရွိမွာ ရထားျပန္လည္ေျပးဆြဲရန္အတြက္ ကေလာေခ်ာင္း ေရထိန္းနံရံမ်ား တည္ေဆာက္ျခင္း၊ ဘူတာေရွ႕ရွိ သစ္ပင္သစ္ငုတ္မ်ား ဖယ္ရွားရွင္းလင္းျခင္းႏွင့္ ဘူတာေရွ႕ေနရာ၌ ကတၱရာလမ္းခင္းျခင္း စသည့္ လုပ္ငန္းမ်ားကို လုပ္ေဆာင္လ်က္ရွိပါတယ္။

အဆိုပါ မီးရထားရွိေသာ ကေလာဘူတာ႐ုံက ႏွစ္ေပါင္းတစ္ရာခန႔္ရွိေနၿပီျဖစ္ၿပီး ဘူတာ႐ုံ အတြင္းမွာ သမိုင္းဝင္ဓာတ္ပုံမ်ား ျပသထားေၾကာင္းလည္း သိရပါတယ္။
——————-
ကလော-ရွှေညောင် ရထားလမ်းပိုင်းမှာ ရှေးဟောင်းရေနွေးငွေ့သုံးမီးရထား ပြေးဆွဲသွားမည်
=================================
ကျောက်မီးသွေးနဲ့ အသုံးပြုရတဲ့ ရှေးဟောင်း ရေနွေးငွေ့စက်ခေါင်းမီးရထားကို မိုင် ၇၀ ခန့်သာရှိသော ကလော-ရွှေညောင် ရထားလမ်းပိုင်းမှာ ပြန်လည်ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါခရီးစဥ်ဟာ အချိန် ၃ နာရီကြာမြင့်မှာဖြစ်သလို ကျောက်မီးသွေးတန်ချိန် ၃ တန်ခွဲ ကုန်ကျမည်ဖြစ်ကြောင်း သိရပါတယ်။ အခုလို ပြေးဆွဲနိုင်ရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောဘူတာရှိ ရေနွေးငွေ့စက်ခေါင်းသုံး ရှေးဟောင်းမီးရထားကို အတွင်းပိုင်း သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် မီးရထားအမြင်တင့်တယ်စေရန်အတွက် ဆေးသုတ်ခြင်း များ ပြန်လည်လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရထားပြန်လည်ပြေးဆွဲရန်အတွက် ကလောချောင်း ရေထိန်းနံရံများ တည်ဆောက်ခြင်း၊ ဘူတာရှေ့ရှိ သစ်ပင်သစ်ငုတ်များ ဖယ်ရှားရှင်းလင်းခြင်းနှင့် ဘူတာရှေ့နေရာ၌ ကတ္တရာလမ်းခင်းခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပါတယ်။

အဆိုပါ မီးရထားရှိသော ကလောဘူတာရုံက နှစ်ပေါင်းတစ်ရာခန့်ရှိနေပြီဖြစ်ပြီး ဘူတာရုံ အတွင်းမှာ သမိုင်းဝင်ဓာတ်ပုံများ ပြသထားကြောင်းလည်း သိရပါတယ်။