ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ငလ်င္ေဘးဒဏ္သင့္ေဒသမ်ား ျပန္လည္ထူေထာင္ေရး ရန္ပုံေငြပေဒသာကပြဲသို႔တက္ေရာက္
ေမ ၁၀၊ ရန္ကုန္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ဗဟိုအတြင္းေရးမွူး ဦးပိုက္ေထြး၊ ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠ႒ ဦးခင္ေမာင္စိုးတို႔ႏွင့္အတူ ၁၀-၅-၂၀၂၅ ရက္ေန႔ ညပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕နယ္၊ ၿမိဳ႕မေက်ာင္းလမ္းရွိ အမ်ိဳးသားကဇာတ္႐ုံ၌ ျပဳလုပ္ေသာ ငလ်င္ေဘးဒဏ္သင့္ေဒသမ်ား ျပန္လည္ထူေထာင္ေရး ႐ုပ္ရွင္၊ သဘင္၊ ဂီတ ရန္ပုံေငြ ပေဒသာကပြဲသို႔ တက္ေရာက္ခဲ့ၿပီး အလွူေငြမ်ား လွူဒါန္းခဲ့ပါသည္။
ပေဒသာကပြဲကို ျမန္မာနိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ ငလ်င္ဒဏ္သင့္ေဒသမ်ားမွာ ကူညီကယ္ဆယ္မွု၊ ေထာက္ပံ့ခဲ့မွု မွတ္တမ္း video အား စတင္ျပသခဲ့ၿပီး ငလ်င္ေဘးဒဏ္တြင္ ထိခိုက္ေသဆုံးခဲ့သူမ်ားအတြက္ ဝမ္းနည္းျခင္းအထိမ္းအမွတ္အျဖစ္ ၁ မိနစ္ၿငိမ္သက္ကာ ဆုေတာင္းေမတၱာပို႔သခဲ့ၾကပါသည္။
ထို႔ေနာက္ နာမည္ေက်ာ္ ႐ုပ္ရွင္၊ သဘင္၊ ဂီတ အႏုပညာရွင္မ်ားစြာပါဝင္သည့္ သီဆိုေဖ်ာ္ေျဖမွုမ်ား၊ တစ္ခန္းရပ္ျပဇာတ္မ်ား၊ ေတးသ႐ုပ္ေဖာ္ျပဇာတ္မ်ား၊ ေတးေအာ္ပရာမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္မွုမ်ားအား ၾကည့္ရွုအားေပးခဲ့ၿပီ ငလ်င္ေဘးဒဏ္သင့္ေဒသမ်ား ျပန္လည္ထူေထာင္ေရးအတြက္ အလွူေငြက်ပ္ သိန္း(၃၀)ကိုလည္း ပါဝင္လွူဒါန္းရာ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမာင္ေမာင္အုန္းႏွင့္ ျမန္မာနိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးဥကၠ႒ ဒါရိုက္တာၾကည္စိုးထြန္းတို႔မွ လက္ခံယူခဲ့ၾကသည္။
အဆိုပါ ငလ်င္ေဘးဒဏ္သင့္ေဒသမ်ား ျပန္လည္ထူေထာင္ေရး ႐ုပ္ရွင္၊ သဘင္၊ ဂီတ ရန္ပုံေငြ ပေဒသာကပြဲသို႔ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုအစိုးရအဖြဲ႕အႀကီးအကဲမ်ား ၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ား၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဗဟိုအတြင္းေရးမွူး ဦးပိုက္ေထြး၊ ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠ႒ ဦးခင္ေမာင္စိုး၊ ဗဟိုေကာ္မတီဝင္ ေဒါက္တာသန္႔ေဇာ္လြင္၊ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ား၊ အလွူရွင္မ်ား၊ ဧည့္ပရိတ္သတ္မ်ား တက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
—————————————————————————–
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေပဒေသာကပွဲသို့တက်ရောက်
===================
မေ ၁၀၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့နှင့်အတူ ၁၀-၅-၂၀၂၅ ရက်နေ့ ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သော ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေ ပဒေသာကပွဲသို့ တက်ရောက်ခဲ့ပြီး အလှူငွေများ လှူဒါန်းခဲ့ပါသည်။
ပဒေသာကပွဲကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ငလျင်ဒဏ်သင့်ဒေသများမှာ ကူညီကယ်ဆယ်မှု၊ ထောက်ပံ့ခဲ့မှု မှတ်တမ်း video အား စတင်ပြသခဲ့ပြီး ငလျင်ဘေးဒဏ်တွင် ထိခိုက်သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ၁ မိနစ်ငြိမ်သက်ကာ ဆုတောင်းမေတ္တာပို့သခဲ့ကြပါသည်။
ထို့နောက် နာမည်ကျော် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များစွာပါဝင်သည့် သီဆိုဖျော်ဖြေမှုများ၊ တစ်ခန်းရပ်ပြဇာတ်များ၊ တေးသရုပ်ဖော်ပြဇာတ်များ၊ တေးအော်ပရာများဖြင့် ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ပြီ ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေကျပ် သိန်း(၃၀)ကိုလည်း ပါဝင်လှူဒါန်းရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမာင်မောင်အုန်းနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဒါရိုက်တာကြည်စိုးထွန်းတို့မှ လက်ခံယူခဲ့ကြသည်။
အဆိုပါ ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေ ပဒေသာကပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုအစိုးရအဖွဲ့အကြီးအကဲများ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင် ဒေါက်တာသန့်ဇော်လွင်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။