ယူ႐ိုပါလိဂ္ဗိုလ္လုပြဲတြင္ စပါးကို ေက်ာ္ျဖတ္ၿပီး ခ်န္ပီယံျဖစ္ရန္ မန္ယူအသင္း ေရပန္းစား
ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက စပါးအသင္းကို ေက်ာ္ျဖတ္ၿပီး ခ်န္ပီယံျဖစ္ဖို႔ အေလးသာေနပါတယ္။
Opta အခ်က္အလက္ ကုမၸဏီကထုတ္ျပန္တဲ့ စူပါကြန္ျပဴတာရဲ႕ တြက္ခ်က္မႈအရ မန္ယူအသင္းက စပါးအသင္းထက္ပိုၿပီး ခ်န္ပီယံျဖစ္ဖို႔ ရာခိုင္ႏႈန္းမ်ားေနတာပါ။
မန္ယူအသင္းက ခ်န္ပီယံျဖစ္ဖို႔ ၅၀ ဒသမ ၇ ရာခိုင္ႏႈန္းရွိၿပီး စပါးအသင္းက ၄၉ ဒသမ ၃ ရာခိုင္ႏႈန္း အခြင့္အေရးရွိေၾကာင္း သတ္မွတ္ခံရတာပါ။
ဗိုလ္လုပြဲေရာက္ ၂ သင္းစလုံးမွာ ပရီးမီးယားလိဂ္မွာ တန္းဆင္းဇုန္အထက္မွာ ရပ္တည္ေနၾကတဲ့ အသင္းေတြျဖစ္လို႔ လာမယ့္ရာသီ ဥေရာပခ်န္ပီယံလိဂ္ဝင္ခြင့္ အတြက္လည္း အေရးပါေနတဲ့ ဗိုလ္လုပြဲစဥ္ ျဖစ္လာမွာပါ။
မန္ယူဂႏၴဝင္ ေပါလ္စခိုးကေတာ့ မန္ယူအသင္းရဲ႕ သမိုင္းအစဥ္အလာရ ဆုဖလား ဘယ္လိုရယူရမလဲဆိုတာ သိရွိၿပီး စပါးအသင္းကေတာ့ ဆုဖလားမရဘူးေၾကာင္း TNT Sport ႐ုပ္သံကေန သုံးသပ္တင္ဆက္သြားပါတယ္။
အဆိုပါ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲစဥ္ကို ေမလ ၂၂ ရက္ ျမန္မာစံေတာ္ခ်ိန္နံနက္(1:30)နာရီအခ်ိန္တြင္ ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရပါတယ္။
ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် စပါးကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ရန် မန်ယူအသင်း ရေပန်းစား
=====================
ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းက စပါးအသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ဖို့ အလေးသာနေပါတယ်။
Opta အချက်အလက် ကုမ္ပဏီကထုတ်ပြန်တဲ့ စူပါကွန်ပြူတာရဲ့ တွက်ချက်မှုအရ မန်ယူအသင်းက စပါးအသင်းထက်ပိုပြီး ချန်ပီယံဖြစ်ဖို့ ရာခိုင်နှုန်းများနေတာပါ။
မန်ယူအသင်းက ချန်ပီယံဖြစ်ဖို့ ၅၀ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး စပါးအသင်းက ၄၉ ဒသမ ၃ ရာခိုင်နှုန်း အခွင့်အရေးရှိကြောင်း သတ်မှတ်ခံရတာပါ။
ဗိုလ်လုပွဲရောက် ၂ သင်းစလုံးမှာ ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်အထက်မှာ ရပ်တည်နေကြတဲ့ အသင်းတွေဖြစ်လို့ လာမယ့်ရာသီ ဥရောပချန်ပီယံလိဂ်ဝင်ခွင့် အတွက်လည်း အရေးပါနေတဲ့ ဗိုလ်လုပွဲစဉ် ဖြစ်လာမှာပါ။
မန်ယူဂန္ထဝင် ပေါလ်စခိုးကတော့ မန်ယူအသင်းရဲ့ သမိုင်းအစဉ်အလာရ ဆုဖလား ဘယ်လိုရယူရမလဲဆိုတာ သိရှိပြီး စပါးအသင်းကတော့ ဆုဖလားမရဘူးကြောင်း TNT Sport ရုပ်သံကနေ သုံးသပ်တင်ဆက်သွားပါတယ်။
အဆိုပါ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်ကို မေလ ၂၂ ရက် မြန်မာစံတော်ချိန်နံနက်(1:30)နာရီအချိန်တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။