အိႏၵိယႏွင့္ပါကစၥတန္တို႔က ခ်က္ခ်င္းအပစ္အခတ္ရပ္စဲရန္ သေဘာတူ
အိႏၵိယႏိုင္ငံႏွင့္ ပါကစၥတန္ႏိုင္ငံတို႔က ခ်က္ခ်င္းအပစ္အခတ္ရပ္စဲရန္ သေဘာတူလိုက္ၿပီျဖစ္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က ေမလ ၁၀ ရက္တြင္ေျပာသည္။
“အေမရိကန္ျပည္ေထာင္စုရဲ႕ ၾကားဝင္ဖ်န္ေျဖေပးမႈနဲ႔အတူ ညလုံးေပါက္ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ၿပီးေနာက္ အိႏၵိယႏိုင္ငံနဲ႔ ပါကစၥတန္ႏိုင္ငံတို႔က အျပည့္အဝ ခ်က္ခ်င္းအပစ္အခတ္ရပ္စဲရန္ သေဘာတူလိုက္ၿပီျဖစ္ေၾကာင္း ဝမ္းေျမာက္စြာေၾကညာအပ္ပါတယ္။
အသိဉာဏ္ပညာကို အသုံးခ်ႏိုင္ျခင္းအတြက္လည္း ႏွစ္ႏိုင္ငံစလုံးကို ဂုဏ္ယူ ပါတယ္” ဟု ထရမ့္ က လူမႈကြန္ရက္တြင္ ေရးထားျခင္းျဖစ္သည္။
အဆိုပါႏွစ္ႏိုင္ငံၾကားတြင္ တစ္ႏိုင္ငံ၏စစ္ေရးပစ္မွတ္မ်ားကို တစ္ႏိုင္ငံက ပစ္မွတ္ထားသည့္ အျပန္အလွန္ တိုက္ခိုက္မႈမ်ား ေလးရက္ေျမာက္ေန႔သို႔ ေရာက္လာၿပီးေနာက္ ယခုကဲ့သို႔အပစ္အခတ္ရပ္စဲရန္ သေဘာတူလိုက္ျခင္း ျဖစ္သည္။
ထို႔ျပင္ ၎တို႔ႏွစ္ႏိုင္ငံအေနျဖင့္ ခ်က္ခ်င္းအသက္ဝင္မည့္ အပစ္အခတ္ရပ္စဲေရးအတြက္ သေဘာတူ လိုက္ၿပီျဖစ္ေၾကာင္း ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီးကလည္း ေျပာထားသည္။
ဧၿပီလ ၂၂ ရက္တြင္ ပါဟယ္ဂမ္ၿမိဳ႕၌ျဖစ္ပြားေသာ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားေၾကာင့္ ျပည္သူ ၂၆ ဦး ေသဆုံးၿပီးေနာက္ အိႏၵိယက ပါကစၥတန္အေပၚအျပစ္ဖို႔ကာ ပါကစၥတန္ႏိုင္ငံအတြင္းရွိ အၾကမ္းဖက္သမားမ်ား၏ ပစ္မွတ္မ်ားကို အိႏၵိယကတိုက္ခိုက္ခဲ့သည္။
ယင္းေနာက္တစ္ဖက္ႏွင့္တစ္ဖက္ အျပန္အလွန္တိုက္ခိုက္မႈမ်ား ျဖစ္ပြား လာျခင္းျဖစ္သည္။ အိႏၵိယႏွင့္ပါကစၥတန္တို႔သည္ ေမလ ၁၀ ရက္ ညေနငါးနာရီမွစ၍ ႏွစ္ဖက္အပစ္အခတ္ ရပ္စဲလိုက္ၿပီ ျဖစ္ေၾကာင္း ႏွစ္ဖက္လုံးကအတည္ျပဳေျပာၾကားခဲ့သည္။
ေမလ ၁၂ ရက္ ေန႔လည္ပိုင္းတြင္ အိႏၵိယႏွင့္ ပါကစၥတန္ ႏွစ္ဖက္လုံးမွ ထိပ္တန္းစစ္ေရးအရာရွိမ်ား ေတြ႕ဆုံဆြးေႏြးရန္လည္း သေဘာတူခဲ့ေၾကာင္း သိရသည္။
#PAN
အိန္ဒိယနှင့်ပါကစ္စတန်တို့က ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘောတူ
=======================
အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့က ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘောတူလိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မေလ ၁၀ ရက်တွင်ပြောသည်။
“အမေရိကန်ပြည်ထောင်စုရဲ့ ကြားဝင်ဖျန်ဖြေပေးမှုနဲ့အတူ ညလုံးပေါက်ဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့က အပြည့်အဝ ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘောတူလိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာကြေညာအပ်ပါတယ်။
အသိဉာဏ်ပညာကို အသုံးချနိုင်ခြင်းအတွက်လည်း နှစ်နိုင်ငံစလုံးကို ဂုဏ်ယူ ပါတယ်” ဟု ထရမ့် က လူမှုကွန်ရက်တွင် ရေးထားခြင်းဖြစ်သည်။
အဆိုပါနှစ်နိုင်ငံကြားတွင် တစ်နိုင်ငံ၏စစ်ရေးပစ်မှတ်များကို တစ်နိုင်ငံက ပစ်မှတ်ထားသည့် အပြန်အလှန် တိုက်ခိုက်မှုများ လေးရက်မြောက်နေ့သို့ ရောက်လာပြီးနောက် ယခုကဲ့သို့အပစ်အခတ်ရပ်စဲရန် သဘောတူလိုက်ခြင်း ဖြစ်သည်။
ထို့ပြင် ၎င်းတို့နှစ်နိုင်ငံအနေဖြင့် ချက်ချင်းအသက်ဝင်မည့် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူ လိုက်ပြီဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးကလည်း ပြောထားသည်။
ဧပြီလ ၂၂ ရက်တွင် ပါဟယ်ဂမ်မြို့၌ဖြစ်ပွားသော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၂၆ ဦး သေဆုံးပြီးနောက် အိန္ဒိယက ပါကစ္စတန်အပေါ်အပြစ်ဖို့ကာ ပါကစ္စတန်နိုင်ငံအတွင်းရှိ အကြမ်းဖက်သမားများ၏ ပစ်မှတ်များကို အိန္ဒိယကတိုက်ခိုက်ခဲ့သည်။
ယင်းနောက်တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွား လာခြင်းဖြစ်သည်။ အိန္ဒိယနှင့်ပါကစ္စတန်တို့သည် မေလ ၁၀ ရက် ညနေငါးနာရီမှစ၍ နှစ်ဖက်အပစ်အခတ် ရပ်စဲလိုက်ပြီ ဖြစ်ကြောင်း နှစ်ဖက်လုံးကအတည်ပြုပြောကြားခဲ့သည်။
မေလ ၁၂ ရက် နေ့လည်ပိုင်းတွင် အိန္ဒိယနှင့် ပါကစ္စတန် နှစ်ဖက်လုံးမှ ထိပ်တန်းစစ်ရေးအရာရှိများ တွေ့ဆုံဆွးနွေးရန်လည်း သဘောတူခဲ့ကြောင်း သိရသည်။
#PAN