၂၀၄၅ ခုႏွစ္ မတိုင္မီ ပိုင္ဆိုင္မႈအားလုံးနီးပါးကို လႉဒါန္းသြားမည္ဟု သူေဌးႀကီးဘီလ္ဂိတ္စ္ ေျပာ
မိုက္ခ႐ိုေဆာ့ဖ္ကုမၸဏီကို ပူးတြဲတည္ေထာင္သူ ဘီလ္ဂိတ္စ္ က လာမည့္ႏွစ္ေပါင္း ၂၀ အတြင္း ထိခိုက္ လြယ္သူမ်ားကို ကူညီရန္အတြက္ ေဒၚလာ ဘီလီယံ ၂၀၀ ေက်ာ္ သို႔မဟုတ္ ၎၏ႂကြယ္ဝမႈ အားလုံးနီးပါးကို လႉဒါန္းသြားမည္ဟုေျပာၾကားခဲ့သည္။
ေမလ ၈ ရက္က ထုတ္ျပန္ေသာေၾကညာခ်က္တြင္ ၎သည္ ေငြပမာဏအတိအက်သည္ ေဈးကြက္မ်ားႏွင့္ ေငြေၾကးေဖာင္းပြမႈေပၚတြင္ မူတည္လိမ့္မည္ျဖစ္ေသာ္လည္း ယခုအခ်ိန္မွစ၍ ၂၀၄၅ ခုႏွစ္ ေရာက္သည္အထိ ဂိတ္စ္ ေဖာင္ေဒးရွင္းက ေဒၚလာဘီလီယံ ၂၀၀ ေက်ာ္ သုံးစြဲမည္ဟု ၎က ေမွ်ာ္မွန္းထားသည္။
အာဟာရခ်ိဳ႕တဲ့မႈေၾကာင့္ မိခင္ႏွင့္ကေလး ေသဆုံးမႈေလ်ာ့နည္းေစရန္၊ ကူးစက္ေရာဂါမ်ားကာကြယ္ရန္ႏွင့္ ဆင္းရဲႏြမ္းပါးမႈတိုက္ဖ်က္ေရးအတြက္ အဓိကထား လႉဒါန္းသြားမည္ ျဖစ္ေၾကာင္း ၎ကေျပာသည္။
လြန္ခဲ့သည့္ ၂၅ ႏွစ္အတြင္း ၎၏ေဖာင္ေဒးရွင္းသည္ ေဒၚလာဘီလီယံ ၁၀၀ ေက်ာ္ကို သုံးစြဲလႉဒါန္းခဲ့ၿပီးျဖစ္ေသာ္လည္း လာမည့္ ဆယ္စုႏွစ္ ႏွစ္ခုတြင္ ႏွစ္ဆတိုးလႉဒါန္း သြားမည္ဟု ေျပာၾကားခဲ့သည္။
၂၀၄၅ ခုနှစ် မတိုင်မီ ပိုင်ဆိုင်မှုအားလုံးနီးပါးကို လှူဒါန်းသွားမည်ဟု သူဌေးကြီးဘီလ်ဂိတ်စ် ပြော
======================
မိုက်ခရိုဆော့ဖ်ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်စ် က လာမည့်နှစ်ပေါင်း ၂၀ အတွင်း ထိခိုက် လွယ်သူများကို ကူညီရန်အတွက် ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် သို့မဟုတ် ၎င်း၏ကြွယ်ဝမှု အားလုံးနီးပါးကို လှူဒါန်းသွားမည်ဟုပြောကြားခဲ့သည်။
မေလ ၈ ရက်က ထုတ်ပြန်သောကြေညာချက်တွင် ၎င်းသည် ငွေပမာဏအတိအကျသည် ဈေးကွက်များနှင့် ငွေကြေးဖောင်းပွမှုပေါ်တွင် မူတည်လိမ့်မည်ဖြစ်သော်လည်း ယခုအချိန်မှစ၍ ၂၀၄၅ ခုနှစ် ရောက်သည်အထိ ဂိတ်စ် ဖောင်ဒေးရှင်းက ဒေါ်လာဘီလီယံ ၂၀၀ ကျော် သုံးစွဲမည်ဟု ၎င်းက မျှော်မှန်းထားသည်။
အာဟာရချို့တဲ့မှုကြောင့် မိခင်နှင့်ကလေး သေဆုံးမှုလျော့နည်းစေရန်၊ ကူးစက်ရောဂါများကာကွယ်ရန်နှင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအတွက် အဓိကထား လှူဒါန်းသွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
လွန်ခဲ့သည့် ၂၅ နှစ်အတွင်း ၎င်း၏ဖောင်ဒေးရှင်းသည် ဒေါ်လာဘီလီယံ ၁၀၀ ကျော်ကို သုံးစွဲလှူဒါန်းခဲ့ပြီးဖြစ်သော်လည်း လာမည့် ဆယ်စုနှစ် နှစ်ခုတွင် နှစ်ဆတိုးလှူဒါန်း သွားမည်ဟု ပြောကြားခဲ့သည်။