လေဖြတ် လေဖြန်း အကြောကပ် သူတို့အတွက် ဆေးနည်း။”

 

 

ကြောင်ပန်း (၂) မျိုးရှိသည်။ အရွက်ကိုခွဲ၍ သတ်မှတ်ကြသည်-

(၁) ကြောင်ပန်းကြီး။ အရွက် (၅) ရွက်စုထွက်က ကြောင်ပန်းကြီး ဖြစ်၏။ အရွက်ရှည်ကာ ချွန်သည်။ ညိုရောင်ဖြစ်သည်။

(၂) ကြောင်ပန်းငယ်။ အရွက် (၃) ရွက် ထွက်ပါက ကြောင်ပန်းငယ် ဖြစ်သည်။ အရွက်ခတ်ဝိုင်းဝိုင်း အသွင်ရှိသည်။

အပွင့်၊ အသွေးအရောင်ကို စွဲ၍ ဖြူနီပြာ စသည်ဖြင့် အမျိုး ကွဲပြားမှု ရှိသည်။ ခါး၊ ဖန်၊ ပူ အရသာရှိ၏။ အနံ့ပြင်း၏။

👉အကြောသေ၊ အကြောကပ်၊ လေဖြန်း၊ လေဖြတ်ရောဂါ

ဆေးနည်းပေးသူက လက်တွေ့ပျောက်တာ အမှန်ပါ။ ပျောက်ကင်းသူ များစွာရှိပါပြီဆို၍ ဝေဒနာရှင်တို့ သက်သာ ပျောက်ကင်းစေ ရန် ဆေးနည်းလေး တင်ပြလိုက်ပါသည်။

ကြောင်ပန်းငယ် လက်နှစ်ဆုပ် ဓာတ်ဆီ အကြမ်းပန်းကန် (၁) လုံး သံပုရာသီး (၁) လုံးအရည် ထို (၃) မျိုးကို သန့်စင်သော ဆုံတွင်ထုထောင်းချေမွပြီးအ၀တ်သန့်သန့်ဖြင့်အရည်စစ်ယူ၍ အကြောကပ်၊လေဖြန်း၊လေဖြတ်သူတို့နှိပ်နယ်လိမ်းကျံပေးရန် ဖြစ်သည်။တပတ်အတွင်းသသိသာသာသက်သာပျောက်ကင်းစေပါသည်။

👉ကလေးကျောပူ၊ ခေါင်းပူ

ကြောင်ပန်းငယ်ကို ပြုတ်ကျိုပြီး ထိုပြုတ်ရည်ဖြင့် ရေချိုးပေးပါက သက်သာ ပျောက်ကင်း စေပါသည်။ တောရွာများတွင် ကုသဆဲ ဆေးနည်း ဖြစ်သည်။

အရှင်နာဂသိန်ကျမ်းက ပြောသော ကြောင်ပန်း
~~~~~~~~~~~~~~~~~~~~~

👉အကြောရောဂါ

အရွက်စိမ်း သတ္တုရည်ကို လည်းကောင်း၊ အရွက်ကို ကြော်ချက် စားသောက် မှီဝဲပါက အကြော ရောဂါ ပျောက်ကင်း၏။

👉နားပြည်ယို

ကြောင်ပန်းရွက်ကို နှမ်းဆီဖြင့် ပျားရည်စစ် အနည်းငယ် ရောကာ နားကျပ်ပေးပါက နာပြည်ယိုခြင်း ၊နားကိုက်ခြင်း ပျောက်ကင်းသည်။

👉ဖောရောင်

ကြောင်ပန်းရွက် သတ္တုရည်နှင့် သက်ရင်းကြီးမြစ် အနည်းငယ်မျှ ရော၍ သောက်ပေးပါက အဖောရောဂါ လျှင်မြန်စွာပျောက်ကင်း၏။

အနာပေါက်အရေပြားအတွင်း​ေဆးအဖြစ်သောက်ပေးပြီး၊အပြင်ဆေးအဖြစ်
လိမ်းကျံ ပေးရသည်။

ကြောင်ပန်းကြီးက အိန္ဒိယပြည်တွင် အသုံးများသည်။ ထိုကြောင့် အိန္ဒိယ ကြောင်ပန်းဟု ခေါ်ကြသည်။ ကြောင်ပန်းငယ်က မြန်မာပြည်တွင် အသုံးများ၍ မြန်မာ ကြောင်ပန်းဟု ခေါ်ကြသည်။

ကြောင်ပန်းနှင့် ပတ်သက်သော ဆေးအသုံးများ ကျယ်ပြန့်စွာ ရှိနေ ပါသေးသည်။ အကြောသိမ်သူအားလက်တွေ့ စမ်းသပ် ကုသပေးရန်
​ကြောင်ပန်းငယ်ရွက်များ ထုထောင်းရင်း ကြောင်ပန်း ငယ် အကြောင်း လိုသူတို့ သုံးနိုင်ရန် တင်ပြ လိုက်ပါသည်။