အေမရိကန္ဖြား ကာဒီနယ္ ေရာဘတ္ ပရီေဗာ့စ္အား ပုပ္ရဟန္းမင္းႀကီးအျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္

ကာဒီနယ္ ေရာဘတ္ ပရီေဗာ့စ္(Robert Prevost)သည္ ပထမဆုံး‌ေသာ အေမရိကန္ဖြား ပုပ္ရဟန္းမင္းႀကီးအျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ျခင္းခံရသူျဖစ္ၿပီး ပုပ္ရဟန္းမင္းႀကီး လီယို (၁၄) အျဖစ္ ထင္ရွားမည္ျဖစ္သည္။ ပုပ္ရဟန္းမင္းႀကီးလီယိုသည္ ပုပ္ရဟန္းမင္းႀကီးအျဖစ္ ပထမဆုံးမိန႔္ခြန္းေျပာၾကားရာတြင္ ကမာၻႀကီးၿငိမ္းခ်မ္း‌ေစေရးကို ေတာင္းဆိုခဲ့ၿပီး ကြယ္လြန္ခဲ့သည့္ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္၏ ဂုဏ္‌ေက်းဇူးမ်ားကိုလည္း ဂါရဝျပဳေျပာၾကားခဲ့သည္။

ပုပ္ရဟန္းမင္းႀကီးလီယိုသည္ အသက္ ၆၉ႏွစ္ရွိၿပီျဖစ္ၿပီး ခ်ီကာဂိုၿမိဳသားျဖစ္ကာ ကမာၻလုံးဆိုင္ရာ အေတြ႕အႀကဳံရွိေသာ ေခါင္းေဆာင္တစ္ဦးျဖစ္သည္။ သူ၏ တာဝန္အမ်ားစုကို ေတာင္အေမရိကတြင္ သာသနာျပဳအျဖစ္ေဆာင္႐ြက္ခဲ့ၿပီး အေမရိကန္ႏွင့္ ပီ႐ူးႏိုင္ငံ(ထိုႏိုင္ငံတြင္ ဂိုဏ္းအုပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့) ႏွစ္ႏိုင္ငံ ႏိုင္ငံသားျဖစ္သည္။ မၾကာေသးမီကပင္လွ်င္ ဗာတီကန္ၿမိဳေတာ္၏ ဂိုဏ္းအုပ္ခန႔္ထားေရးရာဌာနႀကီးကို ဦးေဆာင္ခဲ့သူလည္းျဖစ္သည္။


အမေရိကန်ဖွား ကာဒီနယ် ရောဘတ် ပရီဗော့စ်အား ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်တင်မြှောက်
============================
ကာဒီနယ် ရောဘတ် ပရီဗော့စ်(Robert Prevost)သည် ပထမဆုံး‌သော အမေရိကန်ဖွား ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး လီယို (၁၄) အဖြစ် ထင်ရှားမည်ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးလီယိုသည် ပုပ်ရဟန်းမင်းကြီးအဖြစ် ပထမဆုံးမိန့်ခွန်းပြောကြားရာတွင် ကမ္ဘာကြီးငြိမ်းချမ်း‌စေရေးကို တောင်းဆိုခဲ့ပြီး ကွယ်လွန်ခဲ့သည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဂုဏ်‌ကျေးဇူးများကိုလည်း ဂါရဝပြုပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးလီယိုသည် အသက် ၆၉နှစ်ရှိပြီဖြစ်ပြီး ချီကာဂိုမြိုသားဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ အတွေ့အကြုံရှိသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သူ၏ တာဝန်အများစုကို တောင်အမေရိကတွင် သာသနာပြုအဖြစ်ဆောင်ရွက်ခဲ့ပြီး အမေရိကန်နှင့် ပီရူးနိုင်ငံ(ထိုနိုင်ငံတွင် ဂိုဏ်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့) နှစ်နိုင်ငံ နိုင်ငံသားဖြစ်သည်။ မကြာသေးမီကပင်လျှင် ဗာတီကန်မြိုတော်၏ ဂိုဏ်းအုပ်ခန့်ထားရေးရာဌာနကြီးကို ဦးဆောင်ခဲ့သူလည်းဖြစ်သည်။