ဘားအံ မေ ၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ မြို့မိမြို့ဖများ၊တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ နှင့်တွေ့ဆုံ
===========================
ဘားအံ မေ ၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်းရေးမှူး
ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ပါတီဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော် ၊ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါ်နန်းနီနီအေးတို့နှင့်အတူ ၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ဘားအံမြို့၌ မြို့မိမြို့ဖများ၊တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံခဲ့ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဥက္ကဌနှင့် ဗဟိုအတွင်းရေးမှူးတို့သည် တက်ရောက်လာကြသူများနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊စီးပွားရေးအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။