ေမာ္ရင္ဟိုကို နည္းျပသစ္ခန႔္အပ္ရန္ အယ္ဟီလယ္အသင္းႀကိဳးပမ္းေန

ေဆာ္ဒီထိပ္တန္းကလပ္ အယ္ဟီလယ္အသင္းက အသင္းနည္းျပရာထူးမွ နည္းျပဂ်ီးဆပ္ႏုတ္ထြက္ ၿပီးေနာက္ လစ္လပ္ေနသည့္နည္းျပရာထူးအတြက္ လက္ရွိ ဖီနာဘာခ်ီအသင္းနည္းျပေမာ္ရင္ဟိုကို ခန႔္အပ္ရန္ ႀကိဳးပမ္းေနေၾကာင္း သိရသည္။

အယ္ဟီလယ္အသင္းသည္ယခုေဘာလုံး ရာသီတြင္ အာရွခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွ ထြက္ခြာခဲ့ရသကဲ့ သို႔ ေဆာ္ဒီပ႐ိုလိဂ္ၿပိဳင္ပြဲတြင္လည္း အဆင့္(၂)ေနရာ ၌သာရပ္တည္ေနၿပီး ခ်န္ပီယံဆုကိုလက္လႊတ္ရရန္ နီးစပ္ေနကာ ဆုဖလားလက္မဲ့ရာသီႏွင့္ေတြ႕ႀကဳံရန္ နီးစပ္ခဲ့ၿပီးေနာက္ နည္းျပဂ်ီးဆပ္က အသင္းနည္းျပ ရာထူးမွ ႏုတ္ထြက္ခဲ့ျခင္းျဖစ္သည္။

နည္းျပေမာ္ရင္ဟိုသည္ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ က တူကီယဲလ္ ထိပ္တန္းကလပ္အသင္းျဖစ္သည့္ဖီနာဘာခ်ီအသင္းကို စတင္တာဝန္ယူကိုင္တြယ္ေနသူ ျဖစ္ၿပီး ယခုေဘာလုံးရာသီအကုန္တြင္ ဖီနာဘာခ်ီ အသင္းမွထြက္ခြာဖြယ္ရွိေနသည့္အတြက္ အယ္ဟီလယ္ အသင္းက နည္းျပသစ္အျဖစ္ခန႔္အပ္ရန္ ႀကိဳးပမ္း ေနျခင္းျဖစ္သည္။

အယ္ဟီလယ္အသင္းသည္ လာမည့္ေဘာလုံး ရာသီတြင္ ခ်န္ပီယံဆုမ်ားကို ျပန္လည္စိန္ေခၚႏိုင္ရန္ အတြက္ ဥေရာပမွ ထိပ္တန္းနည္းျပတစ္ဦးကိုခန႔္အပ္ ရန္ႀကိဳးပမ္းေနၿပီး လက္ရွိတြင္ နည္းျပေမာ္ရင္ဟို အျပင္ ဖူလ္ဟမ္အသင္းနည္းျပ မာကိုေဆးလ္ဗား၊ ေနာ္တင္ဟမ္အသင္းနည္းျပ ႏူႏိုဆန္းတို႔စ္၊ ေအစီမီလန္အသင္းနည္းျပေဟာင္း အယ္ဂရီနီႏွင့္ ရီးယဲလ္ မက္ဒရစ္အသင္းနည္းျပ အန္ဆယ္ေလာ့တီကိုလည္း ပစ္မွတ္ထားေနေၾကာင္း သိရသည္။

Ref;Goal.com


မော်ရင်ဟိုကို နည်းပြသစ်ခန့်အပ်ရန် အယ်ဟီလယ်အသင်းကြိုးပမ်းနေ
=========================
ဆော်ဒီထိပ်တန်းကလပ် အယ်ဟီလယ်အသင်းက အသင်းနည်းပြရာထူးမှ နည်းပြဂျီးဆပ်နုတ်ထွက် ပြီးနောက် လစ်လပ်နေသည့်နည်းပြရာထူးအတွက် လက်ရှိ ဖီနာဘာချီအသင်းနည်းပြမော်ရင်ဟိုကို ခန့်အပ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

အယ်ဟီလယ်အသင်းသည်ယခုဘောလုံး ရာသီတွင် အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသကဲ့ သို့ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင်လည်း အဆင့်(၂)နေရာ ၌သာရပ်တည်နေပြီး ချန်ပီယံဆုကိုလက်လွှတ်ရရန် နီးစပ်နေကာ ဆုဖလားလက်မဲ့ရာသီနှင့်တွေ့ကြုံရန် နီးစပ်ခဲ့ပြီးနောက် နည်းပြဂျီးဆပ်က အသင်းနည်းပြ ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

နည်းပြမော်ရင်ဟိုသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ က တူကီယဲလ် ထိပ်တန်းကလပ်အသင်းဖြစ်သည့်ဖီနာဘာချီအသင်းကို စတင်တာဝန်ယူကိုင်တွယ်နေသူ ဖြစ်ပြီး ယခုဘောလုံးရာသီအကုန်တွင် ဖီနာဘာချီ အသင်းမှထွက်ခွာဖွယ်ရှိနေသည့်အတွက် အယ်ဟီလယ် အသင်းက နည်းပြသစ်အဖြစ်ခန့်အပ်ရန် ကြိုးပမ်း နေခြင်းဖြစ်သည်။

အယ်ဟီလယ်အသင်းသည် လာမည့်ဘောလုံး ရာသီတွင် ချန်ပီယံဆုများကို ပြန်လည်စိန်ခေါ်နိုင်ရန် အတွက် ဥရောပမှ ထိပ်တန်းနည်းပြတစ်ဦးကိုခန့်အပ် ရန်ကြိုးပမ်းနေပြီး လက်ရှိတွင် နည်းပြမော်ရင်ဟို အပြင် ဖူလ်ဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗား၊ နော်တင်ဟမ်အသင်းနည်းပြ နူနိုဆန်းတို့စ်၊ အေစီမီလန်အသင်းနည်းပြဟောင်း အယ်ဂရီနီနှင့် ရီးယဲလ် မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီကိုလည်း ပစ်မှတ်ထားနေကြောင်း သိရသည်။

Ref;Goal.com