ယီမင္ႏိုင္ငံအား အစၥေရးက ေလေၾကာင္းမွ တိုက္ခိုက္
ယီမင္ႏိုင္ငံၿမိဳ႕ေတာ္ဆာနာႏွင့္ေျမာက္ပိုင္းခ႐ိုင္အမ္ရန္ကို အစၥေရးတပ္မေတာ္က ေလေၾကာင္းမွ ေမလ ၆ ရက္ တြင္ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ တိုက္ခိုက္မႈအၿပီးတြင္ ၿမိဳ႕ေတာ္ဆာနာႏွင့္ အမ္ရန္ခ႐ိုင္တို႔တြင္ အနက္ေရာင္မီးခိုးမ်ား ထူထပ္စြာတက္လာသည္ကို ေတြ႕ျမင္ရေၾကာင္း ေဒသခံမ်က္ျမင္သက္ေသမ်ားက ေျပာသည္။
ဆာနာတြင္ တိုက္ခိုက္မႈမ်ားသည္ ဆာနာအျပည္ျပည္ဆိုင္ရာ ေလဆိပ္၊ ဓာတ္အားေပးစက္႐ုံႏွင့္ စစ္ဘက္ ေနရာႏွစ္ခုကို ထိမွန္ခဲ့သည္။ ၿမိဳ႕ေတာ္၏ ေျမာက္ဘက္ ကီလိုမီတာ ၆၀ ခန႔္အကြာ အမ္ရမ္ ခ႐ိုင္တြင္လည္း အစၥေရး၏ ေလေၾကာင္းတိုက္ခိုက္မႈမ်ားက ကြန္ကရစ္စက္႐ုံတစ္႐ုံကို ပစ္မွတ္ထားခဲ့ေၾကာင္း သိရသည္။
ဆာနာေလဆိပ္ကို အသုံးျပဳ၍ မရေတာ့ေၾကာင္း အစၥေရး တပ္မေတာ္က အတည္ျပဳခဲ့သည္။ ၎ တိုက္ခိုက္မႈမျဖစ္မီ မိနစ္ပိုင္းအလိုတြင္ အစၥေရးတပ္မေတာ္မွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ဆိုရွယ္မီဒီယာ ပလက္ေဖာင္း အိတ္စ္တြင္ သတိေပးခ်က္ထုတ္ျပန္ခဲ့ၿပီး ယင္းေဒသရွိ အရပ္သားမ်ားကို ခ်က္ခ်င္း ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းရန္ တိုက္တြန္းခဲ့သည္ဟု ဆင္ဟြာသတင္းဌာန ေဖာ္ျပခ်က္အရ သိရသည္။
ယီမင်နိုင်ငံအား အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
======================
ယီမင်နိုင်ငံမြို့တော်ဆာနာနှင့်မြောက်ပိုင်းခရိုင်အမ်ရန်ကို အစ္စရေးတပ်မတော်က လေကြောင်းမှ မေလ ၆ ရက် တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုအပြီးတွင် မြို့တော်ဆာနာနှင့် အမ်ရန်ခရိုင်တို့တွင် အနက်ရောင်မီးခိုးများ ထူထပ်စွာတက်လာသည်ကို တွေ့မြင်ရကြောင်း ဒေသခံမျက်မြင်သက်သေများက ပြောသည်။
ဆာနာတွင် တိုက်ခိုက်မှုများသည် ဆာနာအပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဓာတ်အားပေးစက်ရုံနှင့် စစ်ဘက် နေရာနှစ်ခုကို ထိမှန်ခဲ့သည်။ မြို့တော်၏ မြောက်ဘက် ကီလိုမီတာ ၆၀ ခန့်အကွာ အမ်ရမ် ခရိုင်တွင်လည်း အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများက ကွန်ကရစ်စက်ရုံတစ်ရုံကို ပစ်မှတ်ထားခဲ့ကြောင်း သိရသည်။
ဆာနာလေဆိပ်ကို အသုံးပြု၍ မရတော့ကြောင်း အစ္စရေး တပ်မတော်က အတည်ပြုခဲ့သည်။ ၎င်း တိုက်ခိုက်မှုမဖြစ်မီ မိနစ်ပိုင်းအလိုတွင် အစ္စရေးတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုရှယ်မီဒီယာ ပလက်ဖောင်း အိတ်စ်တွင် သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ယင်းဒေသရှိ အရပ်သားများကို ချက်ချင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် တိုက်တွန်းခဲ့သည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။