မေ ၆၊ နေပြည်တော်
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နေပြည်တော်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား ကူညီထောက်ပံ့
=======================
မေ ၆၊ နေပြည်တော်
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် ဦိးအေးလွင်၊ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၊ ပြည်ထောင်စုနယ်မြေပါတီမှ အတွင်းရေးမှူး ဦးဝင်းဌေးနှင့် ပါတီတာဝန်ရှိသူများသည် ၆-၅-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လမ်းမကြီးများတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်းလိုက်နာရေး တာဝန်ထမ်းဆောင်နေကြသော မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား လိုက်လံတွေ့ဆုံအားပေးပြီး သောက်ရေသန့်ဘူးများ၊ အအေးဘူးများနှင့် မုန့်များအားလည်းကောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဌာနချုပ်ရုံးသို့ သွားရောက်ပြီး ရုံးတွင်တာဝန်ထမ်းဆောင်နေကြသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားကာ ဆန်အိတ်များ၊ သောက်ရေသန့်ဘူးများ၊ အအေးဘူးများနှင့် မုန့်များအားလည်းကောင်းကူညီထောက်ပံ့ခဲ့ပါသည်။