ကစားသမားဘဝ ပထမဆုံးဆုဖလားရရွိတဲ့ ဟယ္ရီကိန္း
အဂၤလန္နဲ႔ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး ဟယ္ရီကိန္းဟာ ကစားသမားဘဝ သက္တမ္းတေလွ်ာက္ ပထမဆုံးဆုဖလား ရယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
အဂၤလန္အသင္းေခါင္းေဆာင္ဟာ ဘိုင္ယန္နဲ႔ ပထမဆုံးရာသီမွာ ဆုဖလားလက္မဲ့ျဖစ္ခဲ့ေပမဲ့ အခုႏွစ္ ေဘာလုံးရာသီမွာေတာ့ ဂ်ာမန္ဘြန္ဒက္စ္လီဂါ ခ်န္ပီယံဆု ရယူႏိုင္ခဲ့တာပါ။
လက္က်န္ ၂ ပြဲအလိုမွာ ဒုတိယေနရာက ေလဗာကူဆင္အသင္းက ဖ႐ိုင္းဘတ္နဲ႔ ၂ ဂိုးစီ သေရက်သြားခဲ့တာေၾကာင့္ ၈ မွတ္ ျဖတ္ႏိုင္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္က ခ်န္ပီယံျဖစ္ဖို႔ ေသခ်ာသြားခဲ့တာပါ။
အသက္ ၃၁ ႏွစ္အ႐ြယ္မွာ ပထမဆုံးဆုဖလား ကိုင္ေျမႇာက္ႏိုင္ေတာ့မယ့္ ဟယ္ရီကိန္းဟာ အဂၤလန္အသင္းေဖာ္ေဟာင္း အဲရစ္ဒိုင္ယာနဲ႔ ဘိုင္ယန္အသင္းေဖာ္ေတြနဲ႔အတူ ေအာင္ပြဲခံခဲ့ပါတယ္။
စပါးတိုက္စစ္မႉးေဟာင္း ဟယ္ရီကိန္းဟာ ပထမဆုံးဆုဖလားရဖို႔အတြက္ ၁၅ ႏွစ္ၾကာ ေစာင့္ခဲ့ရၿပီး ပြဲေပါင္း ၇၀၀ နီးပါး ကစားခဲ့ၿပီးမွ ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ကစားသမားဘဝ ပထမဆုံးဆုဖလားရရှိတဲ့ ဟယ်ရီကိန်း
=========================
အင်္ဂလန်နဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ကစားသမားဘဝ သက်တမ်းတလျှောက် ပထမဆုံးဆုဖလား ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဘိုင်ယန်နဲ့ ပထမဆုံးရာသီမှာ ဆုဖလားလက်မဲ့ဖြစ်ခဲ့ပေမဲ့ အခုနှစ် ဘောလုံးရာသီမှာတော့ ဂျာမန်ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။
လက်ကျန် ၂ ပွဲအလိုမှာ ဒုတိယနေရာက လေဗာကူဆင်အသင်းက ဖရိုင်းဘတ်နဲ့ ၂ ဂိုးစီ သရေကျသွားခဲ့တာကြောင့် ၈ မှတ် ဖြတ်နိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်က ချန်ပီယံဖြစ်ဖို့ သေချာသွားခဲ့တာပါ။
အသက် ၃၁ နှစ်အရွယ်မှာ ပထမဆုံးဆုဖလား ကိုင်မြှောက်နိုင်တော့မယ့် ဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းဖော်ဟောင်း အဲရစ်ဒိုင်ယာနဲ့ ဘိုင်ယန်အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။
စပါးတိုက်စစ်မှူးဟောင်း ဟယ်ရီကိန်းဟာ ပထမဆုံးဆုဖလားရဖို့အတွက် ၁၅ နှစ်ကြာ စောင့်ခဲ့ရပြီး ပွဲပေါင်း ၇၀၀ နီးပါး ကစားခဲ့ပြီးမှ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။