ေအာင္လံၿမိဳ႕ ဆီစက္လုပ္ငန္းမ်ား FDA လက္မွတ္ေလွ်ာက္ထားသူ ပိုမ်ားလာ
မေကြးတိုင္းေဒသႀကီး၊ ေအာင္လံၿမိဳ႕ ရွိဆီစက္လုပ္ငန္းရွင္ေတြအေနနဲ႔က်န္းမာေရးနဲ႔ညီၫြတ္တဲ့ စားသုံးဆီေတြ ပိုမိုထုတ္လုပ္ေရာင္းခ်ႏိုင္ေရးအတြက္ FDA ေထာက္ခံခ်က္လက္မွတ္ရရွိေရးေလွ်ာက္ထားသူ ပိုမိုမ်ားျပားလာတယ္လို႔ ဆီစက္လုပ္ငန္းရွင္ေတြထံကသိရပါတယ္။
အရင္က FDA အသိအမွတ္ျပဳလက္မွတ္ေလွ်ာက္ထားရမွာကို မသိရွိဘဲ ေနာက္ပိုင္းမွသာ က်ယ္က်ယ္ျပန႔္ျပန႔္ သိရွိလာတဲ့အတြက္ ေလွ်ာက္ထားလာၾကတာျဖစ္တယ္လို႔ ဆိုပါတယ္။
FDA အသိအမွတ္ျပဳလက္မွတ္ရဖို႔အတြက္ ဆီႀကိတ္ခြဲထုတ္လုပ္ျခင္းေတြကို သတ္မွတ္ခ်က္ေတြနဲ႔ ေဆာင္႐ြက္ရတယ္လို႔ ေအာင္လံၿမိဳ႕က ဆီစက္ပိုင္ရွင္တစ္ဦးထံ ကေန သိရပါတယ္။
အခုအခါ ေအာင္လံၿမိဳ႕နယ္အတြင္း တစ္ပိုင္တစ္ႏိုင္ ဆီစက္လုပ္ငန္းလုပ္ကိုင္သူဦးေရ ပိုမိုမ်ားျပားလာေနၿပီးေျမပဲဆီနဲ႔ ႏွမ္းဆီကိုႀကိတ္ခြဲေရာင္းခ်ၾကတာ ျဖစ္ပါတယ္။
FDA ေထာက္ခံခ်က္လက္မွတ္ရရွိတဲ့ ဆီစက္ေတြက ထုတ္လုပ္ျဖန္႔ျဖဴးေရာင္းခ်တဲ့ ေျမပဲဆီေတြဟာ ေစ်းကြက္မွာ ဝယ္ယူစားသုံးသူ ပိုမိုမ်ားျပားတယ္လို႔ ဆိုပါတယ္။
အခုေအာင္လံၿမိဳ႕မွာေျမပဲဆီတစ္ပိသာ ၁၆,၀၀၀ က်ပ္နဲ႔ ႏွမ္းဆီ တစ္ပိသာ ၁၅,၀၀၀ က်ပ္ရွိၿပီး ေျမပဲဆီကို အမ်ားဆုံးဝယ္ယူစားသုံးၾကတယ္လို႔ သိရပါတယ္။
အောင်လံမြို့ ဆီစက်လုပ်ငန်းများ FDA လက်မှတ်လျှောက်ထားသူ ပိုများလာ
=================
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ ရှိဆီစက်လုပ်ငန်းရှင်တွေအနေနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးဆီတွေ ပိုမိုထုတ်လုပ်ရောင်းချနိုင်ရေးအတွက် FDA ထောက်ခံချက်လက်မှတ်ရရှိရေးလျှောက်ထားသူ ပိုမိုများပြားလာတယ်လို့ ဆီစက်လုပ်ငန်းရှင်တွေထံကသိရပါတယ်။
အရင်က FDA အသိအမှတ်ပြုလက်မှတ်လျှောက်ထားရမှာကို မသိရှိဘဲ နောက်ပိုင်းမှသာ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာတဲ့အတွက် လျှောက်ထားလာကြတာဖြစ်တယ်လို့ ဆိုပါတယ်။
FDA အသိအမှတ်ပြုလက်မှတ်ရဖို့အတွက် ဆီကြိတ်ခွဲထုတ်လုပ်ခြင်းတွေကို သတ်မှတ်ချက်တွေနဲ့ ဆောင်ရွက်ရတယ်လို့ အောင်လံမြို့က ဆီစက်ပိုင်ရှင်တစ်ဦးထံ ကနေ သိရပါတယ်။
အခုအခါ အောင်လံမြို့နယ်အတွင်း တစ်ပိုင်တစ်နိုင် ဆီစက်လုပ်ငန်းလုပ်ကိုင်သူဦးရေ ပိုမိုများပြားလာနေပြီးမြေပဲဆီနဲ့ နှမ်းဆီကိုကြိတ်ခွဲရောင်းချကြတာ ဖြစ်ပါတယ်။
FDA ထောက်ခံချက်လက်မှတ်ရရှိတဲ့ ဆီစက်တွေက ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ မြေပဲဆီတွေဟာ စျေးကွက်မှာ ဝယ်ယူစားသုံးသူ ပိုမိုများပြားတယ်လို့ ဆိုပါတယ်။
အခုအောင်လံမြို့မှာမြေပဲဆီတစ်ပိသာ ၁၆,၀၀၀ ကျပ်နဲ့ နှမ်းဆီ တစ်ပိသာ ၁၅,၀၀၀ ကျပ်ရှိပြီး မြေပဲဆီကို အများဆုံးဝယ်ယူစားသုံးကြတယ်လို့ သိရပါတယ်။