နေပြည်တော် ဧပြီ ၂၈
ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော သပြေအေးဘုန်းတော်ကြီးကျောင်းအုတ်တံတိုင်းနှင့်ကျောင်းဆောင်အပျက်အစီးအပိုင်းအစများအား ရှင်းလင်းရေးဆောင်ရွက်
=================================
နေပြည်တော် ဧပြီ ၂၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဒေါက်တာစန်းစန်းနွယ်၊
ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဒေါက်တာ အောင်မြတ်ဦး၊ဒေါ်ခင်ရွှေမြင့်၊ဒေါ်သိင်္ဂီဝင်းရွှေ၊ဗဟို ကော်မတီဝင်ဦးရဲထွဋ်အောင်၊ ဌာနမှူးများဖြစ်ကြသည့် ဦးလှသွင်သောင်း၊ဦးကျော်သူရနှင့်ဌာနချုပ်ဦးစီးရုံးအဖွဲ့ဝင် လူငယ်နှင့်အမျိုးသမီး(၈၅)ဦးတို့သည် ယနေ့ဧပြီ (၂၈)ရက်တွင်ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ်၊
ဇေယျသိဒ္ဓိရပ်ကွက်၊ သပြေအေးဘုန်းတော်ကြီးကျောင်းအုတ်တံတိုင်းနှင့် ကျောင်းဆောင်အပျက်အစီးအပိုင်းအစများအားလူအား၊ ယန္တရားအားများဖြင့် ရှင်းလင်းရေးလုပ်အားဒါနကုသိုလ်ပြုဆောင်ရွက်ခဲ့ကြပါသည်။