ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ငလ်င္ေဘးဒဏ္သင့္ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနမွ ဝန္ထမ္းႏွင့္မိသားစုမ်ားအတြက္ ေထာက္ပံ့လႉဒါန္း
ေနျပည္ေတာ္ ဧၿပီ ၂၈
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ဦးလွထြန္း၊အေထြေထြအတြင္းေရးမႉး
ဦးေသာင္းေအး၊ ဗဟိုအတြင္းေရးမႉးမ်ားျဖစ္ၾကသည့္ ေဒါက္တာေက်ာ္ေက်ာ္ေဌး၊ေဒါက္တာစန္းစန္းႏြယ္၊ ဌာနခ်ဳပ္မႉးဦးေသာင္းေ႐ႊ၊ျပည္ေထာင္စုနယ္ေျမပါတီ ဥကၠ႒ ဦးလွေဆြႏွင့္ ပါတီတာဝန္ရွိသူမ်ားသည္ ယေန႔ ေန႔လည္ပိုင္းတြင္စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဌာနသို႔သြားေရာက္ၿပီး ဝန္ထမ္းမ်ားႏွင့္မိသားစုမ်ားအတြက္ ဆန္၊ ဆီ၊ ေရသန႔္၊ ေစာင္၊ျခင္ေထာင္၊ဖ်ာႏွင့္ အလႉေငြေထာက္ပံ့လႉဒါန္းခဲ့ပါသည္။
လႉဒါန္းေထာက္ပံ့မႈအေနျဖင့္ ဆန္ (၄)ျပည္အိတ္ (၂၀၀)အိတ္၊ ဆီ(၅၀)က်ပ္သား (၆၀)ဗူး၊ ေရသန႔္(၆)ဗူး ကဒ္ (၇၀)ကဒ္၊ေစာင္(၁၀၀)ထည္၊ ျခင္ေထာင္(၅၀)လုံး၊ဖ်ာ(၅၀)ခ်ပ္ႏွင့္ေငြသိန္း
(၁၀၀)က်ပ္အား ေပးအပ္လႉဒါန္းရာ ႏိုင္ငံေတာ္ဒုတိယဝန္ႀကီးခ်ဳပ္၊စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီးဦးဝင္းရွိန္ႏွင့္ တာဝန္ရွိသူမ်ားကလက္ခံယူခဲ့ၿပီး ေက်းဇူးတင္
ဂုဏ္ျပဳလႊာ ျပန္လည္ေပးအပ္ခဲ့ပါသည္။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ငလျင်ဘေးဒဏ်သင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ထမ်းနှင့်မိသားစုများအတွက် ထောက်ပံ့လှူဒါန်း
=================================
နေပြည်တော် ဧပြီ ၂၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးလှထွန်း၊အထွေထွေအတွင်းရေးမှူး
ဦးသောင်းအေး၊ ဗဟိုအတွင်းရေးမှူးများဖြစ်ကြသည့် ဒေါက်တာကျော်ကျော်ဌေး၊ဒေါက်တာစန်းစန်းနွယ်၊ ဌာနချုပ်မှူးဦးသောင်းရွှေ၊ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဋ္ဌ ဦးလှဆွေနှင့် ပါတီတာဝန်ရှိသူများသည် ယနေ့ နေ့လည်ပိုင်းတွင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနသို့သွားရောက်ပြီး ဝန်ထမ်းများနှင့်မိသားစုများအတွက် ဆန်၊ ဆီ၊ ရေသန့်၊ စောင်၊ခြင်ထောင်၊ဖျာနှင့် အလှူငွေထောက်ပံ့လှူဒါန်းခဲ့ပါသည်။
လှူဒါန်းထောက်ပံ့မှုအနေဖြင့် ဆန် (၄)ပြည်အိတ် (၂၀၀)အိတ်၊ ဆီ(၅၀)ကျပ်သား (၆၀)ဗူး၊ ရေသန့်(၆)ဗူး ကဒ် (၇၀)ကဒ်၊စောင်(၁၀၀)ထည်၊ ခြင်ထောင်(၅၀)လုံး၊ဖျာ(၅၀)ချပ်နှင့်ငွေသိန်း
(၁၀၀)ကျပ်အား ပေးအပ်လှူဒါန်းရာ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်နှင့် တာဝန်ရှိသူများကလက်ခံယူခဲ့ပြီး ကျေးဇူးတင်
ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။