လာမည့္ရာသီ၌ ကစားသမား အနည္းဆုံး ၁၀ ဦး မန္ယူအသင္း ေရာင္းထုတ္မည္

မန္ယူသည္ လာမည့္ေႏြရာသီတြင္ လက္ရွိအသင္းမွ ကစားသမား ၁ဝ ဦးအထိ ထုတ္ေရာင္းသြားမည္ျဖစ္ေၾကာင္း သတင္းမ်ားအရ သိရသည္။
မန္ယူ၏ ပိုင္ရွင္သစ္မ်ားျဖစ္သည့္ ဆာဂ်င္ရက္ကလစ္ဖ္ ဦးေဆာင္ေသာအဖြဲ႕ႏွင့္ မန္ေနဂ်ာသစ္ ႐ူဘင္အာမိုရင္တို႔သည္ ယခုရာသီစိတ္ပ်က္ဖြယ္ရာအေျခအေနမ်ားအရ လာမည့္ေႏြရာသီတြင္ အသင္းကို ျပန္လည္တည္ေဆာက္သြားရန္ စိတ္ပိုင္းျဖတ္ထားျခင္းႏွင့္အတူ ရွိရင္းစြဲပထမအသင္း ကစားသမားမ်ားအနက္မွ ၁ဝ ဦးအထိ ေရာင္းထုတ္သြားရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သတင္း မ်ားက ေဖာ္ျပခဲ့ျခင္းျဖစ္သည္။
အဆိုပါ သတင္းအရင္းအျမစ္မ်ား၏အဆိုအရ မန္ယူသည္ လာမည့္ေႏြရာသီတြင္ ကစားသမားသစ္မ်ားကိုေခၚယူႏိုင္ေရး ရန္ပုံေငြရွာေဖြမည့္အစီအစဥ္အျဖစ္ လက္ရွိအငွားခ်ထားသည့္ ကစားသမားမ်ားျဖစ္ေသာ ဗီလာမွ ရက္ရွ္ဖို႔ဒ္၊ ခ်ယ္လ္ဆီးမွေဂ်ာ္ဒန္ဆန္ခ်ိဳႏွင့္ ဘက္တစ္မွအန္တိုနီတို႔ကို ဦးစားေပးအေနျဖင့္ ေရာင္းထုတ္သြားမည္ျဖစ္ကာ ထိုသုံးဦးအျပင္ ဝါရင့္ကြင္းလယ္ကစားသမားမ်ားျဖစ္ၾကသည့္ ခရစၥတီယန္အဲရစ္ဆင္ ႏွင့္ ကာစီမီယို၊ ဗဟိုခံစစ္ကစားသမားမ်ားျဖစ္သည့္ ဂြၽန္နီအီဗန႔္စ္၊ ဗစ္တာလင္ဒီေလာ့ဖ္၊ ဂိုးသမားတြန္ဟီတန္တို႔ကိုပါ အေရာင္းစာရင္းတြင္ ထည့္သြင္းထားေၾကာင္းသိရသည္။
ထို႔ျပင္ အျခားခံစစ္ကစားသမားမ်ားျဖစ္သည့္ လုခ္ေရွာလ္ႏွင့္ တိုင္ရယ္မာလာစီယာတို႔ကိုလည္း စိတ္ဝင္စားသည့္အသင္းမ်ား ရွိလာပါက ေရာင္းခ်သြားရန္ရည္႐ြယ္ထားေၾကာင္း ထိုသတင္းအရင္းအျမစ္မ်ားက ထပ္မံေဖာ္ျပခဲ့သည္။
အထူးသျဖင့္ မန္ေနဂ်ာ႐ူဘင္အာမိုရင္သည္ ယခုလအေစာပိုင္းက တည္းက မန္ယူ၏လက္ရွိကစားသမားအခ်ိဳ႕သည္ အိုးလ္ထရက္ဖို႔ဒ္၌ ၎တို႔၏အခ်ိန္မ်ား ကုန္ဆုံးသြားၿပီျဖစ္ေၾကာင္း လူသိရွင္ၾကား ဖြင့္ဟခဲ့သည္။


လာမည့်ရာသီ၌ ကစားသမား အနည်းဆုံး ၁၀ ဦး မန်ယူအသင်း ရောင်းထုတ်မည်
===================
မန်ယူသည် လာမည့်နွေရာသီတွင် လက်ရှိအသင်းမှ ကစားသမား ၁ဝ ဦးအထိ ထုတ်ရောင်းသွားမည်ဖြစ်ကြောင်း သတင်းများအရ သိရသည်။
မန်ယူ၏ ပိုင်ရှင်သစ်များဖြစ်သည့် ဆာဂျင်ရက်ကလစ်ဖ် ဦးဆောင်သောအဖွဲ့နှင့် မန်နေဂျာသစ် ရူဘင်အာမိုရင်တို့သည် ယခုရာသီစိတ်ပျက်ဖွယ်ရာအခြေအနေများအရ လာမည့်နွေရာသီတွင် အသင်းကို ပြန်လည်တည်ဆောက်သွားရန် စိတ်ပိုင်းဖြတ်ထားခြင်းနှင့်အတူ ရှိရင်းစွဲပထမအသင်း ကစားသမားများအနက်မှ ၁ဝ ဦးအထိ ရောင်းထုတ်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း များက ဖော်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါ သတင်းအရင်းအမြစ်များ၏အဆိုအရ မန်ယူသည် လာမည့်နွေရာသီတွင် ကစားသမားသစ်များကိုခေါ်ယူနိုင်ရေး ရန်ပုံငွေရှာဖွေမည့်အစီအစဉ်အဖြစ် လက်ရှိအငှားချထားသည့် ကစားသမားများဖြစ်သော ဗီလာမှ ရက်ရှ်ဖို့ဒ်၊ ချယ်လ်ဆီးမှဂျော်ဒန်ဆန်ချိုနှင့် ဘက်တစ်မှအန်တိုနီတို့ကို ဦးစားပေးအနေဖြင့် ရောင်းထုတ်သွားမည်ဖြစ်ကာ ထိုသုံးဦးအပြင် ဝါရင့်ကွင်းလယ်ကစားသမားများဖြစ်ကြသည့် ခရစ္စတီယန်အဲရစ်ဆင် နှင့် ကာစီမီယို၊ ဗဟိုခံစစ်ကစားသမားများဖြစ်သည့် ဂျွန်နီအီဗန့်စ်၊ ဗစ်တာလင်ဒီလော့ဖ်၊ ဂိုးသမားတွန်ဟီတန်တို့ကိုပါ အရောင်းစာရင်းတွင် ထည့်သွင်းထားကြောင်းသိရသည်။
ထို့ပြင် အခြားခံစစ်ကစားသမားများဖြစ်သည့် လုခ်ရှောလ်နှင့် တိုင်ရယ်မာလာစီယာတို့ကိုလည်း စိတ်ဝင်စားသည့်အသင်းများ ရှိလာပါက ရောင်းချသွားရန်ရည်ရွယ်ထားကြောင်း ထိုသတင်းအရင်းအမြစ်များက ထပ်မံဖော်ပြခဲ့သည်။
အထူးသဖြင့် မန်နေဂျာရူဘင်အာမိုရင်သည် ယခုလအစောပိုင်းက တည်းက မန်ယူ၏လက်ရှိကစားသမားအချို့သည် အိုးလ်ထရက်ဖို့ဒ်၌ ၎င်းတို့၏အချိန်များ ကုန်ဆုံးသွားပြီဖြစ်ကြောင်း လူသိရှင်ကြား ဖွင့်ဟခဲ့သည်။