ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲ ခ်န္ပီယံ ေဒၚလာ ၁၂၅ သန္းအထိ ရမယ္

၂၀၂၅ ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ေပးအပ္ခ်ီးျမႇင့္မည့္ဆုေၾကးကို ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္(FIFA) က ထုတ္ျပန္လိုက္ၿပီျဖစ္ၿပီး ၿပိဳင္ပြဲတစ္ခုလုံးအတြက္ ဆုေၾကးစုစုေပါင္း ေဒၚလာတစ္ဘီလီယံအထိ ခ်ီးျမႇင့္မည္ျဖစ္သလို ခ်န္ပီယံျဖစ္သည့္အသင္းမွာ အျမင့္ဆုံး ေဒၚလာ (၁၂၅)သန္းရရွိမည္ျဖစ္ေၾကာင္း သိရပါတယ္။

FIFA သည္ ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကို ၂၀၂၅ ၿပိဳင္ပြဲမွစ၍ အသင္းအေရအတြက္ႏွင့္ ပုံစံေျပာင္းလဲက်င္းပမည္ျဖစ္ၿပီး (၃၂) သင္း ၿပိဳင္ပြဲအျဖစ္ ေလးႏွစ္တစ္ႀကိမ္ က်င္းပမည္ ျဖစ္ပါတယ္။

ယင္းၿပိဳင္ပြဲအတြက္ ဆုေၾကးစုစုေပါင္း ေဒၚလာတစ္ဘီလီယံအထိ ခ်ီးျမႇင့္မည္ျဖစ္ၿပီး ပါဝင္ယွဥ္ၿပိဳင္ခြင့္ရမည့္အသင္းမ်ားအား ကိုယ္စားျပဳေဒသႏွင့္ စီးပြားေရးဆိုင္ရာ သတ္မွတ္ခ်က္မ်ားအေပၚမူတည္၍ ေဒၚလာ (၅၂၅) သန္း၊ အားကစားပိုင္းဆိုင္ရာစြမ္းေဆာင္ရည္ အေပၚမူတည္၍ (၄၇၅) သန္း ခ်ီးျမႇင့္မည္ျဖစ္ပါတယ္။

FIFA ၏ ထုတ္ျပန္မႈအရ ဥေရာပဇုန္မွ ကလပ္အသင္းမ်ားမွာ အျမင့္ဆုံးခြဲတမ္းအျဖစ္ ေဒၚလာ (၁၂.၈၁) သန္းမွ (၃၈.၁၉) သန္းအထိရရွိမည္ျဖစ္ၿပီး ေတာင္အေမရိကဇုန္မွ ကလပ္အသင္းမ်ားမွာ ေဒၚလာ (၁၅.၂၁) သန္း၊ ကြန္ကာကပ္ဖ္ဇုန္၊ အာရွဇုန္ႏွင့္ အာဖရိကဇုန္မွ ကလပ္အသင္းမ်ားမွာ ေဒၚလာ (၉.၅၅) သန္းစီ၊ သမုဒၵရာပိုင္းဇုန္မွ ကလပ္အသင္းမွာ ေဒၚလာ (၃.၅၈) သန္း ရရွိမည္ျဖစ္ပါတယ္။

သို႔ျဖစ္ရာ ရီးယဲလ္မက္ဒရစ္၊ မန္စီးတီး၊ PSG၊ ခ်ယ္လ္ဆီး စသည့္ ဥေရာပထိပ္တန္းကလပ္အသင္းမ်ားမွာ အျမင့္ဆုံးခြဲတမ္း ရရွိမည္ျဖစ္ပါတယ္။

ထို႔ျပင္ အားကစားပိုင္းဆိုင္ရာ စြမ္းေဆာင္ရည္အေပၚမူတည္၍ အုပ္စုတြင္းပြဲစဥ္ တစ္ပြဲအႏိုင္ရလွ်င္ ေဒၚလာ ႏွစ္သန္း၊ တစ္ပြဲသေရက်လွ်င္ ေဒၚလာတစ္သန္း၊ ၁၆ သင္း အဆင့္တက္ေရာက္ႏိုင္လွ်င္ ေဒၚလာ (၇.၅) သန္း၊ ကြာတားဖိုင္နယ္တက္ေရာက္ႏိုင္လွ်င္ ေဒၚလာ (၁၃.၁၂၅) သန္း၊ ဆီမီးဖိုင္နယ္တက္ေရာက္ႏိုင္လွ်င္ ေဒၚလာ(၂၁) သန္း၊ ဗိုလ္လုပြဲတက္ေရာက္ႏိုင္လွ်င္ ေဒၚလာသန္း (၃၀) ႏွင့္ ခ်န္ပီယံဆုဆြတ္ခူးရရွိလွ်င္ ေဒၚလာသန္း (၄၀) ရရွိမည္ျဖစ္ပါတယ္။

ထို႔ေၾကာင့္ ဥေရာပဇုန္မွ ထိပ္တန္းကလပ္အသင္းတစ္သင္း ဗိုလ္စြဲပါက အျမင့္ဆုံးဆုေၾကး ေဒၚလာ (၁၂၅) သန္းအထိ ရရွိႏိုင္ေၾကာင္း FIFA ဥကၠ႒ အင္ဖန္တီႏိုက ေျပာၾကားခဲ့ပါတယ္။

၂၀၂၅ ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ဥေရာပဇုန္မွ အမ်ားဆုံးအျဖစ္ (၁၂) သင္းအထိ ဝင္ခြင့္ရထားၿပီး ေတာင္အေမရိကဇုန္မွ ေျခာက္သင္း၊ အာရွဇုန္၊ အာဖရိကဇုန္ႏွင့္ ကြန္ကာကပ္ဖ္ဇုန္မွ ေလးသင္းစီ၊ သမုဒၵရာပိုင္းဇုန္ ႏွင့္ အိမ္ရွင္အေမရိကန္ကလပ္တစ္သင္းစီ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရရွိထားပါတယ္။

ကြန္ကာကပ္ဖ္ဇုန္ ဝင္ခြင့္ေလးေနရာအနက္ မကၠဆီကိုကလပ္ ပါခ်ဴကာအသင္းႏွင့္ လီယြန္အသင္းမွာ အသင္းပိုင္ရွင္တူေနသျဖင့္ လီယြန္အသင္း ထုတ္ပယ္ခံထားရၿပီး အစားထိုးယွဥ္ၿပိဳင္ခြင့္ရမည့္အသင္းကို ထပ္မံေၾကညာမည္ျဖစ္ပါတယ္။


ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ချန်ပီယံ ဒေါ်လာ ၁၂၅ သန်းအထိ ရမယ်
========================
၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပေးအပ်ချီးမြှင့်မည့်ဆုကြေးကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) က ထုတ်ပြန်လိုက်ပြီဖြစ်ပြီး ပြိုင်ပွဲတစ်ခုလုံးအတွက် ဆုကြေးစုစုပေါင်း ဒေါ်လာတစ်ဘီလီယံအထိ ချီးမြှင့်မည်ဖြစ်သလို ချန်ပီယံဖြစ်သည့်အသင်းမှာ အမြင့်ဆုံး ဒေါ်လာ (၁၂၅)သန်းရရှိမည်ဖြစ်ကြောင်း သိရပါတယ်။

FIFA သည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၅ ပြိုင်ပွဲမှစ၍ အသင်းအရေအတွက်နှင့် ပုံစံပြောင်းလဲကျင်းပမည်ဖြစ်ပြီး (၃၂) သင်း ပြိုင်ပွဲအဖြစ် လေးနှစ်တစ်ကြိမ် ကျင်းပမည် ဖြစ်ပါတယ်။

ယင်းပြိုင်ပွဲအတွက် ဆုကြေးစုစုပေါင်း ဒေါ်လာတစ်ဘီလီယံအထိ ချီးမြှင့်မည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ခွင့်ရမည့်အသင်းများအား ကိုယ်စားပြုဒေသနှင့် စီးပွားရေးဆိုင်ရာ သတ်မှတ်ချက်များအပေါ်မူတည်၍ ဒေါ်လာ (၅၂၅) သန်း၊ အားကစားပိုင်းဆိုင်ရာစွမ်းဆောင်ရည် အပေါ်မူတည်၍ (၄၇၅) သန်း ချီးမြှင့်မည်ဖြစ်ပါတယ်။

FIFA ၏ ထုတ်ပြန်မှုအရ ဥရောပဇုန်မှ ကလပ်အသင်းများမှာ အမြင့်ဆုံးခွဲတမ်းအဖြစ် ဒေါ်လာ (၁၂.၈၁) သန်းမှ (၃၈.၁၉) သန်းအထိရရှိမည်ဖြစ်ပြီး တောင်အမေရိကဇုန်မှ ကလပ်အသင်းများမှာ ဒေါ်လာ (၁၅.၂၁) သန်း၊ ကွန်ကာကပ်ဖ်ဇုန်၊ အာရှဇုန်နှင့် အာဖရိကဇုန်မှ ကလပ်အသင်းများမှာ ဒေါ်လာ (၉.၅၅) သန်းစီ၊ သမုဒ္ဒရာပိုင်းဇုန်မှ ကလပ်အသင်းမှာ ဒေါ်လာ (၃.၅၈) သန်း ရရှိမည်ဖြစ်ပါတယ်။

သို့ဖြစ်ရာ ရီးယဲလ်မက်ဒရစ်၊ မန်စီးတီး၊ PSG၊ ချယ်လ်ဆီး စသည့် ဥရောပထိပ်တန်းကလပ်အသင်းများမှာ အမြင့်ဆုံးခွဲတမ်း ရရှိမည်ဖြစ်ပါတယ်။

ထို့ပြင် အားကစားပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အပေါ်မူတည်၍ အုပ်စုတွင်းပွဲစဉ် တစ်ပွဲအနိုင်ရလျှင် ဒေါ်လာ နှစ်သန်း၊ တစ်ပွဲသရေကျလျှင် ဒေါ်လာတစ်သန်း၊ ၁၆ သင်း အဆင့်တက်ရောက်နိုင်လျှင် ဒေါ်လာ (၇.၅) သန်း၊ ကွာတားဖိုင်နယ်တက်ရောက်နိုင်လျှင် ဒေါ်လာ (၁၃.၁၂၅) သန်း၊ ဆီမီးဖိုင်နယ်တက်ရောက်နိုင်လျှင် ဒေါ်လာ(၂၁) သန်း၊ ဗိုလ်လုပွဲတက်ရောက်နိုင်လျှင် ဒေါ်လာသန်း (၃၀) နှင့် ချန်ပီယံဆုဆွတ်ခူးရရှိလျှင် ဒေါ်လာသန်း (၄၀) ရရှိမည်ဖြစ်ပါတယ်။

ထို့ကြောင့် ဥရောပဇုန်မှ ထိပ်တန်းကလပ်အသင်းတစ်သင်း ဗိုလ်စွဲပါက အမြင့်ဆုံးဆုကြေး ဒေါ်လာ (၁၂၅) သန်းအထိ ရရှိနိုင်ကြောင်း FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောကြားခဲ့ပါတယ်။

၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဥရောပဇုန်မှ အများဆုံးအဖြစ် (၁၂) သင်းအထိ ဝင်ခွင့်ရထားပြီး တောင်အမေရိကဇုန်မှ ခြောက်သင်း၊ အာရှဇုန်၊ အာဖရိကဇုန်နှင့် ကွန်ကာကပ်ဖ်ဇုန်မှ လေးသင်းစီ၊ သမုဒ္ဒရာပိုင်းဇုန် နှင့် အိမ်ရှင်အမေရိကန်ကလပ်တစ်သင်းစီ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိထားပါတယ်။

ကွန်ကာကပ်ဖ်ဇုန် ဝင်ခွင့်လေးနေရာအနက် မက္ကဆီကိုကလပ် ပါချူကာအသင်းနှင့် လီယွန်အသင်းမှာ အသင်းပိုင်ရှင်တူနေသဖြင့် လီယွန်အသင်း ထုတ်ပယ်ခံထားရပြီး အစားထိုးယှဉ်ပြိုင်ခွင့်ရမည့်အသင်းကို ထပ်မံကြေညာမည်ဖြစ်ပါတယ်။