ေတာင္ကိုရီးယားတြင္ မီးသတ္ရဟတ္ယာဥ္တစ္စင္း ပ်က္က်ၿပီး ေလယာဥ္မႉး ေသဆုံး ေတာမီးေလာင္ကြၽမ္းမႈေၾကာင့္ ေသဆုံးသူ ၁၈ ဦးရွိ
ေတာင္ကိုရီးယားႏိုင္ငံတြင္ မတ္ ၂၆ ရက္က ေသဆုံးသူ ၁၈ ဦးထက္မနည္းရွိေစခဲ့ေသာ ေတာမီးေလာင္ကြၽမ္းမႈကို ၿငိမ္းသတ္ေပးေနသည့္ ရဟတ္ယာဥ္တစ္စင္း ပ်က္က်ၿပီး ေလယာဥ္မႉးေသဆုံးသြားေၾကာင္း မီးသတ္ဌာနက ထုတ္ျပန္ခဲ့သည္။
“ေတာမီးကို ၿငိမ္းသတ္ေပးေနတဲ့ ရဟတ္ယာဥ္တစ္စင္း ယူအီဆယ္ေရာင္ေကာင္တီက ေတာင္ထူထပ္တဲ့ ေနရာတစ္ေနရာမွာ ပ်က္က်သြားပါတယ္။အခင္းျဖစ္ပြားရာေနရာမွာတင္ ေလယာဥ္မႉးေသဆုံးသြားပါတယ္”ဟု ဂေယာင္းဘက္မီးသတ္တတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။
ေတာင္ကိုရီးယားႏိုင္ငံ၏ အဆိုးဆုံးေတာမီးေလာင္မႈမ်ားမွ တစ္ခုျဖစ္သည့္ ယင္းေတာမီးေၾကာင့္ ေသဆုံးသူ ၁၈ ဦးထက္မနည္းရွိလာခဲ့ကာ မႀကဳံစဖူးအပ်က္အစီးမ်ားျဖစ္ေပၚခဲ့ေၾကာင္း ယာယီသမၼတ ဟန္ဒြတ္ဆူက မတ္ ၂၆ ရက္တြင္ ေျပာၾကားခဲ့သည္။
ႏိုင္ငံအေရွ႕ေတာင္ပိုင္းတြင္ သီတင္းပတ္ကုန္ေက်ာ္က ဒါဇင္ႏွင့္ခ်ီသည့္ ေတာမီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီး လူ ၂၇၀၀၀ ေက်ာ္ အေရးေပၚ ေ႐ႊ႕ေျပာင္းခဲ့ရသည္။
ေဒသခံမ်ားက အထိတ္တလန႔္ျဖင့္ ေ႐ႊ႕ေျပာင္းခ်ိန္တြင္ ေတာမီးေၾကာင့္ လမ္းပန္းဆက္သြယ္ေရးျပတ္ေတာက္မႈ ႀကဳံေတြ႕ခဲ့ရသည္။
ေလတိုက္ႏႈန္းေၾကာင့္ မီးကူးစက္ေလာင္ကြၽမ္းမႈ ျပင္းထန္ၿပီး အိမ္နီးခ်င္းေဒသမ်ားႏွင့္ ေရွးေဟာင္းဘုရားေက်ာင္းတစ္ခုဆီ ကူးစက္ေလာင္ကြၽမ္းခဲ့သည္ဟု သိရသည္။
ျပည္ထဲေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ ေတာမီးသည္ ၁၇၃၉၈ ဟက္တာ (၄၂ ၉၉၁ ဧက)ကို ကူးစက္ေလာင္ကြၽမ္းေနၿပီး ေတာမီးေလာင္မႈစုစုေပါင္း၏ ၈၇ ရာခိုင္ႏႈန္းသည္ ယူအီဆယ္ေရာင္ေကာင္တီတစ္ခုတည္း၌ ျဖစ္သည္ဟု ဆိုသည္။
အစိုးရက အက်ပ္အတည္းသတိေပးခ်က္အေျခအေနကို အျမင့္ဆုံးအဆင့္အထိ တိုးျမႇင့္ထုတ္ျပန္ထားသည္။
Ref:AFP
တောင်ကိုရီးယားတွင် မီးသတ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး လေယာဉ်မှူး သေဆုံး
တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၁၈ ဦးရှိ
====================================
တောင်ကိုရီးယားနိုင်ငံတွင် မတ် ၂၆ ရက်က သေဆုံးသူ ၁၈ ဦးထက်မနည်းရှိစေခဲ့သော တောမီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ပေးနေသည့် ရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး လေယာဉ်မှူးသေဆုံးသွားကြောင်း မီးသတ်ဌာနက ထုတ်ပြန်ခဲ့သည်။
“တောမီးကို ငြိမ်းသတ်ပေးနေတဲ့ ရဟတ်ယာဉ်တစ်စင်း ယူအီဆယ်ရောင်ကောင်တီက တောင်ထူထပ်တဲ့ နေရာတစ်နေရာမှာ ပျက်ကျသွားပါတယ်။အခင်းဖြစ်ပွားရာနေရာမှာတင် လေယာဉ်မှူးသေဆုံးသွားပါတယ်”ဟု ဂယောင်းဘက်မီးသတ်တတပ်ဖွဲ့က ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၏ အဆိုးဆုံးတောမီးလောင်မှုများမှ တစ်ခုဖြစ်သည့် ယင်းတောမီးကြောင့် သေဆုံးသူ ၁၈ ဦးထက်မနည်းရှိလာခဲ့ကာ မကြုံစဖူးအပျက်အစီးများဖြစ်ပေါ်ခဲ့ကြောင်း ယာယီသမ္မတ ဟန်ဒွတ်ဆူက မတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။
နိုင်ငံအရှေ့တောင်ပိုင်းတွင် သီတင်းပတ်ကုန်ကျော်က ဒါဇင်နှင့်ချီသည့် တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူ ၂၇၀၀၀ ကျော် အရေးပေါ် ရွှေ့ပြောင်းခဲ့ရသည်။
ဒေသခံများက အထိတ်တလန့်ဖြင့် ရွှေ့ပြောင်းချိန်တွင် တောမီးကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု ကြုံတွေ့ခဲ့ရသည်။
လေတိုက်နှုန်းကြောင့် မီးကူးစက်လောင်ကျွမ်းမှု ပြင်းထန်ပြီး အိမ်နီးချင်းဒေသများနှင့် ရှေးဟောင်းဘုရားကျောင်းတစ်ခုဆီ ကူးစက်လောင်ကျွမ်းခဲ့သည်ဟု သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တောမီးသည် ၁၇၃၉၈ ဟက်တာ (၄၂ ၉၉၁ ဧက)ကို ကူးစက်လောင်ကျွမ်းနေပြီး တောမီးလောင်မှုစုစုပေါင်း၏ ၈၇ ရာခိုင်နှုန်းသည် ယူအီဆယ်ရောင်ကောင်တီတစ်ခုတည်း၌ ဖြစ်သည်ဟု ဆိုသည်။
အစိုးရက အကျပ်အတည်းသတိပေးချက်အခြေအနေကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ထုတ်ပြန်ထားသည်။
Ref:AFP